top of page
Search

ကုလ၊ အာဆီယံ၊ US၊ UK နှင့် သက်ဆိုင်ရာနိုင်ငံများအတွက်စာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 3, 2021
  • 1 min read

ree

စာရေးသူဟာ အကြမ်းဖက်ဆစ်တပ်က ကျောင်းတွေကို ဗုံးဖောက်ဖို့ မီးရှို့ဖို့ ကြံစီနေကြောင်းကို“https://www.myattunoo.com/post/က-င-ဗ-ထ-င-တ-ဘယ-သ-လ”

မေ ၁၇ မှာ ရေးခဲ့ပြီးပါပြီ။ ဒါကို မအလက သူ့စရဖညွှန်ချုပ် ရဲဝင်းဦးကို ညွှန်ကြားခဲ့တာပါ။ ဒီလိုလုပ်ဖို့အကြံကိုအာဏာသိမ်းတာကို ထောက်ခံတဲ့ ရုရှားထံက ရခဲ့တာပါ။ တိုင်းပြည်ထဲမှာ တရုတ်က မအလကို ထောက်ခံတယ်ထင်ပြီး တရုတ်ဆန့်ကျင်ရေးကို စရဖရော အနောက်မှာအခြေစိုက်တဲ့ ဒီမိုတွေကပါ ရေးလေ့ရှိပါတယ်။ ဒါပေမယ့် မအလက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကို မဲစာရင်းအကြောင်း ရှင်းပြချိန်မှာ ဟိုကဘာမှမပြောခဲ့ပါ။ တရုတ်နိုင်ငံဟာ NLD အစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်နေပြီး သူ့စီမံကိန်းအချို့ရဲ့ ကန်ထရိုက်ကို NLD အစိုးရက ပြန်ပြင်ခဲ့တာတောင် အဆင်ပြေအောင် နေခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးကတော့ လိုအပ်တာ ကူညီမည့်အကြောင်းမြန်မာ့မြေပေါ်က ကိုကိုကျွန်းလို နေရာမျိုးမှာ ရုရှားစစ်သင်္ဘောတွေအတွက် စစ်အခြေစိုက်စခန်းရယူလိုကြောင်းပြောခဲ့ပါတယ်။ မအလက သူသမ္မတဖြစ်ရင် ဆက်ဆံရေးမြှင့်တင်ဖို့ သဘောတူခဲ့ပါတယ်။

မြန်မာပြည်မှာက ဆရာ ဆရာမအများစုက ဆန္ဒပြသူနဲ့ မိမိအသက်အတွက် အဖမ်းမခံရအောင် ထွက်ပြေးနေရသူက အများစုပါ။ ဖက်ဆစ်မအလက ဆန္ဒပြသူ ဆရာဝန် ဆရာမ သူနာပြုနဲ့ အရာထမ်း အမှုထမ်းများစွာကို ဖမ်းဆီးနေသလို ကိုဗစ်တတိယလှိုင်းကလဲ ပြန်ထနေချိန်ပါ။ ဒါ့ကြောင့် မရူးသူဆိုရင် ကျောင်းမဖွင့်သေးပါ။ မအလကတော့ ဟစ်တလာလို အာဏာရူးမိုလို့ မိမိအာဏာအတွက်သာ ကြည့်သူပါ။ အာဏာသိမ်းတာကလဲ သူ့သက်တမ်းတိုးဖို့ပါ။ သူ့သက်တမ်းတိုးတာကို သမ္မတဦးဝင်းမြင့်နဲ့ DASSK က မတိုးပေးလို့ပါ။ မဲစာရင်းနဲ့ ဘာမှမဆိုင်ပါ။

သူဘာလို့ ကျောင်းတွေအသဲအသန်ဖွင့်ဖို့ ကြိုးစားနေသလဲဆိုတော့ ရုရှားက ချီချင်ညာကိစ္စမှာ သူပုန်တွေက ဘာဆလန်မြို့ကကျောင်းကို ၂၀၀၄ က တစားခံဝင်စီးရာမှာ ရုရှားတပ်က ဝင်ကယ်လို့ လူ ၃၃၄ ယောက် သေအပြီး ကမ္ဘာရဲ့ သနားမှုရသလိုမျိုး လိုချင်လို့ လုပ်တာပါ။

