top of page
Search

SRA က အနိုင် အရှုံးကို ဆုံးဖြတ်ပေးမှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 25, 2025
  • 3 min read

ယခုရက်ပိုင်း SRA ဖွဲ့လိုက်တာကို သတင်းသမားများက ဦးစားပေး မြှောက်ထိုးပင့်ကော် တင်ပေးသလို တတိယအုပ်စု၊ စစ်ခွေးအုပ်စု၊ ဘောမအုပ်စု၊ သခင်ကြီးလော်ဘီတွေကလဲ တက်ညီလက်ညီ လော်ကြတာ တွေ့ရပါတယ်။

ပထမအဆင့်ကတော့ SRA ဖွဲ့တာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပါ။ အဖွဲ့ဖွဲ့နိုင်တာက လူတစ်ယောက်တစ်ဖွဲ့ထက်စာရင် အင်မတန်ကောင်းပါတယ်။ NRA လိို နိုင်ငံရေးအရ ဖွဲ့နိုင်တာကလဲ အင်မတန်ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေကို NUG မကောင်းဘူးဆိုပြီး ဆိုက်ဝါးသွင်းလာလို့ ယခုလိုဖွဲ့လိုက်ခြင်းဖြင့် ပြည်သူတွေက နိုင်ငံရေးမှာ NUG ကို NRA နဲ့ ယှဉ်ကြည့်နိုင်မှာဖြစ်သလို စစ်ရေးမှာလဲ SRA နဲ့ ယှဉ်ကြည့်နိုင်မှာပါ။ စျေးကွက်စီးပွါးရေးက ပြိုင်ဆိုင်မှုရှိရင် တိုးတက်တယ်ဆိုတော့ တော်လှန်ရေးကလဲ တိုးတက်မလားဆိုပြီး တွေးကြည့်တာပါ။ ဒါပေမယ့် တော်လှန်ရေးဟာ စျေးကွက်စီးပွါးရေး မဟုတ်ဘူးဆိုတာ အားလုံးသိမှာပါ။

ဒါဆိုရင် SRA က NUG မသိမ်းနိုင်တဲ့မြို့တွေကို သိမ်းတော့မလား? SRA က စစ်ရေးအရ NUG ထက် ပိုပြီး လက်စွမ်းထက်တော့မှာလား? မီဒီယာတွေ၊ ဆိုရှယ်မီဒီယာတွေက လော်ဘီတွေရေးတာက နဂါးက စစ်ကိုင်းသိမ်းမယ်ဆိုတာကို သွားသတိရမိစေခဲ့ပါတယ်။ ဒါကို ခဏမေ့ပြီး SRA က စစ်ရေးအရ ဘယ်လို မအလကို ခြိမ်းခြောက်နိုင်မလဲ လေ့လာကြည့်ရအောင်။

SRA မှာ အဓိက အားကြီးတဲ့အဖွဲ့က CB, KNDF နဲ့ BPLA ပါ။ ပထမဆုံးက နိုင်ငံရေးသဘောတူညီချက်ရှိပြီလားဆိုတာပါ။ အဆိုပါအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေက အပြောအဆိုကောင်းပါတယ်။ သူတို့က ဥက္ကဌ၊ သူတို့ကပဲ တပ်ချုပ်ဖြစ်နေပါတယ်။ သူတို့က နိုင်ငံရေးခေါင်းဆောင်လုပ်မလား စစ်ရေးခေါင်းဆောင်လုပ်မလား ဆုံးဖြတ်ရမှာပါ။ ဒါဆိုရင် ငါတို့ နိုင်ငံရေးသဘောတူညီချက်မရလဲ စစ်ရေးအရ ပေါင်းတိုက်ရင်ရတယ်ဆိုပြီး သူတို့က ပြန်ပြောမှာပါ။ ဒီလိုအတွေးနဲ့ ၁၀၂၇ မှာ ဝင်တိုက်ခဲ့တာ ဝင်တိုက်နေတာတွေရှိကြပါတယ်။ MNDAA, TNLA, AA က သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ရှိကြပါတယ်။ သူတို့က သူတို့ရဲ့ ရည်မှန်းချက်ရချိန်မှာ ရပ်လိုက်တာ သူတို့နယ်မြေက BPLA, PLA, KNDF တပ်တွေကို မအလတပ်နဲ့ သဘောတူညီချက်ရချိန်မှာ ထွက်ခိုင်းခဲ့တာကို အားလုံးမှတ်မိ သတိရနေမယ်ထင်ပါတယ်။ လားရှိုးမှာ လုံးဝ ပြန်မတိုက်နိုင်ခဲ့ဘဲ PLA, KNDF နဲ့ BPLA တို့က ဆုတ်ပေးခဲ့ရပါတယ်။ မန္တလေး PDF လဲ မိုးကုတ်က ဆုတ်ပေးခဲ့ရပေမယ့် NUG အောက်က PDF ဖြစ်လာလို့ မိုးကုတ်ကို အတိုင်းအတာတစ်ခုအထိ ပြန်တိုက်နေနိုင်ခဲ့တာပါ။ ဒါက နိုင်ငံရေးအရ သဘောတူညီချက်မရဘဲ လူငယ်တို့သဘာဝ ဝင်တိုက်ချိန်မှာ မိမိလူသာနာခဲ့ပြီး ဘာမှ သိပ်အကျိုးမရှိခဲ့တာက ပြတာပါ။ သမိုင်းက ဆုံးဖြတ်မှာပါ။

