top of page
Search

သတိရှိပါ

Writer: Myat Tun Oo
Myat Tun Oo
Aug 14
1 min read

စာရေးသူတို့လို NUG ထောက်ခံသူတွေအားလုံးသတိထားရမှာက ပါလက်စတိုင်း အကြမ်းဖက်ကိစ္စ၊ ငွေကြေးကိစ္စတွေ၊ လက်ဝဲ ကွန်ကြောင်တွေနဲ့ ကင်းကင်းနေဖို့ မိမိ NUG ငွေကြေးကွန်ယက်ထဲ ဒီကောင်တွေကို မဝင်လာစေဖို့ပါ။ သူတို့နဲ့ ရောပြီး အစ္စရေးကိစ္စ သပိတ်ကိစ္စတွေ ဝင်မပါပါနဲ့။ စင်ကာပူမှာ အကြမ်းဖက်အဖွဲ့ကို သွားထောက်ခံလို့ အဖမ်းခံရတဲ့ မြန်မာကို သတိရပါ။ ဘာမဟုတ်တဲ့ကိစ္စနဲ့ မိမိတော်လှန်ရေးထောက်ပို့ ကွန်ယက်ကို မထိခိုက်ပါစေနဲ့။ အနောက်နိုင်ငံတွေမှာ ဒီမိုဖခင် ယူကေနိုင်ငံမှာတောင် ပါလက်စတိုင်းလှုပ်ရှားမှုအဖွဲ့ (Palestine action group) ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာထားပါတယ်။ မိမိတို့တော်လှန်ရေးနိုင်အောင် NUG ထောက်ခံသူများ သတိနဲ့နေနိုင်ပါစေ။ အမေရိကန်ဟာ မအလတပ်နဲ့တွေ့တိုင်း ပြောတာက ဘင်္ဂလားက မာမူတွေကို လက်နက်ထောက်ပံ့တာကို စိုးရိမ်ကြောင်း လက်နက်ကြီးတွေ သူတို့ထံရောက်ရင် အရေးယူမယ်ဆိုတော့အကြောင်း ISIS နဲ့ မဆက်သွယ်ဖို့အကြောင်းတွေပါ။ သူတို့က မိမိတော်လှန်ရေးကို မကူပေမယ့် ဒုက္ခရောက်အောင် လုပ်နိုင်ပါတယ်။ သတိနဲ့ ဆင်ခြင်နိုင်ပါစေ။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 
သတိရှိ

အားလုံးသတိရှိပါ။ မလိုအပ်ဘဲ ဖုန်းမသုံးပါနဲ့။ မိမိနေရာကို ကိုယ့်မိန်းမတောင် ပေးမသိပါနဲ့။ သတင်းသမားကိုလဲ မြေပြင်ကနေ ဖုန်းမဖြေပါနဲ့။ စစ်ရေးသတင်းဟာ လျှို့ဝှက်ရသလို မိမိကိုယ်ထိရင်တောင် ချက်ခြင်းလိုင်းပေါ် ထ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page