top of page
Search

ပဲခူးတိုင်းဝကခကိစ္စမှ သိလိုက်ရသော ဖွတ်ဗျူဟာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 16, 2019
  • 1 min read

ree

ပဲခူးတိုင်းဝကခကိစ္စမှ သိလိုက်ရသော ဖွတ်ဗျူဟာ

ပဲခူးဝကခကိစ္စ စာရေးသူရေးပြီးပါပြီ။ စတက်လာကထဲ လိုအပ်တာထက် ပိုဖွတာမှန်းသိသာပါတယ်။ဘာလို့လဲဆိုတော့ စတက်လာကထဲက အဘမွေးထားတဲ့ အကောင့်တုတွေနဲ့ စာမျက်နှာတွေက စလို့ပါ။ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ဥပမာ BPI အောင်ဇော့်ကို လော်မယ်ဆိုလဲ အဲ့ဒီလိုအကောင့်တွေစာမျက်မှာတွေနေကနေ သတင်းဖြစ်အောင်လုပ်ပါတယ်။ မြန်မာပြည်မှာက Facebook က ခေတ်စားပါတယ်။ Facebook စာမျက်နှာတွေမှာ ပိုက်ဆံပေးရင် sponsor လုပ်ရင်သူတို့စာမျက်နှာက မိတ်ဆွေတို့ရဲ့အကောင့်ပေါ်မှာ အလိုလို ပေါ်လာစေပါတယ်။ရှယ်စရာမလိုပါ။ ဒါမျိုးကို စာရေးသူတို့လို သာမန်ပြည်သူတွေက မတတ်နိုင်ပါ။ တတ်နိုင်တာက အဘထောင်ထားတဲ့ အကောင့်တွေပါ။ သူတို့မှာ ပြည်သူ့ထံကခိုးထားတဲ့ ပိုက်ဆံနဲ့ လုပ်တာပါ။ ထိုနည်းပညာနဲ့ သူတို့ဟာ သတင်းကို အစပျိုးပါတယ်။ နောက်ပိုင်းကျမှ လူထုကလိုက်ပါတယ်။ ဒီနေရာမှာတော့ တကယ်ကောင်းစေချင်သူရော၊ ဒီချုပ်ကိုဖောင်းထုလိုသူရောက ဝင်ပါလာပါတယ်။

ဒါတွေက နည်းပညာမတတ်တဲ့ ပြည်သူတစ်ယောက်အနေနဲ့ မသိနိုင်လို့ စာရေးသူပြောတာ ယုံတာ မယုံတာရှိနိုင်ပါတယ်။ ဒါပေမယ့် မနေ့က ပဲခူးတိုင်းဝကခက တောင်းပန်တာကို ဘုရားဝင်းထဲမှာမိုလို့ လာဖျက်တာက ရုတ်စိုးပါတယ်။ ဒီကိစ္စကို ဖွတ်နဲ့အဘတပ်အကောင့်တု ပေါင်းဖွပြီး ပြဿနာကြီးအောင်လုပ်ခဲ့ပြီး ဟိုကတောင်းပန်ရင် ပြဿနာသေးသွားမှာစိုးလို့ ကိုယ်ထိလက်ရောက် နှောက်ယှက်တဲ့သဘောပါ။ ရိုင်းစိုင်းရာကြပါတယ်။ ဒါကဘာကိုပြလဲဆိုတော့ အဘတ ဘုရားလူကြီးများဟာ မိမိတို့ခွင့်ပေးလိုရင် ရွှေတိဂုံဘုရားပေါ် တိုင်ထောင်တာ ဘာမှမဖြစ်ပေမယ့် မိမိတို့မလိုလားရင် မြန်မာမှုအရအလွန်ကောင်းတဲ့ ယဉ်ကျေးစွာ အစိုးရက ပြည်သူကိုတောင်းပန်ပွဲကိုတောင် လာဖျက်တာပါ။ သူတို့ဗျူဟာက ဒီတောင်းပန်ပွဲဖျက်ပြီး သမဂ္ဂကထပ်တောင်းပန်ခိုင်းပြီး ဖွဖို့ပါ။

နောက်ဘာသက်သေရှိသေးလဲ။ အချို့အောင်ဇော့်ကိုလော်သူ အဘမွေးအကောင့်များက စာရေးသူအောက်မှာလာရေးလေ့ရှိပါတယ်။ စာမျက်နှာကနေ သူတို့ဘယ်နေရာက တက်လာလဲဆိုတာ ကြည့်လို့ရပါတယ်။ သူတို့အကောင့်များက ခြေဥပြင်တာထောက်ခံသလို၊ DASSK ပုံနဲ့ ပရိုဖိုင်းလုပ်ထားပြီးလက်တွေ့မှာ NLD လုပ်တာကို အပြစ်ပြောတာမှန်သမျှကို ဝိုင်းရှယ်ထားသလို NLD ထောက်ခံတဲ့အကောင့်ကို လိုက်ဆဲတာပါ။ အများစုက နေပြည်တော်နဲ့ ရုရှားကပါ။

ဒါဆိုသမဂ္ဂတွေကရောလို့ မေးစရာရှိပါတယ်။ သမဂ္ဂများဟာ ၂၀၁၅ မတိုင်ခင်အထိ လူတွေကြိုက်ခဲ့ပါတယ်။ ယခုကတော့ သမဂ္ဂအများစုဟာ မွေးစားခံထားရပါတယ်။

ပြည်သူတွေသတိထားရမှာက NLD အစိုးရ လိုအပ်တာရှိလားဆိုရင် လိုတာတွေရှိမှာပါ။ ဒါပေမယ့် သူတို့က မှားသွားရင်တောင်းပန်သလို တောင်းပန်ပါလို့ ပြောခွင့်တောင်းဆိုခွင့်တွေပေးထားပါတယ်။ အဘကိုအဲ့ဒီလိုသွားပြောရင်တော့ အဘက မော်စကိုကိုပို့ပါလိမ့်မယ်။ ပဲခူးအစိုးရအနေနဲ့လဲ ဘုရားပေါ်ကပွဲကို မင်းမဲ့စရိုက်ဆန်ဆန် လာဖျက်သူတွေကို အရေးယူဖို့ စဉ်းစားသင့်ပါတယ်။ အချို့က ယခုလိုနိုင်လွတ်လုံနဲ့ဖြစ်ဖြစ် ဆူပူအောင်လုပ်မှုနဲ့ဖြစ်ဖြစ် ဝရမ်းထုတ်လိုက်ရင် ကြောက်ပြီးပြေးသွားတတ်ပါတယ်။ အချို့က အဲ့ဒီလိုလုပ်မှ ကြောက်တာပါ။ တောင်းပန်စရာရှိတာ တောင်းပန်ပြီး ကိုင်စရာရှိသူကိုတော့ ကိုင်လိုက်ပါ။

Photo: Zarni Tike page

 
 
 

Recent Posts

See All
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page