top of page
Search

ကိုထိုက်ဇော်ကို ဘယ်သူလုပ်ကြံလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 25, 2020
  • 1 min read

ယခုတလော ရေးစရာစာတွေက များနေပါတယ်။ အချိန်မရှိပါ။ ယခုတောင် ကိုယ့်အသံဖိုင်ကို တူ/တူမတွေကို စာရိုက်ခိုင်းရတာပါ။

ကိုထိုက်ဇော်လုပ်ကြံခံရတယ်။ လိုင်းပေါ်တက်လာတယ်။ တပ်မတော်သတင်းမှန်က ဘာမှမတင်ဘူး။ပထမဆုံးသီအိုရီက သူပုန်တွေကြီးစိုးတဲ့နေရာမိုလို့ အသတ်ခံရတယ်ဆိုတာပါ။ ဒီသီအိုရီက ဦးကိုနီနဲ့ နေပြည်တော်က ရွေးကော်ရုံးဗုံးပေါက်တာတွေကနေ မမှန်ဘူးဆိုတာ ပြသွားခဲ့ပြီးပါပြီ။ မြန်မာပြည်မှာက တရားဥပဒေစိုးမိုးမှုက နေရာတိုင်းမှာ မရှိတာပါ။


အဲ့ဒီညနဲ့ နောက်နေ့တွေမှာဘဲ SNLD က ဒုတိယနဲ့ မဲရှုံးလို့ လုပ်သလို အကောင့်အချို့က ရေးကြပါတယ်။ RCSS က SNLD ကို ထောက်ခံတာပါ။ ဒီသီအိုရီက ရုတ်တရက်ကြည့်ရင် မှန်သလိုပါ။ ဒါပေမယ့် SNLD ရဲ့ အများစုသော အာဏာရှင်ဆန့်ကျင်ရေး မူဝါဒတွေဟာ NLD နဲ့ တူပါတယ်။ စာရေးသူတောင် SNLD ဆန့်ကျင်ရေး သိပ်မရေးတာ စာဖတ်သူများ သတိထားမိမှာပါ။ သူရယ် ဦးအေးသာအောင် ထောင်ခဲ့တဲ့ ရခိုင်ပါတီတွေက ဒီမိုစစ်စစ် တိုင်းရင်းသားပါတီတွေပါ။ ဒါကြောင့် SNLD ဟာ ဒီမိုစံအရ ဒါမျိုး မလုပ်နိုင်ပါ။ နောက် RCSS ဟာ DASSK နဲ့ အလွန်အဆင်ပြေခဲ့ပါတယ်။ သူမနဲ့ တွေ့အပြီးမှာ ပင်လုံက ပြန်အောင်မြင်သွားတာပါ။ သူမနဲ့မတွေ့ခင်က တပ်ချုပ်နဲ့ အစာမကျေဖြစ်ပြီး ပင်လုံပျက်မလို ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့် RCSSက လုပ်တာလဲ မဖြစ်နိုင်ပါ။ အနည်းဆုံး ခေါင်းဆောင်က မခိုင်းတာသေချာပါတယ်။ နောက် TNLA ပါ။ သူကလဲ အဲ့ဒီနယ်မြေမှာ လှုပ်ရှားပေမယ့် ဒီလူကိုသတ်ဖို့အကြောင်းမခိုင်လုံပါ။


ဒါဆို ဘယ်သူကျန်လဲ? ပြည်သူ့စစ်အချို့ဟာ ဘိန်းကို NLD အစိုးရက တိုက်ဖျက်လို့ မကျေနပ်ကြပါ။နောက်ပြည်သူ့စစ်ဟာ ဘယ်သူ့အောက်မှာရှိလဲဆိုတာလဲ အားလုံးသိမှာပါ။ နောက် မဘသဘုန်ကြီးအချို့ဟာလဲ အဆိုပါကိစ္စမတိုင်ခင် အာခြောင်ထားတာ တွေ့ရပါတယ်။ ယခုဟာက သေနတ်ကျည်ဆံကျန်ခဲ့လို့ ဘယ်သူက ပစ်တာလောက်တော့ သိမှာပါ။ ဒါပေမယ့် သေနတ်ကလဲ ဝယ်လို့ရပါတယ်။အားလုံးဟာ ဦးကိုနီအမှုလို သေချာလိုက်စစ်ရင်တော့ အဘနားက တစ်နေရာမှာ အဆုံးသတ်မှာပါ။ ဒီအမှုကို CID အပ်ရင်တော့ ငါးပါးမှောက်မှာပါ။


ယခုအမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ်ရော သမ္မတသစ်ကပါ ဘင်ကိစ္စကို လော်ခဲ့သူပါ။ သူတို့ကိုယခုလိုကိစ္စတွေ ဒီမိုတွေလဲ အသတ်ခံရနေတယ်ဆိုတာတွေကို ရှင်းပြသင့်ပါတယ်။ နောက်ပြီးအရေးကြီးတာက ယခုလို NLD က အမတ်လောင်းတွေ အမတ်တွေ အသတ်ခံရရင် တရုတ်နိုင်ငံ (သို့) အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံက ရဲတွေကို အကူအညီတောင်းပြီး စုံစမ်းခိုင်းသင့်ပါတယ်။ ဒါဆိုရင်သာဝကို မိမိအလုပ် မိမိလုပ်မလား နိုင်ငံခြားရဲ ခေါ်ရမလား သတင်းစကား ပါးပြီးသား ဖြစ်သွားပါမယ်လို့ ပြောပါရစေ။ ဖြစ်နိုင်ရင်တော့ သာဝအချို့ပြောင်းအောင် စကားပြောကြည့်ပါ။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 26, 2020

ဦးမြတ်!

**လကွယ်ည သန်းခေါင်ယံအလယ်မှာ ၊ မဟူရာ ကျောက်ရိုင်း၊ တစ်တုံးကို လူတကာကောက်ခိုင်းဦးတော့ ရှာလို့ တွေ့ချင်တွေ့ပါလိမ့်မယ်။**


ကိုတင်လှိုင်

****************************


ပုဏ္ဏားခြောက်ယောက် သင်္ခန်းစာမှ။ ဒါက လှံကြီး!ဒါက မြွေကြီး!ဒါက ယပ်တောင်!ဒါက တိုင်လုံး!

ဒါက အုတ်နံရံကြီး! ဒါက နွယ်ကြိုး!

အမျိုးမျိုးသော **အထင်**။

​အ​ မြင် အမှောင် ကျ ၊ မမြင်တော့ အမှန်မြင်အောင် မစမ်း နိုင်ခံဲ့ဲကြ။


*************************

ဥတေဒယံ ဂါထာထူးနဲ့ အရုဏ်ဦး

သီကျုးချိန်မှာ ---(ဦးထွန်းရွှေ)

နေမင်းရဲ့အလင်းရောင်သည်လည်း

မနေ့ကနဲ့မတူ ၊ တနေ့ကလို မပူတော့ပြီ။ အားသစ်အင်သစ်တွေ မွေးဖွားပေးခဲ့လို့ ငါ သည်----(စိုင်းထီးဆိုင်)

အစွယ် ၊ နှာမောင်း ၊ နားရွက် ၊ ကိုယ်လုံးကြီး ၊ ခြေထောက် ၊ အမြီး အသီးသီးရှိသော **ဆင်ကြီး**။


*************************


နာဠာဂီရိ အမည်ရှိတဲ့ ဆင်ကို အရက်အမျိုးမျိုးတွေ အတင်းတိုက်လို့သာ---(အောင်ခြင်းရှစ်ပါးသီချင်းမှ)

မကြာသေးသောရက်ပိုင်းက မဘိမ်းမြို့နယ်တွင် လုပ်ငန်းသုံးဆင်ပြောင်တစ်စီးသည် လူများကို နင်းသတ်ဝှေ့ရမ်း ဆင်ကန်းတောတိုးသွား၍ လိုက်လံဖမ်းဆီးထားရကြောင်း သတင်းမှတ်တမ်းများ ဖတ်မိပါသည်။

ဆင်များ လုပ်ငန်းမလုပ်ရ၍ မုန်ယိုချိန်တွင် ဆင်ကန်းတောတိုးသောကြောင့် သူ သွားရာ **လမ်း**

အဖြစ်ကျန်ရစ်ခဲ့ပေမယ့်၊ သွားရာလမ်းတလျောက် ဝန်းကျင်မှာ ဆုံးရှုံးနစ်နာမှုများဖြစ်ပွားခဲ့ကြောင်း သိ လိုက်ရပါသည်။

ထို့တူ ဆင်သည် သုံးတတ်လျှင် လူ၏ မိတ်ဆွေဖြစ်ပြီး မသုံးတတ်လျှင် ဆင်ဆိုးအဖြစ်ဆိုသော အမြင်တခုလည်းရရှိခဲ့ပါသည်။

ငယ်ငယ်ကတွေ့မြင်ဖူးခဲ့ရသည့်ရန်ကုန်တိရစ္ဆာန်ရုံထဲက မိုမို ကတော့၊ **မိုမိုရေ ဝူး**ဟူသောသီချင်းဖြင့်ပင်ဂုဏ်ပြုခံရသော ဆင်လိမ္မာဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။

မေတ္တာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page