ဒါဆိုရင် SRA ထဲက အားကြီးတဲ့အဖွဲ့တွေက ကယ်နိုင်မှာလား? CB ဟာ ချင်းမှာ ထိုးစစ်ကို ရင်ဆိုင်နေရသလို AA နယ်ကို ကာကွယ်နေရပါတယ်။ ထို့အတူ KNDF က ကရင်နီ/ကယားမှာ မအလထိုးစစ်ကို ရင်ဆိုင်နေရဆဲပါ။ BPLA က သူ့တပ်မဟာ (၅) ထဲက ထိုးစစ်ကို ခုခံနေပြီး BGF ထိုးစစ်အပေါ်မူတည်ပြီးသာ လှုပ်ရှားနိုင်မှာပါ။

သူတို့က ထိုးစစ်အငယ်တွေ လှုပ်ရှားနိုင်ပေမယ့် မြို့သိမ်းတာကိုတော့ NUG အောက်မှသာ လုပ်နိုင်မှာပါ။ CB နဲ့ KNDF က သူ့နယ်မှာ ထိုးစစ်ကို တန်ပြန်တာတော့ လုပ်နိုင်မှာပါ။

တော်လှန်ရေးနဲ့ စစ်ပွဲတွေနိုင်ဖို့ စာရေးသူတို့သင်ကြားခဲ့ရတဲ့ Sun Tzu, Clausewitz တို့ကလာတဲ့ သီအိုရီကို ရေးပြပါ့မယ်။ ပထမက နိုင်ငံရေးအရ ရှင်းလင်းတဲ့ ရည်မှန်းချက်၊ သဘောတူညီချက်ရှိရပါမယ်။ (Clear and Achievable Political/Strategic Objectives)၊ ဒါက NUG နဲ့ KIA မှာသာ ရှိပါသေးတယ်။

ဒုတိယအချက်က Superior Leadership and Command ပါ။ ခေါင်းဆောင်မှု၊ ရှင်းလင်းတဲ့ အမိန့်ပေးစနစ်ပေါ့။ ဒါက NUG ရဲ့ PDF မှာ ယခင်က မရှိခဲ့ပေမယ့် ယခုရှိလာနေပါပြီ။ ဒီကိစ္စကို SRA က တပ်ချုပ်တွေ ရှင်းရအုံးမှာပါ။ စုပေါင်းအမိန့်ပေးစနစ်က စစ်ရေးမှာ အလုပ်မဖြစ်ပါ။

တတိယအချက်က Intelligence and Situational Understanding ("Know the Enemy and Yourself), မိမိအခြေအနေနဲ့ ရန်သူ့အခြေအနေကို သိခြင်းပါ။ ဒါကတော့ NUG/PDF ရော, SRA မှာပါ ရှိတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် SRA က မိမိဒေသမှာဖြစ်ပြီး NUG အောက်က PDF က ပိုပြီး နိုင်ငံလုံး လွှမ်းခြုံရလို့ ပိုအမြင်ကျယ်တယ်ထင်ပါတယ်။


