top of page
Search

တပ်တော်မီး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 24, 2023
  • 1 min read

တပ်တော်မီး


တိုက်ဆိုင်လာလို့ ဇွန် ၁၈ ရက်က တင်ထားတာလေး ပြန်တင်လိုက်ပါတယ်။ ဗ်ုလ်နဂါးအမျိုးတွေအဖမ်းခံရတာကဗိုလ်နဂါးက သူဗိုလ်လောင်းလျှောက်ဖူးကြောင်း အင်တာဗျူးတွေမှာပြောတာကို စရဖက သူ့ကိုယ်ရေးဖိုင် CV  ကြည့်ပြီး ဆွေစဉ်မျိုးဆက် လိုက်တာပါ။ အားနည်းချက်ရှိရင် စင်ကြက်လို ညှိလို့ရအောင်ပါ။

ရှမ်းနီလဲ လူမျိုးအခြေခံဖွဲ့အပြီး အစက NLD အစိုးရကိုဝေဖန် ယခု မအလနဲ့ပေါင်းနေတာ အားလုံးသိမှာပါ။ဘယ်လိုတပ်တော်လိုချင်လဲ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ ဇော်မဲလုံးက ပြည်သူ့အစိုးရကိုပြောနေတာ မအလကသူသိသူတတ် ပြောနေတာကို သင်တို့သဘောကျပါလား။ သဘောမကျရင် သူ့လိုတပ်မျိုးဖြစ်နိုင်သူကို မထောက်ပံ့ပါနဲ့။ အဆိပ်ပင် ရေမလောင်းပါနဲ့။ ရွေးကောက်ခံအမတ်တွေ အသုံးမကျတာ NLD ထဲမှာ ရှိနိုင်ပါတယ်။ အမေရိကန်၊ အင်္ဂလန်၊ အနောက်ဥရောပမှာလဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ကိုဝေဖန်ရမှာက ပြည်သူသာဖြစ်ပြီးလက်နက်ကိုင်စစ်တပ်၊ ရဲက မဝေဖန်ရပါ။ တပ်ခေါင်းဆောင်က မဝေဖန်ရပါ။ ဒါပါဘဲ။ သင်တို့သာ ဆုံးဖြတ်ပါ။



—————————————


ဘယ်လိုစစ်တပ်မျိုးလိုချင်လဲ?

မအလတပ်ဟာ ရွေးကောက်ခံအရပ်သားအမိန့်ကို မနာခံပါ။ သင်ကြိုက်ပါသလား?

မအလတပ်ဟာ အရပ်သားအစိုးရကို မသိဘူး မတပ်ဘူးပြောတာ သင်ကြိုက်ပါသလား?

မအလတပ်ဟာ လွှတ်တော်အမတ်တွေကို လွှတ်တော်ထဲမှာ စော်ကားတာကို သင်ကြိုက်ပါသလား?

မအလတပ်ဟာ အရပ်သားတွေက လမ်းမဖောက်တတ်ဘူး၊ ဆေးမကုတတ်ဘူး၊ စီးပွါးရေးကောင်းအောင် မလုပ်တတ်ဘူးဆိုပြီး နေရာတကာမှာ သူ့တပ်ကသိ သူ့တပ်ကတတ် သူတပ်ကသာ ဆရာဆိုပြီး လုပ်နေတာကို သင်ကြိုက်ပါသလား?

မအလတပ်ဟာ အရပ်သားရွေးကော်ကို မဲမမှန်ဘူးဆိုပြီး မိမိအလုပ် မိမိမလုပ်ဘဲနဲ့ အာဏာသိမ်းတာကို သင်ကြိုက်ပါသလား?

