top of page
Search

တပ်ရင်းမှူးနဲ့ အဆက်အသွယ်ရပြီလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 18, 2020
  • 1 min read

မီးဝဗျူဟာကုန်းကို စစ်ကူသွားတဲ့တပ်ကို ဓာတ်ခဲက ဖြတ်တိုက်ဖမ်းနိုင်လိုက်တာဟာ သူ့အတွက်အောင်မြင်မှုပါ။ ဒါပေမယ့် ဗျူဟာကုန်းကို ဝိုင်းထားတာ လချီရှိပေမယ့် မသိမ်းနိုင်သေးပါ။ သူဝင်တိုက်တိုင်း သူ့လူတွေဟာ အမြှောက်နဲ့ ဗုံးကြဲတဲ့ဒဏ်ကြောင့် အလောင်းတောင်မကောက်နိုင်ဘဲ သေပါတယ်။ တပ်မှာပုံတွေရှိပါတယ်။ ဓာတ်ခဲက ယခင်က အလောင်းကောက်နိုင်ပါတယ်။ အားလုံးဟာအရပ်သားဝတ်စုံတွေနဲ့ပါ။ ဗျူဟာကုန်းနဲ့ အဝေးမှာသာသေရင် အရပ်သားဆိုပြီးအော်မှာပါ။

ဒီနေရာမှာ အဆိုပါ တပ်ရင်းမှူးအဖမ်းခံရချိန်မှာ တပ်ကအဆက်အသွယ်ပြတ်တယ်လို့သာ ဝန်ခံခဲ့တာပါ။ ဓာတ်ခဲဟာ ယခုအချိန်အထိ တပ်ရင်းမှူးရဲ့ ဗီဒီယိုဖိုင်နဲ့ပုံကို မတင်သေးလို့ တပ်ရင်းမှူးက အသက်ရှင်လား သေပြီလားမသိပါ။

အဲ့ဒီလို အဆက်အသွယ်ပြတ်တယ်ပြောအပြီးမှာ ဦးဝှေ့တင်အဖမ်းခံရစဉ်က ဘာမှလိုက်မရှာတဲ့တပ်ဟာ လေတပ်ကိုအမိန့်ပေးပြီး ရန်သူ့ရှိနိုင်ရာနေရာတွေကို အနိမ့်ပျံရှာတာ ပစ်တာတွေ လုပ်ပါတယ်။အစိမ်းရောင်မြင်ရင် ရွာထဲကို မိမိတပ်မရှိရင် ပစ်ပါတယ်။ မိတ်စာရွာတွေက ဗျူဟာကုန်းရဲ့ အရှေ့ဘက်မှာရှိပြီး ဓာတ်ခဲက ရွာကိုဖြတ်လို့ ပစ်ပါဆိုပြီး ပစ်ကူတောင်းပါတယ်။ အောက်ကတောင်းလို့အပေါ်က ပစ်ပါတယ်။ ယခုတော့ အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်အပြစ်ပုံချပြီး လေတပ်ကသာထိုးကျွေးခံရမယ့်ပုံပါ။

ဒါပေမယ့် တိမ်ညိုရွာနားက ဖြစ်စဉ်မှာတော့ တပ်ကားတန်းကို ရွာလမ်းဘေးကနေ တိုက်လို့ တပ်ကပြန်ပစ်ချိန်မှာ ဟိုက လက်နက်ကြီးနဲ့ လှမ်းထုလို့ ကြားလူတွေသေကြတာပါ။ နောက်ပိုင်း မီးခိုးငွေ့ဗုံးနဲ့ တပ်ကားတန်းတွေ ဖောက်ထွက်နိုင်ခဲ့ပါတယ်။

အဘအတွက် ကံကောင်းနေတာက ဓာတ်ခဲဟာ ဖမ်းဆီးရမိတဲ့ လက်နက်တွေကို ထုတ်ပြပေမယ့်တပ်ရင်းမှူးရဲ့ ဗီဒီယိုဖိုင်ကို မတင်သေးတာပါ။ ဓာတ်ခဲသာတင်ခဲ့ရင်တော့ အဘရှက်တတ်ရင် နုတ်ထွက်သင့်ပါတယ်။

ကြားထဲက တပ်မတော်သားတွေကတော့ ပြည်သူ့မေတ္တာခံနေရအုံးမှာပါ။ အဖမ်းခံရသူတွေအတွက်လဲစိတ်မကောင်းပါလို့ ပြောပါရစေ။

Photo Source: ဓာတ်ခဲစာမျက်နှာ နှင့် တပ်ချုပ်ရုံးစာမျက်နှာ

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


U Tin Swe Win
U Tin Swe Win
Mar 19, 2020

အဘကရှက်ကြောပြတ်နေတာကြာပြီလို့ထင်ပါတယ်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page