top of page
Search

ကြီးၿဖိဳးရဲ႕သတင္းစာရွင္းလင္းပြဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 5, 2019
  • 1 min read

ree

မေန႔ကရန္ကုန္တိုင္းအစိုးရရဲ႕သတင္းစာရွင္းလင္းပြဲကို၃နာရီနီးပါးအျပန္အလွန္ရွင္းျပသြားတယ္။ဒီမွာဘာကိုျပလဲဆိုေတာ့ကြီးၿဖိဳးဟာေမးသမွ်ကိုအခ်က္အလက္နဲ႔ေျဖသြားတာေတြ႕ရပါတယ္။ေနာ္ပန္းသင္ဇာမ်ိဳးကလဲေျပာတတ္ဆိုတတ္ပါတယ္။အင္မတန္မွဂုဏ္ယူစရာေကာင္းတယ့္သတင္းသမားေတြနဲ႔ေတြ႕မႈပါ။ဆက္ၿပီးေတြ႕ေပးပါ။ဒီပြဲေတြကေနသတင္းသမားအခ်ိဳ႕အျမင္လြဲတာကိုလဲေထာက္ျပႏိုင္မွာပါ။သူတို႔အစိုးရမွာဘာျဖစ္ခ်င္တယ္ဆိုတယ့္vision အျမင္ရွိပါတယ္။ဘယ္လိုလုပ္မယ္ဆိုတယ့္ အစီအစဥ္လဲရွိပါတယ္။

တခါတေလစဥ္းစားမိတာကNLD သာ၁၉၉၀ထဲကအာဏာရခဲ့ရင္တိုင္းျပည္ႀကီးဟာယခုအခ်ိန္မွာအလြန္တိုးတက္မယ္ဆိုတာပါ။

သူ႔ရဲ႕ဘာသာေရးဆိုင္ရာလုပ္ေဆာင္မႈေတြဘာသာေပါင္းစံုနဲ႔စုစည္းလုပ္ေဆာင္မႈေတြ၊ဆရာေတာ္ႀကီးေတြနဲ႔လုပ္ေဆာင္မႈေတြဟာလဲအေတာ္ေကာင္းမြန္တာေတြ႕ရပါတယ္။ဒါဟာႏိုင္ငံေရးအရရန္သူကစားကြက္မရွိေအာင္လုပ္ထားႏိုင္တာပါ။

သူ႔ကိုအလုပ္သမားေတြကခ်စ္ခင္တာလဲအလုပ္သမားေန႔မွာသိလိုက္ရပါတယ္။ရန္ကုန္ဟာမကိုင္တတ္ရင္ဘာသာေရး၊အလုပ္သမားေရး၊လူမႈေရးေတြနဲ႔အလြန္႐ႈတ္ႏိုင္ပါတယ္။ဒါကိုကိုင္ထားႏိုင္တာဟာအင္မတန္ေကာင္းပါတယ္။

ေနာက္အႀကိဳက္ဆံုးကေျမကြက္ေတြကိုသင့္တင့္တယ့္ေစ်းႏႈန္းနဲ႔ေရာင္းေပးမယ္ဆိုတာပါ။ဒါကသာမန္ျပည္သူကိုတိုက္႐ိုက္အက်ိဳးျပဳမယ့္လုပ္ေဆာင္ခ်က္ပါ။

အဘတို႔ကြီးၿဖိဳးထံမွာက်ဴရွင္လာတက္ပါလို႔သာေျပာပါရေစ။

Unicode version

ကွီးဖြိုးရဲ့သတင်းစာရှင်းလင်းပွဲ

မနေ့ကရန်ကုန်တိုင်းအစိုးရရဲ့သတင်းစာရှင်းလင်းပွဲကို၃နာရီနီးပါးအပြန်အလှန်ရှင်းပြသွားတယ်။ဒီမှာဘာကိုပြလဲဆိုတော့ကွီးဖြိုးဟာမေးသမျှကိုအချက်အလက်နဲ့ဖြေသွားတာတွေ့ရပါတယ်။နော်ပန်းသင်ဇာမျိုးကလဲပြောတတ်ဆိုတတ်ပါတယ်။အင်မတန်မှဂုဏ်ယူစရာကောင်းတယ့်သတင်းသမားတွေနဲ့တွေ့မှုပါ။ဆက်ပြီးတွေ့ပေးပါ။ဒီပွဲတွေကနေသတင်းသမားအချို့အမြင်လွဲတာကိုလဲထောက်ပြနိုင်မှာပါ။သူတို့အစိုးရမှာဘာဖြစ်ချင်တယ်ဆိုတယ့်vision အမြင်ရှိပါတယ်။ဘယ်လိုလုပ်မယ်ဆိုတယ့် အစီအစဉ်လဲရှိပါတယ်။

တခါတလေစဉ်းစားမိတာကNLD သာ၁၉၉၀ထဲကအာဏာရခဲ့ရင်တိုင်းပြည်ကြီးဟာယခုအချိန်မှာအလွန်တိုးတက်မယ်ဆိုတာပါ။

သူ့ရဲ့ဘာသာရေးဆိုင်ရာလုပ်ဆောင်မှုတွေဘာသာပေါင်းစုံနဲ့စုစည်းလုပ်ဆောင်မှုတွေ၊ဆရာတော်ကြီးတွေနဲ့လုပ်ဆောင်မှုတွေဟာလဲအတော်ကောင်းမွန်တာတွေ့ရပါတယ်။ဒါဟာနိုင်ငံရေးအရရန်သူကစားကွက်မရှိအောင်လုပ်ထားနိုင်တာပါ။

သူ့ကိုအလုပ်သမားတွေကချစ်ခင်တာလဲအလုပ်သမားနေ့မှာသိလိုက်ရပါတယ်။ရန်ကုန်ဟာမကိုင်တတ်ရင်ဘာသာရေး၊အလုပ်သမားရေး၊လူမှုရေးတွေနဲ့အလွန်ရှုတ်နိုင်ပါတယ်။ဒါကိုကိုင်ထားနိုင်တာဟာအင်မတန်ကောင်းပါတယ်။

နောက်အကြိုက်ဆုံးကမြေကွက်တွေကိုသင့်တင့်တယ့်စျေးနှုန်းနဲ့ရောင်းပေးမယ်ဆိုတာပါ။ဒါကသာမန်ပြည်သူကိုတိုက်ရိုက်အကျိုးပြုမယ့်လုပ်ဆောင်ချက်ပါ။

အဘတို့ကွီးဖြိုးထံမှာကျူရှင်လာတက်ပါလို့သာပြောပါရစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page