top of page
Search

ဆရာတော်များက မအလကို ပစ်တာရပ်ဖို့ပြောနေပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 4, 2021
  • 1 min read


မအလဟာ ဘုန်းကြီးတွေကို သူ့အကျိုးလိုမှသာ ကပ်လေ့ရှိတာပါ။ သူကို:ကွယ်တာက ဘုန်းကြီးအတုပါ။

မအလဟာ အာဏာသိမ်းပြီး ဖိနှိပ်မှုလုပ်ရာမှာ ၈၈ သီအိုရီကို အခြေခံပါတယ်။

ပထမ ခေါင်းဆောင်မရှိရင် ဆန္ဒပြပွဲရပ်မယ်။ ဒီသီအိုရီက ယခုအချိန်ထိ မမှန်သေ:ပါ။

နောက် အင်အားသုံးပြီး လူသတ်ပြရင် ပြည်သူတွေက ကြောက်မယ်။ ဒါကိုလဲ ဆန္ဒပြပြည်သူများကသွေးနဲ့ သက်သေပြသွားခဲ့ပါပြီ။

ဝန်ထမ်းတွေက ဒီဆန္ဒပြပွဲမှာ ပါမှာမဟုတ်ဘူး။ ယခုအချိန်မှာ CDM လှုပ်ရှားမှုဟာ အားကောင်းလာသလို ရဲနဲ့ တပ်ဟာလဲ သဘောထား ကွဲလာနေပါပြီ။ ရဲတွေဟာ CDM ထဲ ပါလာနေပါပြီ။ နောက်ပိုင်း ဒီ့ထက်ပိုများလာဖို့သာရှိပါတယ်။ ဒီပုံအတိုင်းဆို တပ်သားတွေပါ ပါလာမှာပါ။

နောက်ယူဆချက်က ယခုလိုလုပ်တာဟာ ခဏသာဖြစ်ပြီး နောက်ပိုင်းရပ်သွားမယ် သူ့ကို လက်ခံမယ်လို့ သူကထင်ထားပါတယ်။ ယခုလို ပိုပစ်ရလေ သူ့ကိုလက်ခံမည့်သူက နည်းလာလေလေပါ။ မရှိသလောက်ပါ။

နောက်သူက စီးပွါးရေးပိတ်ဆို့တာ မမှုဘူးဆိုတာမျိုး ကုလကိုယ်စားလှယ်ကို ပြောပါတယ်။ ဒါက ၈၈ကလို ပိတ်ရင်တော့ ဖြစ်နိုင်ပါတယ်။ အီရန်နဲ့ မြောက်ကိုရီးယားလို ပိတ်ရင်တော့ မရပါ။

နောက်ဆုံးက သူ့ဘက်မှာ ဘုန်းကြီးတွေက ထောက်ခံမယ်လို့ ထင်ထားတာပါ။ ယခုအချိန်မှာ ဘုန်းကြီးတွေအများကြီး လမ်းပေါ်မထွက်လာသေးပေမယ့် ယခုပုံစံအတိုင်း ဆက်ပစ်နေရင် ထွက်လာနိုင်ပါတယ်။ ယခုတောင် ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးက ဆွေးနွေးဖို့ တောင်းဆိုခဲ့သလို ရွှေကျင်ဂိုဏ်းကလဲ တောင်းဆိုလာနေပါပြီ။

စင်ကာပူကလဲ သူ့နိုင်ငံသားတွေကို မြန်မာပြည်ထဲက ထွက်ခိုင်းနေပါပြီ။ စီးပွါးရေးဟာ မအလရှိနေသရွေ့က ကောင်းဖို့လမ်းမရှိပါ။

ယခုအချိန်အထိ ပြည်သူတွေဟာ မအလ မထင်မှတ်တာတွေနဲ့ ရဲရဲတောက် ဆန့်ကျင်နေပါတယ်။ သူ့အတွက်ကလဲ CDM ကို ဖြေရှင်းဖို့က ဆန္ဒပြပွဲကို နိုင်မှ ရမှာပါ။ သူ့ရဲ့ စီးပွါးရေးကတော့ လုံးဝရပ်သွားခဲ့ပါပြီ။ အောင်ပွဲဟာ ပြည်သူတွေအတွက် နီးလာနေပါပြီ။

အရေးတော်ပုံ အောင်ရမည်။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page