top of page
Search

နာမည်ကြီးများနှင့် CDMများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 21, 2021
  • 1 min read

မအလရဲ့ စရဖဟာ ရုပ်ရှင်၊ ဂီတ၊ သဘင် စာပေ ပညာရှင်များကို သုံးမျိုးခွဲထားပါတယ်။ ပထမအုပ်စုဟာ NLD အမာခံအုပ်စုပါ။ ထိုသူများက NLD အတွက် အောင်နိုင်ရေး ရိုက်ပေးသူ DASSK နဲ့ ရင်းနှီးသူလူသိရှင်ကြား ထောက်ခံနေသူများပါ။ ထိုသူများဟာ စစ်တပ်မကောင်းကြောင်း ရေးရေး မရေးရေးဖမ်းမှာပါ။ ဥပမာ ခီမောင်နှံလိုပေါ့။

ဒုတိယအုပ်စုက ယခင်က NLD ကို ကားရိုက်လောက်အောင် မထောက်ခံဘဲ လူထုတော်လှန်ရေးမှာတွက်ကြွသူများပါ။ ပိုပိုတို့ ပိုင်တခွန်တို့ပေါ့။ သူတို့ကိုလဲဖမ်းပြီး ထောင်သက်တမ်းအပြည့်ထားဖို့ရည်ရွယ်ပါတယ်။

နောက်အုပ်စုကတော့ တစ်ခါလောက်ဆန္ဒထွက်ပြတာ၊ ရေးတာကို ၅၀၅ ထုတ် ဟန်ပြဖမ်းပြီး အနောက်က ဖိအားပေးရင် ပြန်လွှတ်ဖို့ ထားထားတာပါ။

CDM ကိုလဲ ယခုအချိန်မှာ ဝန်ကြီးဌာနအလိုက် ပြန်လာခိုင်းပြီး ပြီးလို့ အလုပ်ပြန်ဝင်သူများလာရင် ပြန်ဖမ်းပါမယ်။ ပြီးမှ သူတို့ရဲ့ ဌာနက လူကြီးတွေက ခံဝန်နဲ့ ပြန်ထုတ်ရမှာပါ။ ဒါမှ ကြောက်ပြီးနောက်မလုပ်ရဲအောင်ပါ။ ပြီးရင် အဆိုပါ CDM လုပ်ထားသူများကို နယ်ပို့ပြီး နယ်က သူတို့ကို သစ္စာခံခဲ့တဲ့ non CDM များနဲ့ ရာထူးအပြောင်းအလဲ လုပ်ပါမယ်။ အချို့နေရာကောင်းတွေကို တပ်ကဝင်ပါမယ်။ ဒါတွေကို စရဖက အသေးစိတ်ပြင်ပြီး စာရင်းစွဲထားပါတယ်။ ဒါ့ကြောင့် CDM များ အလုပ်ပြန်ဝင်လဲ အဖမ်းခံရမှာပါ။ ပြီးမှ ပြန်လွှတ်ပါမယ်။ ပြီးရင်နယ်ပို့ပါမယ်။ မယုံရင် စောင့်ကြည့်ပါ။ မေလကုန် ဇွန်လဆန်းမှာ အလုပ်ပြန်ဝင်သူ ၅၀% ကျော်ရင် လုပ်ပါမယ်။ စီမံချက်က စွဲပြီးသားပါ။

စာ​ရေးသူမိန်းမကတော့ CDM ပါ။ ပြန်အလုပ်မဝင်ပါ။ သူတို့က ပြင်ပလုပ်စားတဲ့နေရာပါ လိုက်ပိတ်မှာကိုသိလို့ passport နဲ့ လုံခြုံနဲ့ နေရာကို ရောက်သွားပါပြီ။ ပေးဆပ်ရတာတွေတော့ ရှိတာပေါ့။ ဥပမာလင်မယားတစ်နေရာစီ ကွဲသွားတာမျိုးပေါ့။ ဒီနေရာမှာ အချို့တွေ သေကွဲ ကွဲနေရချိန် ကိုယ်ကတော်လှန်ရေးအတွက် ရှင်ကွဲကွဲရတာ ဖြေသာပါတယ်။ CDM မလုပ်ရင်တော့ မအလ ဖက်ဆစ်ကျွန်ခံရမှာပါ။ လူတိုင်းမှာ အခက်အခဲတွေ ရှိကြပါတယ်။ ဒါပေမယ့် တော်လှန်ရေးအတွက် အနည်းနဲ့အများပေးဆပ်ကြရမှာပါ။ ဒါမှ အရေးတော်ပုံအောင်မှာပါ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page