top of page
Search

တိုင်းရင်းသားပါတီချင်းတူသော်လည်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 18, 2020
  • 1 min read

တိုင်းရင်းသားပါတီအချို့ကို ၂၀၁၀ မှာ ဒီမိုစနစ်ဖြစ်အောင် အဘက ပိုက်ဆံပေးပြီး ထောင်ထားခဲ့ပါတယ်။ အဘထောင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေမှာ နာမည်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့နာမည်လေးတွေ ပါခဲ့ပါတယ်။ ဥပမာ RNDP (ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး) တို့၊KySDP(ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ) တို့ပါ။ နောက်ခေတ်စားတဲ့ နာမည်က ပြည်သူ့ပါတီဆိုပြီး နာမည်တတ်ထားတာပါ။ အဆိုပါပါတီတွေနဲ့ နှင်းဆီပါတီကွာတာက နှင်းဆီပါတီက ပြည်ပကငွေသွင်းလာပြီး ပါတီထောင်သလို အဆိုပါပါတီတွေကလဲ အဘခိုးထားတဲ့ငွေမဲကနေ လက်ဝေခံယူပြီးပါတီထောင်ခဲ့ကြတာပါ။


မနေ့က ၂၆၁ နဲ့ပတ်သက်ပြီး တိုင်းရင်းသားပါတီနှစ်ခုကို အင်တာဗျူးထားတာ ဖတ်လိုက်ရပါတယ်။ကချင်ပြည်သူ့ပါတီက ၂၆၁ ပြင်မယ်ဆိုတာနဲ့ သူက အိုကေသလို ပြောပါတယ်။ သူက ပြည်နယ်လွှတ်တော်ကနေ တပ်ထွက်သွားဖို့မပြောပါ။ ဒါကိုဘဲ ရှမ်း SNLD က စိုင်းကျော်ညွန့်ကိုမေးရာမှာ တပ်ချုပ်က ၂၆၁ ကိုပြင်ဖို့ပြောတာဟာ ဒီမိုနည်းမကျကြောင်း ၂၆၁ တင်မဟုတ်ဘဲ တပ်ဟာ ပြည်နယ်လွှတ်တော်ထဲက ထွက်ရမှာဖြစ်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။

ဒီနေရာမှာ ကယားပြည်နယ်မှာ ကယားလူမျိုး ကရင်နီတောင်သူ ၄၁ ဦးကို အမှတ် (၂၅၀) ခြေလျင်တပ်ရင်း၊ အမှတ် (၃၅၆) အမြောက်တပ်ရင်း၊ အမှတ် (၃၆၀) အမြောက်တပ်ရင်းက ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့် အရာရှိများက တရားစွဲခဲ့ပါတယ်။ တောင်သူတွေက လွိုင်ကော်မြို့နယ်က မြေနီကုန်း၊ ဒေါမူကလား၊သုံးမိုင်ပကြဲရွာကပါ။ အချို့က ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက တောင်သူများပါ။ ပထမဆုံးမေးမှာက တပ်က တောင်သူတွေတရားစွဲတာကို NLD က ဘာမှမလုပ်ပေးနိုင်ဘူးလားဆိုတာပါ။ NLD က ပြည်ထဲရေးကိုမကိုင်လို့ သူ့ပါတီက မျိုးရန်နောင်သိမ်းကိုဖမ်းတာ၊ သူ့ပါတီထောက်ခံသူ ကိုနေမျိုးဇင်၊ မင်းထင်ကိုကိုကြီးတွေကို ဖမ်းတာတောင် ဘာမှ မလုပ်ပေးနိုင်ခဲ့ပါ။ ထောက်ကျပြီးမှသာ ပြန်လွှတ်လို့ရမှာပါ။ ဒါပေမယ့် NLD ဟာ ကယားပြည်ဒီမိုကရက်တစ်ပါတီ KySDP လို တပ်ချုပ်နဲ့ သွားမတွေ့ပါ။ အထူးသဖြင့် မိမိပြည်နယ်မှာ မိမိလူမျိုးကို ပုဒ်မများစွာနဲ့ ဖမ်းဆီးထောင်ချနေတဲ့ အဖွဲ့အစည်းရဲ့အကြီးအကဲကို သွားမတွေ့ပါ။ သူ့ပါတီက သူတို့သဘောမတူဘဲတွေ့တယ်လို့ စာထုတ်ပေမယ့် ဒီဥက္ကဌကို မထုတ်ခဲ့ပါ။

ကယန်းပြည်သူတွေ ကရင်နီတွေက မအတော့ပါ။ စစ်တပ်နဲ့ ပေါင်းပြီး NLD ဝန်ကြီးချုပ်ကို ဖြုတ်ချရုံမက စစ်တပ်နဲ့သွားတွေ့ တဲ့ ၃၄ ပါတီထဲပါတဲ့ ကယားပြည်ဒီမိုကရက်တစ်ပါတီ (KySDP) ကိုရှောင်ရှားကြမှာဖြစ်သလို သူနဲ့ မဟာမိတ်လုပ်ထားတဲ့ ကယန်းအမျိုးသားပါတီ (KNP) ကိုလဲ ရှောင်ကြမယ်လို့ ယုံကြည်နေပါတယ်။


News and Photo Credit: Myanmar Now, DVB, Mizzima

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 18, 2020

ဦးမြတ်!!!

တူရာစုတာ သဘာဝ

မူယာမာယာ ​ကြွယ်

နယ်ပယ် ကျယ်ငြား

ခါးတဲ့ ဓါတ်

ချဥ်ချဥ်တူးတူး

မူး ပြီးရော။

မူးယစ်ဆို ကြောက်

အမြင် အသစ် ရခဲ့

အကြောက် အမှောင်

အလင်းရောင် အောက် ရောက်

ပျောက် တာနိယမ။

အမှန် အစစ်မြင်မှာပေါ့

အမှန် အသစ်တွေကြောင့်

ရန်ဖြင့် ဖြစ်လိုပါဘု

ဉာဏ်အစစ် အသစ် အသစ်တွေ

ထပ်ခါ ဖြစ်ဖို့

ဘောလခဲ ဖားဆောင်း တကြောင်းတည်းသော လမ်းက

၈ နိုဝင်ဘာမှာ

အနီနဲ့ မော်

အရဲနှင့် ပျော်

အမှောင်ကို ကျော်မည်ဟု

ယခုကပင် သက်သေပြု။


ဦးဖောင်ရှိုနှင့် ကယားပြည်သူတရပ်လုံးအား ချစ်ခြင်းမေတ္တာ

များစွာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page