ယခု မအလက အုပ်ချုပ်ချိန်မှာ DASSK အစိုးရတက်ချိန်က တပ်မခေါ်ခဲ့လို့ အပြစ်တင်ခဲ့သူတွေ သင်တို့က အားကိုးတဲ့ Institution အဖွဲ့ မအလတပ်က အာဏာသိမ်းချိန် ကိုဗစ်မှာ လူတွေသေတာကို သင်တို့ တွေ့ခဲ့ပြီး ဖြစ်မှာပါ။

သင်တို့ မအလပြောတာ မအလတပ်လုပ်နေတာကို ကြိုက်ပါသလား?

သင်တို့ မအလတပ် လက်ရှိလုပ်နေတာကို မကြိုက်ခဲ့ရင် မအလလိုဘဲ ဘာတပ်တော် ညာတပ်တော်နဲ့ NUG အောက်မနေတဲ့ တပ်တော်ကတပ်ချုပ်လေးက NUG အသုံးမကျ၊ NUG အောက်က ပအဖက အသုံးမကျပြောနေရင် သင်လက်ခံနိုင်ပါသလား?

လက်နက်ကိုင်အဖွဲ့က ဝေဖန်တာနဲ့ သတင်းသမားပြောတာနဲ့ မတူတာကိုလဲ မမေ့ပါနဲ့။ ဒီမိုနိုင်ငံတွေမှာ သတင်းသမားတွေက ထောက်ပြနိုင်ပေမယ့် လက်နက်ကိုင်အဖွဲ့က ဝေဖန်ခွင့်မရှိပါ။

လက်နက်ကိုင်အဖွဲ့ကို အရပ်သားအုပ်ချုပ်ရေးအဖွဲ့က အရေးယူခွင့်မရှိတာ အရေးယူမခံတာ သင်ကြိုက်ပါသလား?

သင်တို့စဉ်းစားပါ။ သင်တို့ရဲ့ ငွေနဲ့ မအလတပ်လို နောက်တပ်မျိုး နောက်တပ်ချုပ်မျိုးကို ထပ်မမွေးမိပါစေနဲ့။

NUG ဟာ ပြည်သူက တစ်ခဲနက်တင်မြှောက်ထားတဲ့ လွှတ်တော်က ဖွဲ့စည်းထားတာပါ။

လမ်းဘေးကလူတွေစုပြီး ဆန္ဒပြခဲ့သူတွေနဲ့ စုဖွဲ့ခဲ့တဲ့ ဆီးရီးယားတော်လှန်ရေး ယခုဘာဖြစ်သွားလဲ အားလုံးသိမှာပါ။

ယခုတော်လှန်ရေးကြီးဟာ အောင်မြင်စ ပြုနေပါပြီ။ မြန််မာလူမျိုးက အာဏာကြိုက်တတ်ပါတယ်။ ယခု ဗမာနယ်တွေမှာ NUG ထံက အာဏာလုယူဖို့ စတင်နေပါပြီ။

ပြည်သူ ဘယ်သူနဲ့ရပ်မလဲ ဘယ်သူ့ဘက်ရပ်မလဲ စဉ်းစားပါ။

KNU နယ်မှာ KNU အုပ်ချုပ်ရေးအဖွဲ့ရရှိတာကို ဗိုလ်မြသားက ကရင်အတိုင်ပင်ခံကောင်စီဖွဲ့ပြီး KNU ထံကအာဏာယူရင် ဘယ်လိုနေမလဲ စဉ်းစားပါ။ KIA ၊ UWSA လဲ စဉ်းစားပါ။

နိုင်ငံခြားက အမျိုးများ သတင်းသမားများလဲ စဉ်းစားပါ။ မအလလိုတပ်မျိုးကို ထပ်မမွေးမိဖို့ စဉ်းစားပါ။  ယခုဒီမိုဘက်လိုက်နေတဲ့ သတင်းသမားတွေ ယခင်အချိန် DASSK လက်ထက်မှာ မအလတပ်က ဘယ်လိုဇွန်းကအစထုတ်တာ ချီးမွန်းခဲ့သလို ကိုဗစ်မှာ တပ်မခေါ်ရင် သေမလိုဖြစ်ခဲ့ ရေးခဲ့ ပြောခဲ့ကြတာ မှတ်မိမှာပါ။

