top of page
Search

စစ်ရေးအခြေအနေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 25, 2023
  • 1 min read

စစ်ရေးအခြေအနေ

အောက်ကဟာက စာရေးသူတို့လို NLD/NUG ထောက်ခံသူမဟုတ်ဘဲနိုင်ငံခြားသား စစ်ရေးကျွမ်းကျင်သူ ရေးထားတာပါ။

သတင်းထဲမှာ ရွာတွေမီးရှို့တာသာ ဖတ်ရ တွေ့ရရင်တော့ စိတ်ညစ်စရာပါ။ ဒါပေမယ့် ယူကရိန်းတောင် အမေရိကန်ရဲ့ ဒုံခွင်းဒုံးနဲ့မှ ရုရှားရဲ့ ဒုံးကျည်ကို စစ်ပွဲစပြီးကထဲက မပစ်ချနိုင်ဘဲ ပြီးခဲ့တဲ့အပတ်ကမှ ပစ်ချနိုင်ခဲ့တာပါ။ သူ့ကိုနေတိုးတစ်ဖွဲ့လုံးဝ လိုလေသေးမရှိ ထောက်ပံ့နေတာပါ။ မြန်မာကိုလဲ တရုတ်က ကျူးကျော်ရင်တော့ ထောက်ပံ့နိုင်ပါတယ်။

ယခုမြေပြင်မှာ ယခင်က မိုင်းထောင်ပြေးတဲ့ အဖွဲ့တွေက ရန်သူကို ရင်ဆိုင်တိုက်လာနိုင်နေကြောင်း၊ အချို့နေရာမှာရဲစခန်းတွေကို စသိမ်းနေပြီး အချို့နေရာတွေမှာ ရန်သူ့ထောက်ပို့လမ်းကို ဖြတ်ထားနိုင်လို့ ရန်သူဟာ လေကြောင်းအသုံးပြု ထောက်ပို့လုပ်နေရကြောင်း ရေ:ထားပါတယ်။ တပ်ထဲမှာ ကယား(ကရင်နီ) နဲ့ ချင်းပြည်ဟာ လေကြောင်းထောက်ပို့ အချိန်မှီမလုပ်နိုင်ရင် အချိန်မရွေး ရန်သူ့ထက်ထဲ ကျသွားနိုင်တယ်ဆိုတာ လက်ခံထားပါတယ်။ အထူးသဖြင့် ကယားမှာ ခက်ခက်ခဲခဲ တိုက်နေရပြီး ရခိုင်လို ဖြစ်လာနေပါပြီ။ ထိုင်းက ကိုပီတာက မျက်စိမှိတ်ပေးလိုက်ရင် မအလရဲ့ နောက်ဆုံးနေ့များ ဖြစ်သွားမှာပါ။

ယခုမအလလုပ်နေတာကလဲ စစ်ကိုင်း၊ မကွေးကို နယ်မြေစိုးမိုးဖို့ပါ။ ဒါက အလုပ်ဖြစ်မလားကတော့ ဒီဇင်ဘာမှာအဖြေပေါ်မှာပါ။ မနေ့က မြန်မာပြည်အထက်ပိုင်းမှာ ဗိုလ်မှူးအဆင့် ကျသွားတာက သူ့အရပ်သားကား ထိသွားလို့ပါ။ ပစ်သူတွေက သူ့ကိုစစ်သားမှန်းမသိလို့ မတင်သေးတာဖြစ်ပုံရပါတယ်။

အကျဉ်းချုပ်ရရင် မအလအစီရင်ခံစာအရကတော့ သူတို့တွေက ပွဲတိုင်းနိုင်နေပါတယ်။ အခြားပညာရှင်တွေ ပြောတာကတော့ မအလရှုံးနေပါတယ်။ မအလနိုင်တယ်ထင်ရင် မအလကို ကယားသွားခိုင်းကြည့်လိုက်ပါလို့ စိန်ခေါိပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page