top of page
Search

တိုင်းပြည်မှာ လိုနေသော သူလိုလူသား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 27, 2019
  • 1 min read

တိုင်းပြည်မှာ စစ်သားက စစ်မတိုက်တတ်ရင် ဘတ်ဂျက်သာတောင်းပြီး ခိုးဖို့သာသိရင် တိုင်းပြည်ပျက်ပါတယ်။

ထို့အတူ သူပုန်က အကြမ်းဖက် လူသတ်ရုံမကဘဲ မိမိလူမျိုးကိုလဲ ပြန်သတ်တယ်ဆိုရင် သူ့ပြည်နယ်ပျက်ပါတယ်။

တိုင်းပြည်မှာက နောက်လိုက်လုပ်ရမယ်အချိန်မှာ နောက်လိုက်လုပ် ခေါင်းဆောင်လုပ်ရမယ့်အချိန်မှာခေါင်းဆောင်လုပ်နိုင်သူတွေ လိုနေတာပါ။

ယခု ဓာတ်ခဲအဖမ်းခံသွားရတယ့် NLD ဘူးသီးတောင်ဥက္ကဌ ဦးရဲသိန်းဆို တိုင်းပြည်အတွက် ကျရာနေရာက ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့တဲ့ သူရဲကောင်းပါ။ သူဟာ NLD ရဲ့ ပါတီဝင်အနေနဲ့ ကျရာနေရာက နောက်လိုက်ကောင်းအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ လိုအပ်လို့ DASSK က ICJ မှာ သွားရှင်းပြတာကို ထောက်ခံပွဲကို ဦးဆောင်လုပ်ဖို့ ဒေသခံ ခေါင်းဆောင်အနေနဲ့ ဦးဆောင်လုပ်ပါတယ်။ သူ့ကိုအခြောက်ဓာတ်ခဲက ခြိမ်းခြောက်နေတယ်ဆိုတာ ယခုသူ့ညီမရေးတဲ့ စာတွေအရ ထင်ရှားပါတယ်။ သူဟာ သူရဲဘောမကြောင်ခဲ့ပါ။

စာရေးသူတို့သာဆို သေနတ်မရှိရင် သူ့လို လုပ်ရဲမယ်မထင်ပါ။ အထူးသဖြင့် မိမိတိုင်းရင်းသားတွေကိုတော်လှန်ရေးအကြောင်းပြကာ ခေါင်းဖြတ်သတ်လေ့ရှိတဲ့၊ စစ်ရာဇဝတ်မှု ကျုးလွန်လေ့ရှိတဲ့ ဓာတ်ခဲရဲ့နယ်မြေမှာပါ။

ဒါပေမယ့် သူဟာ ဒေသခံ ခေါင်းဆောင်ပီသစွာ ကြောက်ရွံ့ခြင်းမှ ကင်းဝေစွာ လုပ်ဆောင်ခဲ့ပါတယ်။သူဟာ ထွန်မြတ်နိုင်လို ကြောက်မနေသလို အေးမောင်လိုလဲ အဘဘောမ မနေပါ။ ထွန်းမြတ်နိုင်ဟာလဲသန်းရွှေတို့လိုဘဲ သူ့ရဲ့ ဓားမိုးထားတဲ့ အာဏာကို လက်နက်မဲ့ လာအာခံသူတွေကို အလွန်ကြောက်ရွံ့စွာနဲ့ အခြောက်ကဲ့သို့ သတ်ခဲ့တာပါ။

ဒီနေရာမှာ ထွန်းမြတ်နိုင်ဟာလဲ ဓာတ်ခဲရဲ့တပ်ချုပ်ဖြစ်လို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်းထင်ရှားပါတယ်။ ဦးရဲသိန်းဟာ လက်နက်မဲ့ အရပ်သားပါ။ စဖမ်းကထဲက မဖမ်းရမယ့်လူကို ဖမ်းခဲ့တာပါ။ ယခုလို နှိပ်စက်ပြီး အလောင်းဖျောက်တာဟာလဲ စစ်ရာဇဝတ်မှု ကျူးလွန်တာပါ။

ဦးရဲသိန်းအသတ်ခံရတာကို NLD ကလွဲပြီး ဘယ်လူ့အခွင့်အရေးအဖွဲ့ကမှ ရှုတ်ချတာ မတွေ့ရပါ။ ပြည်သူတွေအနေနဲ့ ဒီကိစ္စဟာ Victoria ကိစ္စထက်ကြီးမားပါတယ်။ ငွေကြေးတတ်နိုင်သူများအနေနဲ့လဲ ဦးရဲသိန်းမိခင်ကြီးနဲ့ သူ့မိသားစုကို ထောက်ပံ့သင့်တယ်လို့ထင်ပါတယ်။

ဒီနေရာမှာ ပြည်သူတွေပေးရမယ့်သတင်းစကားက ငါတို့ဟာ မင်းတို့လက်နက်ကိုင်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်ကို ရှုတ်ချတယ်ဆိုတာပါ။

တိုင်းပြည်မှာ တကယ်လိုအပ်နေတာက ဦးရဲသိန်းလို လူတွေပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page