မြန်မာနိုင်ငံမှာ ပြည်သူရွေးကောက်ထားတဲ့ ရွေးကောက်ခံအမတ်တွေကတဆင့် ဖွဲ့ထားတဲ့ NUG အစိုးရရှိပါတယ်။NUG အောက်ကတပ်တွေဟာ နောင်ချိုမှာ ဗျူဟာမှူးအထိကျအောင်တိုက်နိုင်ပေမယ့် သူ့တပ်ရင်းမှူးဟာအင်တာဗျူးအကြီးကြီး မပေးပါ။ သတင်းသမားများက ဘယ်တပ်ရင်းမှူးမှ သေအောင်မတိုက်နိုင်တဲ့ NUG အမိန့်မနာခံတဲ့ တပ်တော်ကဗိုလ်တွေနဲ့ အချိန်ကုန်နေတာ တွေ့ရပါတယ်။

အားလုံးဒီအချိန်မှာ ဖယ်ဒရယ်ကအရေးကြီးသလို ရွေးကောက်ခံအစိုးရအမိန့်ကိုနာခံတဲ့ တပ်မတော်ဖြစ်ဖို့ဆိုတာအသက်တမျှ အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။ မဟုတ်ရင်တော့ မအလကို နောက်တပ်တော်နဲ့ အစားထိုးတာသာဖြစ်ပါလိမ့်မယ်လို့ ပြောပါရစေ။ အားလုံး NUG ကို ဝန်းရံပါ။ ထောက်ပံ့ပါ။

မင်းကဘာလို့ NUG လို့ပြောလဲဆိုတော့ NUG ဟာ ပြည်သူကတရားဝင်ရွေးထားတဲ့ အစိုးရမိုလို့ပါလို့ ပြောပါရစေ။NUG ကို လူအရမဟုတ်ဘဲ မူအရ ထောက်ခံတာပါ။ တတိယအင်အားစုဟာ ပြည်တွင်းက အာဏာလိုချင်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး NUG ထံက အာဏာသိမ်းဖို့ လာမယ့် လပိုင်းတွေမှာ ကြိုးစိုးမှာပါ။ နောက်ဆုံး ပြည်သူကသာဆုံးဖြတ်ရမှာပါ။ ပြည်သူသာ အဓိကပါ။


 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

2 Comments


Maung Chit Khaing
Maung Chit Khaing
Sep 18, 2023

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အောက်ကတပ်တွေဟာ အင်တာဗျူးအကြီးကြီး မပေးပါ။ သတင်းသမားများက အမိန့်မနာခံတဲ့ တပ်တော်ကဗိုလ်တွေနဲ့ အချိန်ကုန်နေတာ တွေ့ရပါတယ်။

Like

Scarlet Scarlet
Scarlet Scarlet
Aug 25, 2023

ဘာမှမလုပ် ရ ဘဲ..

ပြည်သူ​ထောက်ပံ့ ​ငွေနဲ့...

​အေး​ဆေး ​နေ နိုင်တဲ့ အရသာ ကို

ယစ်မူးသွားတာဖြစ်မှာ​ပေါ့....

ပြည်သူ့အစိုးရ ကို

လက်မခံတဲ့သူမှန်သမျှ....

မအလ နဲ့ တဂိုဏ်းထဲမှတ် ရ မှာပါ...

NUG လဲ...

သူစွမ်းသ​လောက် လုပ်​နေတာမို့...

လိုတာ, ပိုတာ ​နောက်မှရှင်းပြီး...

ခုချိန်မှာ​တော့...

အပြည့်အဝ, ​ထောက်ခံပြီး...

အစွမ်းကုန် ပံ့ပိုး​ပေးရမှာပါ...

ဆရာမြတ်ရဲ့ သတိ​ပေးချက် အတွက်

​ကျေးဇူးတင်ပါတယ်...

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page