စတုတ္တအချက်က Force Superiority and Concentration (Mass at the Decisive Point) ဒါက လိုတဲ့နေရာကို တပ်တွေ အမြောက်အများပို့ပြီး တိုက်ရတာပါ။ ဆီးရီးယားမှာ လိုတဲ့အချိန် HTS အဖွဲ့က တက်သိမ်းတာမျိုးပေါ့။ ဒါမျိုးက တပ်ရွှေ့၊ တပ်ပြောင်းအတွက် နယ်မြေတွေဖြတ်ရာမှာ နိုင်ငံရေးအရ သဘောတူညီချက်ရမှပါ။ ဥပမာ ဝ နယ်ကို သူသဘောမတူရင် ဖြတ်လို့မရပါဘူး။


ပဉ္စမအချက်က Maneuver, Surprise, and Indirect Approach ပါ။ ဒါက ရန်သူကို ယခုစစ်ကိုင်း၊ မကွေး၊ တနင်္သာရီမှာ တိုက်နေတာမျိုးပါ။ ဒါက NUG PDF နဲ့ ပကဖက အဓိကတိုက်နေတာပါ။ SRA ထဲက CB, KNDF လဲ သူတို့ဒေသတွေမှာ တိုက်နေပါတယ်။ သူတို့ကတော့ ပိုမြင့်တဲ့ ခုခံမှုပေါ့။

ဆဌမအချက်က Morale, Will, and Cohesion ပါ။ ဒါက တော်လှန်ရေးတပ်အားလုံးမှာ စိတ်ဓာတ်က သာပြီးသားပါ။ ဒါပေမယ့် ပြောရေးဆိုခွင့်ရသူတွေများနေပြီး ဒါက စုစည်းမှုကို ပြဿနာတက်စေပါတယ်။ ဒီနေရာမှာ NUG အောက်က PDF က ပိုပြင်ရမှာဖြစ်ပြီး CB, KNDF, BPLA က အခြားအာချောင်သူတွေကို စကားပြောခွင့်မပေးထားပါ။ ဒါပေမယ့် NUG အောက်မှာက PDF တပ်ရင်းများလို့လဲ ဖြစ်နိုင်ပါတယ်။

နောက်လိုအပ်တာက Logistics, Sustainment, and Endurance ပါ။ ထောက်ပို့နဲ့ ရေရှည်ခံနိုင်ရေပါ။ ဒါက NUG က သူ့ PDF ကို ရေရှည်ထောက်ပံ့နိုင်မှာလား SRA ကလားဆိုတာက စောင့်ကြည့်ရမှာပါ။ ဒါကတော့ ပြည်သူ့အားလိုပါတယ်။

နောက်ဆုံးလိုအပ်တာက Adaptation and the Human Element ပါ။ မအလက ဒရုံးသုံးရင် ဘယ်လို ပြန်တုန့်ပြန်မလဲ? ဒါက နည်းပညာလိုသလို အချို့ကိစ္စတွေမှာ လုပ်သင့် လုပ်ထိုက်တာကို ယူကရိန်းက ရုရှားမှာလုပ်သလို အံ့ဩအောင် ရုတ်တရက် မထင်မှတ်တဲ့နေရာ၊ စခန်း၊ လူတွေကို တိုက်ခိုက်တာမျိုးပါ။ ယူကရိန်းက ရုရှားဗိုဘ်ချုပ်ကြီးကို လုပ်ကြံတာ၊ ရေနံချက်စက်ရုံတွေကို ဒရုံးနဲ့တိုက်တာ၊ ရေနံတင်သင်္ဘောကို တူရကီမှာ သွားလုပ်တာက မထင်မှတ်တဲ့နေရာမှာ မထင်မှတ်တာ လုပ်သွားခဲ့တာပ့။ ဒါက ပေးဆပ်မှုတွေရှိမှာပါ။

