top of page
Search

ကန့်ဘလူနဲ့ နန်းတွင်းဂယက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 12
  • 1 min read

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြီး ဓာတ်မှန်ရိုက်၊ ပြီးတော့ အထူး MRI ဒူးကိုရိုက်၊ ပြီးတော့ ဒူးထဲဆေးထိုးပြီးမှ ကောင်းတာပါ။ ဒူးပြဿနာက နဂိုထဲကရှိပြီး ထိုင်ပြီးရင် ထရခက်ပါတယ်။ စစ်ဆေးကိုလာပြီး သူနာပြုဗိုလ်မှူးမမတွေက ဆေးထိုးရာမှာ ကူညီရင်း ရခဲ့တဲ့ ကလေးကိစ္စတွေတောင် ရှိပါတယ်။ ဒါက အကျယ်နောက်မှ ရေးပါ့မယ်။

ယခုကန့်ဘလူက စခန်းအတိုက်ခံရထဲက ဒုဗိုလ်မှူးကြီးမိုလို့ လေကြောင်းပစ်ကူ မျိုးစုံပေးခဲ့ပါတယ်။ ရဟတ်ယာဉ်နဲ့ ကယ်ထုတ်လိုပေမယ့် PDF က အတော်ဗျူဟာကောင်းလို့ မနိုင်ခဲ့တာပါ။ Y12 တွေကိုလွှတ်ပြီး ကျော်စွာလင်းလေးကိုယ်တိုင်် ကြီးကြပ်အမိန့်ပေးခဲ့တာပါ။ ယခင်က ယခုလောက်လက်နက်ရဖို့ ရှမ်းမြောက်မှာ သွားတိုက်ရပေမယ့် ယခုကတော့ မိမိနယ်ထဲမှာ မအလက လာလှူသွားတာပါ။

ဒါကဘာကိုပြသလဲဆိုတော့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဝါမလိုဘဲ တိုက်လိုစိတ်ရှိရင် မိမိနယ်မှာ အဖွဲ့တွေများစွာ မကွဲနေရင် နိုင်မယ်ဆိုတာပါ။

ကမ္ဘာပေါ်က တရုတ်၊ အမေရိကန်၊ ရုရှားကအစ MNDAA, TNLA အဆုံး သူတို့ အကျိုးရှိရင် ကူမှာပါ။ ဒီနေရာမှာ သူတို့ကို သိပ်အပစ်မတင် အမွှန်းမတင်ဘဲ လုပ်စရာရှိတာကို ငါတို့အာဏာ ငါတို့ပြန်ပေး ငါတို့တိုက်ယူမယ်ဆိုတဲ့မူနဲ့သွားရင် အောင်ပွဲက အလှမ်းမဝေးပါလို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page