top of page
Search

ဆုံးဖြတ်ချိန်မှာ ဘာအရေးကြီးလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 31, 2025
  • 1 min read

လောကမှာ အမှား/အမှန်က အချို့အရာတွေမှာ အင်မတန်သိသာပါတယ်။

မြန်မာပြည်က မအလလို စစ်တပ်က လက်နက်ကိုင်ဗိုလ်ကျအာဏာသိမ်းတာက မတရားမှု အဓမ္မပါ။ မအလဘက်မှာ ရပ်တည်ရင် အဓမ္မ အမှားဘက်ဖြစ်ပြီး သူ့ကိုဖြုတ်ချဖို့က ဓမ္မ မှန်ကန်တဲ့လုပ်ရပ်ပါ။


အဲ့ဒီကနေ အခြားစနစ်တွေကိုလေ့လာရာမှာ မြန်မာတွေအသိများတဲ့ ရောက်ဖူးတဲ့ စင်ကာပူ၊ UAE၊ ဘရူနိုင်းတို့က တစ်ပါတီ (သို့) ဘုရင်စနစ်တွေပါ။ ဒါပေမယ့် သူတို့က ပြည်သူတွေကို ချမ်းသာအောင်ထားနိုင်ပါတယ်။ တရုတ်ပြည်က ကွန်မြူနစ်အာဏာရှင်ပါ။ သူကလဲ  ပြည်သူကို အဆင်ပြေ ချမ်းသာအောင်ထားနိုင်တာတွေ့ရပါတယ်။

မလေးရှား၊ ယူကေ၊ ဒိန်းမတ်၊ နယ်သာလန်တို့က ဘုရင်စနစ်အခြေခံတဲ့ ပါလီမန်ဝန်ကြီးချုပ် စနစ်ခဒီမိုကရေစီနိုင်ငံတွေပါ။ သူတို့လဲ အဆင်ပြေကြပါတယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မက္ကဆီကိုတို့က ဒီမိုကရေစီနိုင်ငံတွေဖြစ်ပြီး ဆင်းရဲကြပါတယ်။

ဆင်းရဲချမ်းသာတာကိုမူတည်ပြီးစနစ်ရွေးခိုင်းရင် ဘယ်စနစ်ကို စာဖတ်သူတွေ ရွေးမှာပါလဲ?


ဒီကနေ ဒီမိုနိုင်ငံတွေကို ကြည့်ရအောင်။

ဒီမိုကရေစီနိုင်ငံတွေထဲမှာ အမေရိကန်၊ အိန္ဒိယ၊အာဂျင်တီးနား၊ အီတလီတို့မှာ လက်ယာပါတီတွေ အုပ်ချုပ်နေပါတယ်။ သူတို့လဲ အဆင်ပြေနေပါတယ်။

ဘရာဇီး၊ ယူကေ၊ နော်ဝေးတို့မှာ လက်ဝဲပါတီ အုပ်ချုပ်ပါတယ်။

စနစ်တွေ လက်ဝဲ၊ လက်ယာမူဝါဒတွေဟာ စာရေးသူတို့ မွေးစမှသည် သေသည်အထိ လက်ဝဲ(သို့) လက်ယာယိမ်းကြမှာပါ။ ဒီနေရာမှာတော့ မြန်မာပြည်ကလိုမဟုတ်ဘဲ ဓမ္မ၊ အဓမ္မမရှိလို့ မိမိကြိုက်တဲ့ပါတီမူဝါဒအပေါ် မူတည်ပြီး ငြင်းခုံနိုင်ကြပါတယ်။ ဒီကိစ္စတွေက မွေးချိန်မှသည် သေသည်အထိ ငြင်းနေကြမှာပါ။


ဒီနေရာမှာ ဒီမိုစနစ်မှာ ရှောင်ရမှာက မိမိလက်ဝဲ လက်ယာနိုင်ငံရေးအမြင်မတူချိန်မှာ မိမိပြိုင်ဖက်ကို မဟုတ်တဲ့အမှုတွေနဲ့ တရားမစွဲမိစေဖို့၊ စစ်တပ်ကို အာဏာသိမ်းဖို့(ကျော်ငြိမ်း/ဘဆွေ) တို့လို ခေါ်မလာမိဖို့ကအသက်တမျှ အရေးကြီးပါတယ်။