ပြည်သူတွေအနေနဲ့လဲ အခြားမျှော်တာကို လျှော့ပါ။ နေတိုးလဲ လာမကယ်သလို ညီနောင်သုံးဖော်ကလဲ လာမကယ်ပါဘူး။ အချို့ကိစ္စတွေမှာ သူတို့သယံဇာတတူးတာက NUG အုပ်ချုပ်တာကို ဝေဖန်သူတွေ ပါးစပ်ပိတ်လောက်အောင် လုပ်သွားတာတွေရှိပါတယ်။ ညီညွတ်ရေးအတွက်သာ ထည့်မရေးတာပါ။ ဆီးရီးယားမှာ အင်အားကြီးတဲ့ ကဒ်သူပုန်ဟာ ဆီးရီးယားမြို့တော်ကို ဝင်သိမ်းရာမှာ မပါခဲ့ပါဘူး။ သူက သူ့လူမျိုးရှိတဲ့ မြို့ပေါ်က ရပ်ကွက်တွေမှာ နေရာချပြီး လက်ရှိဆီးရီးယားအစိုးရကိုတောင် ပြန်ဒုက္ခပေးနေပါသေးတယ်။ သူ့ကို အမေရိကန်တပ်က အကူအညီပေးလို့ လက်နက်ကောင်းပေမယ့် တော်လှန်ရေးကို တကယ်မကူခဲ့ပါ။ ဆီးရီးယားမှာ အာဏာရှင်ပြုတ်ကျပေမယ့် သူက ဒီမိုအစိုးရကို ဒုက္ခပေးဖို့ ဆက်ရှိနေပါသေးတယ်။

မြန်မာ့အရေးမှာတော့ AA က ဘာလို့နိုင်နေလဲ, အစဉ်အလာကြီးတဲ့ KNU က ဘာလို့ နိုင်သင့်သလောက် မနိုင်လဲဆိုတာ အထက်က ရေးထားချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။

အထက်ပါ စစ်ရေးအရနိုင်ဖို့ လိုအပ်ချက်တွေကိုကြည့်ရင် NUG PDF ကသာ ဖြစ်နိုင်ချေအများဆုံးပါ။ ဒါဟာ ဒီ SRA အဖွဲ့တွေက မကောင်းဘူးလို့ ပြောတ မဟုတ်ပါ။ စိန်ခေါ်ချက်တွေများစွာရှိနေတာကို ပြပါတယ်။ ဒီနေရာမှာ CB, KNDF, BPLA ခေါင်းဆောင်တွေက နိုင်ငံရေးသဘောတူညီချက်ယူရမှာဖြစ်ပြီး မိမိတို့ကိုးကန့်ကိစ္စကို သင်ခန်းစာယူရမှာပါ။ မိမိတို့က နိုင်ငံရေးခေါင်းဆောင်ဖြစ်ချင်တာလား စစ်ရေးခေါင်းဆောင်ဖြစ်ချင်တာလားဆိုတာ ပထမဆုံး ဆုံးဖြတ်ရမှာပါ။ နိုင်ငံရေးခေါင်းဆောင်ဖြစ်လိုရင်တော့ သူတို့ NUG အောက်မဝင်တာက သဘာဝကျပေမယ့် သူတို့အချင်းချင်း ပြန်ညှိရမှာပါ။ စစ်ရေးခေါင်းဆောင်သာ ဖြစ်လိုတယ်ဆိုရင်တော့ လွယ်မှာပါ။ ဒီအဖွဲ့တွေဟာ မန္တလေး PDF လို NUG အောက်ဝင် စစ်တိုင်းတပ်မှူးတွေလုပ်ရင်၊ စစ်ဦးစီးချုပ်ရှုံးမှာ ဝင်ပါရင်တော့ တိုင်းပြည်အတွက် အကျိုးများမှာဖြစ်ပြီး သားရွှေအိုးထမ်းတာ ဖြစ်မှာပါလို့ ပြောပါရစေ။  ဘာလို့ဒီလိုပြောလဲဆိုတော့ သူတို့တွေရဲ့ ပြောပုံဆိုပုံကောင်းပြီး လက်တွဲပြီး NUG အောက်ကို မန္တလေး PDF လိုဝင်ရင် NUG PDF က ပိုသွက်သွားမှာပါ။ မဟုတ်ရင်တော့ ကြာပါမယ်။ ပြည်သူကတော့ NUG အောက်က PDF ကိုသာ ဆက်ထောက်ခံပေးပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page