top of page
Search

ပျူစောထီးဘုန်းကြီးများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 15, 2021
  • 1 min read


မန္တလေးမှာ ဘုန်းကြီးကိုကင်းစောင့်ဖို့ဆိုတာ ဖက်ဆစ်တပ်က လုပ်ခိုင်းတာသိပေမယ့်ဘုန်းကြီးတွေကတော့ ငြင်းဆန်ကောင်းပါရဲ့လို့ ထင်ထားခဲ့တာ။ တကယ်သဘောတူခဲ့ရင်လဲမအလက ပျူစောထီးနဲ့ မဘသဘုန်းကြီးအချို့ကို ကင်းစောင့်ခိုင်းမှာပါ။ သူ့အကြံက ကင်းစောင့်သူဘုန်းကြီးအပစ်ခံရရင် ဘုန်းကြီးကိုပစ်တယ်ဆိုပြီး PDF ကို နာမည်ဖျက်မယ်ပေါ့။ယခုလုပ်နေတာက ဂူဂူက ဘုန်းကြီးစစ်သားရှိတယ်ဆိုတာကို အကောင်အထည်ဖော်ဖို့ အီရန်ကလိုဘုန်းကြီးနဲ့ ဖက်ဆစ်တပ်ပေါင်းအုပ်ချုပ်ဖို့ ကြိုးစားလာတာပါ။

ပြည်သူတွေအနေနဲ့က မအလနဲ့ ပူးပေါင်းတဲ့ ဘုန်းကြီးတွေကို လှူသင့် မလှူသင့်စဉ်းစားရမှာပါ။ ဓမ္မနဲ့ အဓမ္မ မခွဲခြားတတ်တဲ့ဘုန်းကြီးဟာ ဘုန်းကြီးဟုတ်ပါသေးသလား? ယခုဟာကပါတီနဲ့မဆိုင်ဘဲ ဓမ္မနဲ့ အဓမ္မတို့ရဲ့ တိုက်ပွဲပါ။ အဆိုပါဘုန်းကြီးက နိုင်ငံခြားက ဆရာဝန်တွေကိုခေါ်ပြီး မအလရဲ့ အကြမ်းဖက်လုပ်ငန်းကို ထောက်ခံနေလို့ သူနဲ့ပေါင်းသူတွေကိုလဲ စီးပွါးရေးအရ ပိတ်နိုင်အောင် စဉ်းစားသင့်ပါတယ်။

NLD အစိုးရကို မီတာတက်လို့အော်တဲ့ဘုန်းကြီး ရေကြီးလို့ စိတ်ပူတဲ့ ဘုန်းကြီး အကုန်လုံးကိုသပိတ်မှောက်ရမှာပါ။ စာရေးသူက အဆိုပါဘုန်းကြီးကို ပါချုပ်ပေးဖို့တုန်းက ကန့်ကွက်ရေးချိန်ကတောင် ဆရာတော်ကို မပြစ်မှားနဲ့ဆိုပြီး အာချောင်သူများရှိခဲ့ပါတယ်။ နိုင်ငံခြားက သူတို့ရဲ့ ကျောင်းတွေကို လှူထားတဲ့ အမေရိကန်၊ အင်္ဂလန်ရောက်လူများလဲ အဆိုပါကျောင်းများကို ပြည်သူ့အကျိုးအတွက် ဘယ်လိုပြောင်းမလဲ စဉ်းစားသင့်ပါပြီ။

ပုံမှန်မှာ ဘာသာရေးနဲ့ပတ်သက်ရင် ရှောင်လေ့ရှိပါတယ်။ ယခုဟာက ဘုန်ကြီးတွေဟာ ဓမ္မဘက်က မရပ်တည်ရင်တောင် အဓမ္မဘက်က မရပ်သင့်ပါ။ စာရေးသူရဲ့ ယောက္ခမလို ယခင်က ဂူဂူ့မကောင်းကြောင်းပြောရင် မကြိုက်သူ အသက် ၈၀ အရွယ်တွေတောင် ဂူဂူရဲ့လုပ်ရပ် ဆေဆေတို့ရဲ့ လုပ်ရပ်တွေကို အာဏာသိမ်းအပြီးမှာ သဘောပေါက်လာနေပါပြီ။