NUG အနေနဲ့က မိမိပြည်တွင်းအင်အားကို ဘယ်ဒေသမှာ ပုံအော်မလဲ ယခုအချိန်မှာ စဉ်းစားရပါမယ်။ မလိုလားအပ်ဘဲ လူ့အခွင့်အရေး၊ ဘာအရေး ညာအရေးတွေကို သိပ်ဂရုစိုက်နေရင် နှောင့်နှေးနိုင်ပါတယ်။ အရေးယူစရာရှိတာကို အရေးယူနိုင်ရင် အရေးယူပါ။ အရေးမယူနိုင်သေးရင် ကျော်သွားပါ။

အိန္ဒိယကမိုဒီကို မဘသအစွန်းရောက်ဆိုပြီး ဗီဇာပိတ်ခဲ့တဲ့ယူကေဟာ သူ့ကိုနောက်ပိုင်းတရားဝင်ဖိတ်ပြီး ကြိုဆိုခဲ့ရပါတယ်။ ဆီးရီးယားက ယခုအုပ်ချုပ်သူ Hay’at Tahrir al-Sham (HTS) ခေါင်းဆောင်Abu Mohammad al-Jolani (real name: Ahmad Hussein al-Sharaa). ဟာ ၂၀၁၃ ထဲက အမေရိကန်က ဆုငွေ ဒေါ်လာ ၁၀ သန်း ထုတ်ထားတဲ့ Al Qaeda အကြမ်းဖက်အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ပါ။  သူက ဆီးရီးယားမြို့တော်ကိုသိမ်းနိုသ်ချိန်မှာ ကုလကအစ နိုင်ငံကြီးများရဲ့ သံအမတ်ကြီးတွေက အလုအယက်လာတွေ့ကြပါတယ်။

ယခု NUG ကိုဝေဖန်တဲ့ကိစ္စတွေ အမှုတွေက သူ့အမှုနဲ့ယှဉ်ရင် ရယ်စရာလေးတွေပါ။

NUG အနေနဲ့ ရဲရဲရင့်ရင့်သာ မိမိရဲ့ငွေတွေကို မိမိဩဇာတည်ဆောက်နိုင်တဲ့ ဗမာအခြေခံဒေသမှာသုံးမလား ဖယ်ဒရယ်မူအတွက် ဘာဖြစ်ဖြစ် အလုပ်မဖြစ်နိုင်တဲ့ မိမိကို အရေးမလုပ်တဲ့နေရာဒေသတွေမှာ အချိန်ကုန် ငွေကုန်ခံမလား စဉ်းစားရတော့မှာပါ။ ထရမ့် အကူအညီရပ်တာက NUG ကိုဝေဖန်သူတွေရဲ့ပါးစပ်ကို ပိတ်သွားစေမှာဖြစ်သလို NUG ကိုလဲ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနဲ့ တနင်္သာရီမှာ စစ်ရေးအတွက်ပိုမြုပ်နှံမလား၊ ဖယ်ဒရယ်အောက်က မနိုင်ဝန်ထမ်းမလား ဆုံးဖြတ်ရမှာပါ။

ပြည်သူကလဲ ယခင်ကထက် နှစ်ဆတိုးပြီး NUG ကိုထောက်ပံ့ကြပါ။ ဘယ်သူဘာသိမ်းသိမ်း ရန်ကုန်ကိုသိမ်းနိုင်သူကို ကမ္ဘာက အသိအမှတ်ပြုမှာပါ။ ရှေ့လပိုင်းတွေဟာ စစ်ရေးအရ အဆုံးအဖြတ်ပေးချိန်ရောက်လာမှာပါ။ ပြည်သူက NUG ကို ပိုထောက်ပံ့နိုင်ပြီး NUG ကလဲ NGO လိုမတွေးခေါ်ဘဲ အစိုးရလို ဆုံးဖြတ်နိုင်ပါစေ။ ပြည်သူသာ အဓိကပါ။


 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page