အမေစုလွတ်ဖို့ ပေးသော ဖိအားက ဘာလဲ?
- Myat Tun Oo
- 1 minute ago
- 2 min read

အချို့ကိစ္စတွေမှာ မအလကို ဖိအားပေးရန် မိမိသိသော်လည်း ဘာမှ မတင်ခဲ့ပါ။ သူ့သားက သူ့အမေ လွတ်မြောက်အောင် လုပ်ချိန်မှာ သူမ ကျန်းမာတယ် သွားပြောရင် သူ့သားရဲ့ လှုပ်ရှားမှု အရှိန်လျော့သွားမှာပါ။ လူဆိုတာ အရိပ်သုံးပါး နားလည်ရပါတယ်။ ယခုတော့ ICRC ပုံလဲ တက်လာလို့ ရေးစရာရှိတာ ရေးပါ့မယ်။
ဒီနေရာမှာ နိုင်ငံခြားက ဖိအားပေးတာတွေကို ဒီမိုအတွက် စေတနာလို့ မယူဆဘဲ သူတို့အကျိုးအတွက် သူတို့လုပ်တယ်လို့ မှတ်ယူပေးပါ။
ပထမက တရုတ်ဖိအားပါ။
တရုတ်ဟာ ဒီမိုကရေစီ ရစေချင်လို့ မအလကို ဖိအားပေးတာ မဟုတ်ပါ။ ယခုလက်ရှိအချိန်မှာ မြန်မာပြည် တည်ငြိမ်မှ သူ စီးပွားလုပ်နိုင်မှာ ဖြစ်သလို သူ့ရဲ့ ရေနံ၊ ဓာတ်ငွေ့ ပို့ဆောင်မှုကလည်း အဆင်ပြေမယ် ဆိုတာ သူသိပါတယ်။ မအလက အားလုံးကို ထိန်းချုပ်နိုင်ရင်တော့ တရုတ်က မချစ်သော်လည်း အပေးအယူ လုပ်နိုင်ပေမယ့် နောက် သုံးနှစ်မှာ မထိန်းနိုင်ရင် ဇတ်မျောအဖြစ် မခံနိုင်ပါ။ ဒါကြောင့် မအလကို အမေစု လွှတ်ဖို့၊ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အမြဲ ပြောနေတာပါ။ မအလဟာ အခြားအရာတွေကို လွန်ဆန်နိုင်ပေမယ့် တရုတ်စကား နားမထောင်ရင် ဘာဖြစ်မလဲ ဆိုတာ သူသိပါတယ်။ ဒါကြောင့် ဆုပ်လည်းစူး စားလည်းရူးပါ။ မအလက သယံဇာတ၊ မြစ်ဆုံတို့နဲ့ အလဲအလှယ် လုပ်တာ NUG နဲ့ မဟာမိတ် မဟုတ်တဲ့ ERO တွေနဲ့ တွေ့ပြတာ လောက်သာ အများဆုံး လုပ်ပြမှာပါ။
အမေစုကို NUG/PDF/CRPH က NLD နဲ့ မဆိုင်ကြောင်း၊ လက်နက်ကိုင်တာ ဆန့်ကျင်ကြောင်း စရဖ ဒုညွှန်ချုပ်က TV ရှေ့ ပြောဆိုဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့၊ ပူးပေါင်းဆောင်ရွက်ရင် နေအိမ်အကျယ်ချုပ် ပြောင်းပေးမယ် ဆိုတာကို အပေးအယူမျိုး သွားပြောပေမယ့် အမေစုက လက်မခံခဲ့ပါ။ နောက်ဆုံးတော့လည်း အရှက်ပြေ နေပြည်တော်ထဲက အိမ်ကို ရွှေ့ပေးလိုက်ရတာပါဘဲ။ ဒါက တရုတ်က တိုက်ရိုက် ရာဇသံ ပေးလို့ပါ။ မအလအကျင့်က ကိုဖိအားကြောင့် လုပ်ပေးရမယ်ဆိုရင် သမ္မတကြီးကို လွတ်ငြိမ်းနဲ့မလွှတ်ခင် လက်မှတ်သွားထိုးခိုင်းသလို ရလိုရညား လုပ်ကြည့်တာပါ။ ဟိုက မထိုးလဲ သူလွှတ်ပေးရတာပါဘဲ။
အကယ်၍ မအလက နယ်မြေ မထိန်းနိုင်ရင် အီရန်လုပ်သလို NUG/PDF က တရုတ်အကျိုးစီးပွားကို ထိခိုက်အောင် ပိုလုပ်နိုင်ရင် မအလအပေါ် ဖိအားက ပိုများလာမှာပါ။
အရှေ့တောင်အာရှက အာဏာရှင်နိုင်ငံများ ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်၊ စင်ကာပူတို့က မူအပေါ်မှာ တောင့်ခံထားလို့ မအလ အာဆီယံ ပြန်ဝင်ဖို့က အမေစုကို ပြန်လွှတ်ပြီး တွေ့မှသာ ဖြစ်မှာပါ။ မအလဟာ စင်ကာပူအစိုးရထံ NUG PDF ထောက်ခံသူတွေကို အရေးယူဖို့ မကြာခဏ သံရုံးကတဆင့် ပြောလေ့ရှိပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ထားသူ မေကျော်စိုးညွန့်တို့၊ ကိုစိုးထွန်းတို့ကို သူကိုယ်တိုင် အရေးယူပါတယ်။ အချို့ စင်ကာပူက နဂါး ထောက်ခံသလို အချို့က မျိုးဆက်သစ် ထောက်ခံသလို NUG ဖောင်းထုသူကိုတော့ မအလက တမင် အရေးမယူပါ။ အချို့ဆို အဆက်အသွယ်တောင် ရှိပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်အရ မအလက အပစ်ရပ်ရမှာ ဖြစ်ပြီး ဒါက ၁၉၉၀၊ ၂၀၁၆၊ ၂၀၂၀ မဟုတ်တော့ပါ။ NUG မဲအနိုင်ရ အစိုးရမှာ PDF ရှိနေပါပြီ။ ဒါကြောင့် PDF အရှုံးအနိုင်ပေါ် မူတည်ပြီး အပစ်ရပ်ဖို့က ခက်သွားပါပြီ။
မလေးရှား၊ အင်ဒိုတို့ကတော့ ရိုကို ပြန်လက်ခံရင် အဆင်ပြေနိုင်ပါတယ်။ ယခင်က တတိယနိုင်ငံတွေကနေ အနောက်အုပ်စုက ရိုများစွာ လက်ခံပေးပေမယ့် ယခုတော့ အမေရိကန်မှအစ ဥရောပအထိ ဘယ်ဒုက္ခသည်မှ လက်မခံတော့လို့ သူတို့လည်း ဒုက္ခသည်များစွာကို လက်ခံမထားလိုပါ။ ဒါပေမယ့် မအလက လက်ခံရင်တောင် ရခိုင်က AA လက်အောက်မှာ မို့လို့ ယခင်ကလို မလွယ်တော့ပါ။
ထိုင်းက မအလကို “ဝ” က ရေညစ်ညမ်းအောင် လုပ်တဲ့ကိစ္စနဲ့ ကရင်နယ်က ကျားဖြန့်ကိစ္စတွေကို ဖမ်းဆီး အရေးယူ တားဆီးပေးဖို့ ခဏခဏ လာပြောနေပါတယ်။ အမေရိကန်ကလည်း တပ်အချင်းချင်းကနေ FBI ကပါ သတိပေးပြီးသားပါ။ မအလကို အခြားကိစ္စတွေနဲ့ ထိုင်းက မဖမ်းပေးနိုင်ပေမယ့် အမေရိကန် FBI က ဖမ်းဝရမ်း ထုတ်ရင်တော့ ဖမ်းပေးရမှာပါ။ FBI က ICC ထက် ထိုင်းမှာ ပါဝါပိုမြင့်ပါတယ်။
ထိုင်းကတော့ အမေစုကိစ္စ ဖိအားပေးတာ မရှိပါ။
ဥရောပ၊ ကုလ၊ လူ့အခွင့်အရေးသမားတွေကိုတော့ မအလက အရေးမလုပ်ပါ။
နောက် မအလ အရေးတယူ သတင်းပို့ခိုင်းတာက အီရန်အရေးပါ။ အီရန်ကို အမေရိကန်က ဗုံးကြဲရင် ဘယ်ပစ်မှတ် ဘာညာကအစ သတင်းပို့ခိုင်းလေ့ရှိပါတယ်။ အမေရိကန်က ပစ်ပြီဆိုရင် မျက်နှာ မသာယာတော့ပါ။ မအလ ကြောက်တာက တရုတ်က ရှီနဲ့ အမေရိကန်က ထရမ့်ပါ။ ယခင်က မကြောက်ပေမယ့် ဗင်နီဇွဲလားကိစ္စနဲ့ အီရန်အပြီး သူ့ကို ကျားဖြန့်ကိစ္စ ခေါ်ပြောကထဲက အီရန်ကိစ္စက သတင်းပို့နေရတာပါ။
အကျဉ်းချုပ်ရရင် မအလဟာ အမေစုကို ယခင် စန္ဒာမင်းတို့ကတဆင့် NUG/PDF မကောင်းကြောင်း ပြောခိုင်းရာကနေ ယခု ပေါ်တင် အပေးအယူ လုပ်လာတဲ့အထိပါ။ ဒါကိုလည်း အမေစုက တောင့်ခံခဲ့ပါတယ်။ သူမက ဒီကိစ္စတွေကို NLD CEC အားလုံးနဲ့ တွေ့ပြီးမှသာ ပြောဆိုနိုင်မယ်လို့ ထပ်ပြောခဲ့ပါတယ်။ အခြား ပြောတာလည်း ရှိပေမယ့် ကျော်လိုက်ပါ့မယ်။ မအလက နယ်မြေ ထိန်းချုပ်နိုင်ရင် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်ရင် အမေစု လွတ်ဖို့ ဖိအားကလည်း နည်းသွားမှာပါ။ မအလ နယ်မြေ မထိန်းချုပ်နိုင်ဘဲ NUG/PDF က တရုတ်အကျိုးစီးပွားကို ထိခိုက်အောင် လုပ်နိုင်ရင် မအလအပေါ် ဖိအားက ယခုထက် ပိုတိုးလာမှာပါ။ အခြား လက်နက်ကိုင်တွေကိုတော့ အားမကိုးပါနဲ့။ ဒါကြောင့် NUG အောက်က PDF ကိုသာ PRF ကတဆင့် ထောက်ပံ့ခြင်းဖြင့် အမေစု လွတ်မြောက်အောင် ဖိအားပေးကြပါစို့။