top of page
Search

ဒီနေ့ လမ်းပေါ်ထွက်သင့် မသင့်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 22, 2021
  • 1 min read

ree

မအလဟာ အမေရိကန်ကို လောလောဆယ် မကြောက်ပါ။ သူက အမေရိကန်က ဝေးလို့ မလာဘူးလို့တွက်ထားလို့ပါ။ သူကဘာကိုကြောက်သလဲဆိုတော့ ဟိုဗေဒင်ဆရာလေးကို အသေကြောက်ပါတယ်။နောက် ဒီမိုတွေက ၂၂/၂/၂၁ ကို ရွေးလိုက်ပေမယ့် အဲ့ဒါဟာ ကိုးဖြစ်သွားလို့ တိုက်ဆိုင်စွာ အသေကြောက်သွားပါတယ်။ သူ့အတွက် နမိတ်မကောင်းဘူးပေါ့။ ဒါဆိုရင် အသစ်ပို့လိုက်တဲ့ လူပစ်တဲ့ကားအဖြူရောင်လေးတွေကို မကြောက်ရဘူးလား မေးစရာရှိပါတယ်။ ဒါက စစ်ကားတွေကို အဖြူရောင်ပြောင်းသုတ်တာပါ။

ပထမအမှားက အဆိုပါ စစ်ကားတွေဟာ နိုင်ငံတကာ ဥပဒေအရ ရဲသုံးလို့မရပါ။ ရဲက အဲ့ဒီကားပေါ်ကစက်သေနတ်နဲ့ ပစ်ရင် မအလဟာ လူသားမျိုးနွယ်ပစ်မှု crimes against humanity နဲ့ အဖမ်းခံရမှာပါ။ သူကပြည်သူကို အဲ့ဒီကားနဲ့ပစ်ရင် အနောက်နိုင်ငံတပ်က ဝင်စွက်ရတော့မှာပါ။ ဒါ့ကြောင့် သူ့သေတွင်းကိုသူတူးချင်ရင် လုပ်ပါလို့သာ ပြောလိုက်ပါ့မယ်။ ယနေ့ည ဒီစာရေးချိန်အထိတော့ ပစ်မိန့်မပေးထားပါ။ဒီကားတွေက လူတွေ လမ်းပေါ်ထွက်မလာအောက် ခြောက်ဖို့ပါ။ ပစ်ခဲ့ရင်လဲ သူ့သေတွင်း သူတူးတာပါ။

နောက် ပင်စင်သမားတွေကိစ္စ။ ဘယ်ပြည်သူကမှ ပင်စင်စားတွေကို လမ်းမပိတ်ပါဘူး။ သူတို့ဘဏ်ဖွင့်နိုင်ရင် ထုတ်ရုံပါဘဲ။ ဒါက ဝန်ထမ်းမဟုတ်လို့ ဘယ်သူမှ အာရုံမရှိပါ။ သူဘဏ်ဖွင့်နိုင်ရင် ဖွင့်ပေါ့။

အကျဉ်းချုပ်ရရင် မအလဟာ ၂၂/၂/၂၁ ကို ဗေဒင်အရ ကြောက်နေပြီး လူအများကြီးထွက်ရင် သူကျဆုံးနိုင်လို့ လူတွေကို ဖြဲခြောက်နေတာပါ။ ထွက်သင့်လားဆိုတာကတော့ ဒီမိုကရေစီ ဘယ်လောက်လိုချင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလဲ အင်္ဂလိပ်ကို တွန်းလှန်ရင် အဖမ်းခံရနိုင်၊ သေနိုင်မှန်းသိလျက်နဲ့ တွန်းလှန်ခဲ့လို့ လွတ်လပ်ရေး ရခဲ့တာပါ။ စစ်ကြောင့် လူတွေသေခဲ့ပါတယ်။ဒါဟာ လွတ်လပ်ရေးအတွက် ပေးဆပ်မှုပါ။ ပြင်သစ်ဟာ နာဇီဂျာမနီလက်အောက်က လွတ်မြောက်ဖို့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပါတယ်။ ပြင်သစ်လွတ်လပ်ရေးဟာ အလကားမရခဲ့ပါ။

စာရေးသူတို့တိုင်းပြည်မှာလဲ ဖက်ဆစ် နာဇီထက်ဆိုးတဲ့ မအလ လက်အောက်က လွတ်မြောက်လိုရင်တော့ ပေးဆပ်မှုတွေ ရှိကြရမှာပါ။ ဒါ့ကြောင့် အ​ရေးတော်ပုံအောင်ဖို့အတွက် ဆန္ဒပြရမှာပါ။အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page