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Aug 15, 2021

စာမှားမှန်းသိ၍ ပြင်ရေးလိုက်ပါသည်။

ဝိပဿနာ ဓူရ / ပဋိပတ္တိသာသနာ ဟူ၍ ဖြည့်စွက်ပြင်ဆင် ဖတ်ရှုပေးပါရန်။


Like

Myint Soe Oo
Myint Soe Oo
Aug 15, 2021

ဦးမြတ်!!! Myat Lin Maung(Current Affairs) မှ အောက်ပါအတိုင်းဖော်ပြထားပါသည်။

ရေတာရှည်မြို့နယ်၊ ရေနီမြို့ အရှေ့ဘက် ၊ အောင်ချမ်းသာရွာ ၊ ကျောက်မိုးကျောင်း ဘုန်းကြီး( တပ်မှ ထွက်ပြီး ဘုန်းကြီးဝတ် ဒလန်) ကို ဦးကိုကြီးဒေသ လက်အောက်ခံ တပ်ရင်းမှ ဖောင်းဒိုင်းခဲ့။

ဘုန်းကြီးဖြစ်နေသော်လည်း CDM & PDF များ ခိုနားရာဒေသကို တပ်သို့ သတင်းပေးခြင်းကြောင့်ဟု YTI (News source)ကို ကိုးကားဖော်ပြထားပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~


သံဃာတော်များ၏ ဘုရားရှင်အလိုတော်ကျ အဆုံးအမအရ အဓိက ဝန်တာ နှစ်ရပ်သာရှိပါသည်။

~စာသင် စာချ(ဂန္ထဓူရ/ပရိယတ္တိသာသနာ)ထမ်းရွက်ရန်

~သံသရာမှ လွတ်မြောက်ရေးရည်သန်၍

ဝိပဿနာတရား အားထုတ်ခြင်း(ဝ်ပဿနာ ဓူရ /ပတ္တိပတ္တိ သာသနာ)ကြိုးစား ထမ်းရွက်ရန်။

သာသနာအဆုံးအမမှလွဲ၍ ကျန်သော လုပ်ငန်းမှန်သမျှ (ဘုရားရှင်အလိုတော်ကျ)

သံဃာတော်အစစ်တို့ မပြုလုပ်ကြပါ။

ဓူရ နှစ်ရပ်မှ လွဲ၍ အခြားလူမှုကိစ္စများ ဆောင်ရွက်ပါက ( ဘုရားရှင်အလိုတော်မကျသော) ဘုန်း တော် ကြီး လိုသည့် ဘုန်းကြီးများသာ ဖြစ်ပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~


သံဃာများသည် လူပုဂ္ဂိုလ်များ၏ အစေအပါး (အခိုင်းခံခြင်း) မဖြစ်စေရ ဟု ဗုဒ္ဓဘုရားရှင်မှ သတ်မှတ်ပညတ်ထားတော်မူခဲ့ပါသည်။

{{{ တရားစခန်းတစ်ခု၏ ပဓာနဆရာတော်၏ မယ်တော်ကြီးက ယင်းကျောင်းရှိ ကိုရင်အား လူမှုကိစ္စတစ်ခု ပစ္စည့်းတစ်ခု အဝယ်လွှတ်ရာ ၊ စခန်းသို့ကြွရောက်လာသည့် ဝိနည်း​းေလးစား​ေတာ်မူ​ေသာကမ္မဌာနာစရိယဆရာတော်က၊ ပဓာနဆရာတော်၏ မယ်တော်အား ကိုရင်ပင်ဖြစ်လင့်ကစား လူတို့ စေစားမှု မပြုသင့်ဟု တားမြစ်ခဲ့ဘူးပါသည်။}}}

ကိုဗစ်အတွက် ကင်းစောင့်ခြင်းသည် လူသားများ၏ အလုပ်ဖြစ်ပါသည်။ သံဃာတော်များနှင့် လားလားမျှ မအပ်စပ်ပါ။ တိတ်ဆိတ်မှုကို လိုလားတော်မူသဖြင့်(ဆန္ဒဇောကောင်းဖြင့် ကျင့်နိုင်ပါက၊ တတ်နိုင် စွမ်းနိုင်ပါက)တစ်ပါးတည်းနေမူ (ဧက စာရ)ကို ပညတ်တော်မူထားခဲ့ပါသည်။

သို့ပါ၍ ကင်းစောင့် ဂိတ်စောင့်အလုပ်ကို ***အကျင့်မှန်ကို ဖြောင့်စွာကျင့်တော်မူတတ်သော(ဥဇုပ္ပဋိပန္နော…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page