top of page
Search

နစ်နာသူ လယ်သမားခရိုနီများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 20, 2019
  • 1 min read

နစ်နာသူ လယ်သမားခရိုနီများ


မနေ့က ဘမောင်မြင့်လွှတ်တော်မှာမေးရတာကတော့ စစ်အစိုးရလက်ထက်က အဘက လယ်စိုက်ဖို့ပေးခဲ့တဲ့ လယ်သမားကြီးတွေက နစ်နာနေလို့ပါ။ လယ်သမားကြီးများကတော့


အေးရှားဝေါ၊

မက်(စ်)မြန်မာ၊

အမျိုးသားကြီးပွားတိုးတက်ရေး၊

ပင်လယ်ကိုးသွယ်၊

ရွှေနဂါးမင်း၊

ဧဒင်၊

ရွှေဟိန်းထက်၊

ဝန်းရံခ၊

ဒဂုံအင်တာနေရှင်နယ်၊

ဆင်းရွှေလီ(ယခု - ဇေယျာပရီမီယာ)၊

ထူး(ယခု - သံလွင်ဧရာ)၊

ရွှေတောင်၊

ယုဇန၊ ဂွတ်(ဒ်)ဘရားသား၊

မြရွှေဝါ ကုမ္ပဏီများပါ။ အဆိုပါမြေနေရာများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရရှိထားပြီး ကွီးက သက်တမ်းမတိုးပေးလို့ တင်းနေပါတယ်။ မစန္ဒာကလဲ အော်နေပါတယ်။ ဖွတ်ကျော်ဇေယျက အော်ပြီးပါပြီ။ ယခုက ဖွတ်မောင်မြင့်က လွှတ်တော်မှာ တရားဝင်အော်ပေးတာပါ။


အစိုးရအနေနဲ့ ဒီလောက်ရှုတ်တာတွေကို ဖြေရှင်းနရပါတယ်။ အားလုံးဟာ ၂၀၀၈ ခြေဥကြားထဲက ရင်ကြားစေ့ပြီး ဆောင်ရွက်နေရတာပါ။ လယ်သမားခရိုနီတွေနစ်နာရင် အဘနစ်နာသလိုပါဘဲ။ အချို့လွှတ်တော်ကိုယ်စားလှယ်တွေကလဲ ပင်နီဝတ်ပြီး ခရိုနီဘက် အဘဘက်က ရပ်တည်လိုသူများလဲ ရှိမှာပါ။


ဒီခရိုနီတွေဟာ ပြည်သူ့ထံက မတရား စစ်အစိုးရသိမ်းယူစဉ်က ပျော်မဆုံးဖြစ်ခဲ့သူတွေပါ။


News Source : Myanmar Now

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page