top of page
Search

ကိုဂျင်မီနှင့် ကွီးဖြိုးကပြောသော စည်းလုံးကြပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 8, 2021
  • 1 min read

DASSK က သူအမှုရင်ဆိုင်နေရချိန်မှာ ပြည်သူတွေကို အကြိမ်ကြိမ်မှာတာက စည်းလုံးကြဖို့ပါ။တော်လှန်ရေးမှာ စာရေးသူတို့ လူမျိုးတွေအတွက် မအလကို အောင်နိုင်ဖို့ အလိုအပ်ဆုံးအရာဟာစည်းလုံးမှုပါ။ ဘာလို့စည်းလုံးမှုလိုအပ်ပါသလဲ?

စာရေးသူတို့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ PDF တွေဟာ အမေရိကန် မရိမ်းစစ်သားတွေအထူးတပ်ဖွဲ့ဝင်တွေမဟုတ်ပါ။ အမေရိကန်အထူးတပ်၊ ရုရှားအထူးတပ်၊ အင်္ဂလိပ်အထူးတပ်ဖွဲ့ဝင်တွေဟာ နှိပ်စက်တာခံနိုင်အောင် သင်ပေးထားပါတယ်။ နောက်လိမ်ပြောတာဟုတ်မဟုတ် စစ်တဲ့စက်(lie Detector) ကိုလဲ နိုင်အောင်လိမ်နိုင်အောင် သင်ပေးထားပါတယ်။ ထို့အတူဘင်လာဒင်ရဲ့အကြမ်းဖဲ့အဖွဲ့ကလဲ အမေရိကန်ကဖမ်းမိရင် အနှိပ်စက်ခံနိုင်အောင် လေ့ကျင့်ထားကြပါတယ်။သူတို့က အချိန်ယူကျင့်ခဲ့ကြတာပါ။ စာရေးသူတို့ရဲ့ ဒီမိုတွေဟာ နိုင်ငံရေးသမား အများစုပါ။ သူတို့မျှော်လင့်ထားတာက ၁၉၈၈ ထဲက စစ်အစိုးရနှိပ်စက်တာ ဖမ်းဆီးထောင်ကျတာလောက်ပါ။ ဒီခေတ်ကို ကွီးဖြိုးရော ကိုဂျင်မီရော ဖြတ်သန်းလာခဲ့ကြပြီး ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့တာက သက်သေပါ။ ဒါပေမယ့် ၂၀၂၁ က မအလတပ်ဟာ ဖက်ဆစ်နဲ့ နာဇီစပ်မွေးလာတာပါ။အလွန်ယုတ်မာပါတယ်။ သူတို့သတ်လို့ သေခဲ့တဲ့ နိုင်ငံရေးသမားတွေက သက်သေပြနေပါတယ်။

စာရေးသူ ကွီးဖြိုးထွက်တာဟာ သူနဲ့ သူ့မိန်းမအသက်ကို ရန်ရှာလို့ဆိုတာ ပြောခဲ့ ရေးခဲ့ပြီးပါပြီ။သိသလောက်က သူ့မိန်းမနဲ့ သူ့ဝန်ကြီးတွေ ရန်မရှာအောင် သူကထွက်ပုံပါ။ ပထမမှာ ငြင်းနေပြီးသူ့မိန်းမကို ဖမ်းအပြီးမှာ ပြောင်းသွားခဲ့တာပါ။ ဒီနေရာမှာ သူဟာ သမ္မတတို့ DASSK တို့နဲ့ မတူပါ။သမ္မတတို့ DASSK တို့ဟာ နိုင်ငံခြားက စောင့်ကြည့်နေလို့ မထိရဲပါ။ ကျန်လူများက သမ္မတလိုအကာအကွယ်မရှိပါ။ စာရေးသူ ကွီးဖြိုးကို လေးစားလို့ ယခင်ရေးခဲ့သလို သူမအလလက်ထက်မှာ အသတ်ခံရရင် မအလသမီးတွေ မြေးတွေက လာမှာပါ။ ရန်ကုန်တိုင်း တိုင်းမှူးလဲပါပါမယ်။ဒါက တစ်ပိုင်းပါ။ နိုင်ငံရေးအရကတော့ သူဘာလုပ်လုပ် သိပ်မထူးတော့ဘဲ NUG ခေတ်ဖြစ်သွားလို့ သူ့ကိုလူကြိုက်ကြိုက် မကြိုက်ကြိုက် စာရေးသူ ဘာမှမဖြစ်ပါ။

ဒီနေရာမှာ သူ့ကိစ္စထက်အရေးကြီးတဲ့ ကိုဂျင်မီကိစ္စပါ။ ကွီးထွက်ချိန်မှာ နားလည်ပေးသူရှိသလိုအချို့နယ်စပ်က၊ အချို့က နိုင်ငံခြားက၊ အချို့က profile lock ချပြီး ဘယ်လို သတ္တိရှိသင့်ကြောင်း အာချောင်ကြပါတယ်။ ထိုသတ္တိရှိသင့်ကြောင်းပြောသူအချို့က နယ်စပ်ကပါ😀။ ဒါကကွီးကိစ္စမှာ စာရေးသူရေးခဲ့သလိုဘဲ စာရေးသူက မကျေနပ်ပေမယ့် ကျော်သွားလို့ရပါတယ်။

ကိုဂျင်မီဟာ ပြေးချိန်ချော်လဲချိန်မှာ မြေကြီးနဲ့ ခေါင်းစောင့်မိတာလား ဒါမှမဟုတ် သေနတ်နဲ့ခေါင်းနောက်ကို ရိုက်လိုက်လို့လားမသိတဲ့ ဒဏ်ရာနဲ့ မေ့သွားခဲ့ပါတယ်။ ဆေးမှတ်တမ်းအရဦးခေါင်းထိဒဏ်ရာ Head Injury လို့ သုံးပါတယ်။ သူတို့ ဓာတ်မှန်ရိုက်ပြီး နောက်နေ့ သတိလည်လာတာနဲ့ ရွှေပြည်သာ စစ်ကြောရေးကို ခေါ်သွားခဲ့ပါတယ်။ သူတို့ပြောတာနဲ့ မိတာဟုတ် မဟုတ်က NUG အဖွဲ့သာ သိမှာပါ။ စာရေးသူ မှတ်ချက်မပေးလိုပါ။ သူ့ဖမ်းမိချိန်မှာတော့ လက်နက်မရှိပါ။ ဒီနေရာမှာ ဒီမိုတွေဟာ မိမိအသက်ကို ပဓာနမထားဘဲ လုပ်နေကြရတာပါ။ အားလုံးသတိထားဖို့က စာရေးသူ ယခင်က ခဏခဏ ရေးခဲ့သလို မိမိရဲ့ အဆက်အသွယ်တွေကို လွတ်မြောက်နယ်မြေကလူကသာ သိထားပြီး ပြည်တွင်းကလူကို လိုအပ်တာသာ ပေးသိထားဖို့ပါ။ ဒါမှ မိမိလူအဖမ်းခံရရင် သူကဘာမှမသိလို့ ဘယ်လိုနှိပ်စက်စက် ဘာမှမပြောမိမှာပါ။

နောက်မအလဟာ ကိုဂျင်မီကိုဖမ်းရာမှာ ဒူးထောက်ခိုင်းပြီး ဒီမိုတွေကို ဆွပေးနေတာ တွေ့ရမှာပါ။ဒါက မအလတပ်ရဲ့ ပုံရိပ်နဲ့ လူမဆန်မှုကို ပြနေတယ်ဆိုတာ မမေ့ကြပါနဲ့။ နောက်သူ့ဗီဒီယိုတွေ ဖွင့်ပြပါအုံးမယ်။ ပြည်သူအားလုံးက ဘာမှအပြစ်တင်မနေဘဲ စည်းလုံးနေဖို့သာ အရေးကြီးတာပါ။ဒီအချိန်မှာ ဘယ်သူကသစ္စာဖောက် ဘယ်သူကဘာလို့ မိမိရဲဘော်အချင်းချင်းကို စွပ်စွဲမနေဘဲ မိမိရဲဘော်တွေကို နားလည်ပေးကြပါ။ တော်လှန်ရေးမှာ ဖြစ်သင့်တာက လွတ်မြောက်နယ်မြေကနေသာ အဖွဲ့များစွာကို တိုက်ရိုက်ကွပ်ကဲပါ။ ပြည်တွင်းကလူကိုတော့ သူ့နားကအဖွဲ့သာ ပေးသိပါ။သတင်းလုံခြုံမှုရှိပါ။ ဒါပါဘဲ။ ဒလန်ရှင်းတာ အုပ်ကြီးရှင်းတာ မပလတပ်ရှင်းတာကတော့ ဆက်လုပ်ကြပါ။ ဒါက အထိရောက်ဆုံးပါ။ ကုလက ကြေညာချက်ထုတ်တာကို မကြောက်ပေမယ့် မိမိတပ်ကလူ သေသွားရင်တော့ ကြောက်ပါတယ်။ ပြည်သူသာ အဓိကပါ။ စည်းလုံးကြပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page