ယခုအချိန်မှာ မအလနဲ့သူ့အဖွဲ့ကို ဖက်ဆစ်အကြမ်းဖက်အဖွဲ့လို့ ပြည်သူတွေက သတ်မှတ်ထားပြီး ကုလရဲ့ R2P ကိုမစောင့်တော့ဘဲ မိမိကိုယ်မိမိ ကာကွယ်ဖို့ တပ်တွေဖွဲ့လာကြပါတယ်။ ပြည်သူတွေရဲ့တပ်ကို လက်နက်ထောက်ပံ့မယ်ဆိုတာကို မအလက သိပါတယ်။ ဒါ့ကြောင့် ဒီအဖွဲ့နဲ့ NUG ကို နာမည်ဖျက်ဖို့ မအလက ကျောင်းတွေ ဆေးရုံတွေကို မီးရှို့ပြီး ကြိုးစားတာပါ။ မအလ မီးရှို့တဲ့ စျေး ကျောင်းအများစုနေရာဟာ ဒီမိုထောက်ခံသူတွေနေရာပါ။မီးရှို့သူများဟာ မအလဖက်ဆစ်တပ်ကဖွဲ့ထားတဲ့ ပျူစောထီးအဖွဲ့ဝင်များပါ။

အကျဉ်းချုပ်ရရင် ကုလနဲ့ အာဆီယံတို့အနေနဲ့ အာဏာရူးအကြမ်းဖက်သမားမအလရဲ့ လုပ်ရပ်တွေကို လေ့လာသင့်ပါတယ်။ သူက အာဏာအတွက် မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ ပြောခဲ့သူပါ။ ကမ္ဘာကြီးအနေနဲ့ ဒီမအလနဲ့ သူ့ဖက်ဆစ်တပ်ကဘဲ ရခိုင်မှာ လူသတ် မုဒိမ်းကျင့် မီးရှို့လုပ်ခဲ့တာ ပြစ်မှုကျူးလွန်ခဲ့တာ မမေ့ပါနဲ့။ သူဟာ မသေမချင်း ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေမှာပါ။ ကမ္ဘာကြီးက စိုးရိမ်စွာစောင့်ကြည့်နေချိန်မှာ မြန်မာပြည်မှာကလူပေါင်းများစွာ သေနေပါပြီ။ မြန်မာပြည်သူတွေက ကမ္ဘာကြီးနဲ့ အာဆီယံက မကာကွယ်ပေးနိုင်လို့ မိမိကိုယ်မိမိခုခံကာကွယ်နေကြပါပြီ။ တတ်နိုင်ရင် ကူညီပါ။ မကူညီရင်လဲနေပါ မနှောက်ယှက်ပါနဲ့လို့ ပြောပါရစေ။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

2 Comments


oopaw784
Jun 04, 2021

စာဖတ်သူမှကျေးဇူးတင်ပါသည်။

Like

Myint Soe Oo
Myint Soe Oo
Jun 04, 2021

ဦးမြတ်!! မျိုးစေ့ မမှန် ၊ ပင် မသန် ဆိုရိုးအရ

အားကိုးထားသူများပြန်ကြည့်သော်

ပျုစောထီး အမည်ခံ ဖွတ်ထီးများ ဖြစ်နေ​ကြောင်း သက်သေများနှင့်တကွ ခြေရာခံမိပါပြီ။ ဘနဖူး သိုက်တူးမည့် တစ်နှစ်သုံး လောင်းကစားသမားတွေ၊ ရဟန်းဆိုသော်လည်း ကမ္ဘာက အထင်သေးစေသည့် လုပ်ရပ်များနှင့် နာမည်ကြီးနေသူများ။ အတိတ်သမိုင်းစဥ်နဲ့ ကလျာဏ ဆိုတာကလည်း နောင်အခါ သမိုင်းမှာ မတင်ကျန်နိုင်တော့သည့် သူများကြောင့် နာမည် ဆိုးရွားခဲ့ရပါပြီ။

ခုရက်ပိုင်းထွက်လာသည့် အဖွဲ့အစည်း နာယကဆိုသူကလည်း **မင်းတို့လို အနုပညာသမားတွေကို သူရဿတီမယ်တော်ကြီးက စောင့်ရှောက်နေမှာပါ**လူ့စွမ်းရည်တုံး စကားများ ထွက်ဝံ့သူ။ နောက်တယောက်က သူများတွေ မဟာ ပြီးလို့ လုပ်ခွင်ဝင်ချိန်မှာ နောက်ဆုံးနှစ်မှာ ရုန်း နေတဲ့ သူ။

သည်လို လူတွေနဲ့ဖြင့်

မျှော်တိုင်း ဝေး

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page