top of page
Search

PDF သတင်းပို့စနစ်နှင့် အဖမ်းမခံရအောင် ရှောင်နည်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 3, 2021
  • 1 min read

ဖက်ဆစ်တပ်ဟာ PDF တစ်ယောက်ဖမ်းမိရင် အခြားလူကို ဖုန်းဆက်ခေါ်ခိုင်း ပြီးလို့တွေ့ရင်နောက်လူကို ထပ်ဖမ်းပါတယ်။ ဒါဟာ ရိုးရှင်းလို့ သာမန်ဆို လွတ်မယ်ထင်ပေမယ့် ဒီအကွက်ကြောင့် အဖမ်းခံရတာ ရှိနေလို့ ဒီစာကိုရေးပါတယ်။

ပထမက တပ်ထဲမှာလို ပုံမှန်သတင်းပို့စနစ်သုံးပါ။ ဒါကိုအားလုံး Facebook အကောင့်တုစကားဝှက်နဲ့ထားကြပါ။ အစိုးရဖုန်းကို လုံးဝမသုံးပါနဲ့။ ခဏခဏ ပြောပါတယ်။ အချင်းချင်း ဖုန်းနံပတ်မပေးပါနဲ့။ လိုင်းပေါ်ကနေသာ ဆက်သွယ်ပါ။ ဥပမာ PDF ၁၀ ယောက်ဆိုရင် သူတို့ကိုအုပ်ချုပ်သူ သတင်းပို့သူကို ပြည်တွင်းကမဟုတ်ဘဲ ပြည်ပကလူကို ပေးထားပါ။ ဥပမာ မောင်ဖြူက ပြည်ပက ဆက်သွယ်ရေးခေါင်းဆောင်ပေါ့။ ကျန် ၁၀ ယောက်က မောင်ဖြူ့ကို Facebook group ကနေ မနက်တစ်ခါ ညတစ်ခါ သတင်းပို့ပါ။ မောင်နီက ၁၀ ယောက်ရဲ့ လက်တွေ့ တပ်စုမှူး။မောင်နီ့က ၁၀ ယောက်နာမည်သာသိပြီး လိပ်စာနဲ့ အခြားအသေးစိတ်ကို ပြည်ပက မောင်ဖြူကိုသာ ပေးသိရန်ပါ။ video call ခေါ်ရရင် ခေါ်ပြီးမောင်ဖြူ့ထံသတင်းပို့ပါ။ သတင်းပို့ ပျက်ကွက်တာနဲ့ အဆိုပါလူကို ရန်သူ့ထံပါသွားသူလို့ သတ်မှတ်ပါ။ ဒါမှ မောင်နီအဖမ်းခံရလဲ မောင်ဖြူကအခြားအဖွဲ့ဝင်တွေကို ပြောပြနိုင်မှာပါ။ နောက် မိမိတို့ စစ်ဆင်ရေးအတွက်အပြင်သွားရင် ဘာ့ကြောင့်ထွက်ထွက် သတင်းပို့ပါ။ ဘယ်လောက်ကြာမယ် ပြောထားပါ။ ပြန်ရောက်ရင် သတင်းပို့ပါ။ အချိန်မှီ ပြန်ရောက်ကြောင်း သတင်းမပို့နိုင်ရင် ဒီလူဟာ ရန်သူ့ထံကျသွားပြီလို့ သတ်မှတ်ပါ။ဒါတွေက တပ်ထဲက စစ်ဆင်ရေးသတင်းပို့မှုပုံစံအပေါ် မူတည်ပြီးရေးပြထားတာပါ။ ပြည်ပကလူကို ခေါင်းဆောင်မဟုတ်ရင်တောင် ဆက်သွယ်ရေးကိုင်ခိုင်းတာက သူ့ကို စရဖက မဖမ်းနိုင်လို့ထွန်းတောက်နိုင်လို ပြဿနာကို ရှောင်နိုင်အောင်ပါ။ ယခုက စစ်သင်တန်းတက်ထားတဲ့ PDF မဟုတ်ဘဲ ဒေသဆိုင်ရာအဖွဲ့လေးတွေမိုလို့ ပြောပြတာပါ။ သင်တန်းတက်တဲ့ တပ်မတော်ကတော့လိုအပ်တဲ့ ဆက်သွယ်ရေးကွန်ရက်နဲ့ နည်းပညာရှိမှာပါ။ ဒါက မြို့ပေါ်ကို အဓိကထား ရေးတာပါ။မင်းတပ်တို့လို့ ဒေသတွေ KIA ဒေသတွေက တမျိုးပါ။ နောက် PDF တွေအနေနဲ့ BBC VOA ကိုဖုန်းနဲ့ စကားမပြောပါနဲ့။ zoom တို့ Facebook တို့ကသာ အင်တာဗျူးဖြေပါ။ သူတို့သတင်းထောက်တွေရဲ့ ဖုန်းကနေ စရဖက လိုက်နိုင်လို့ပါ။

စာရေးသူ ရေးရာပြောရာမှာ နိုင်ငံခြားကလူကို ကြားခံအဖြစ်သုံးခိုင်းတာက ပြည်တွင်းက ကြားခံလူကိုမိသွားရင် သတင်းအကုန်ပါသွားနိုင်လို့ပါ။ သူတို့နှိပ်စက်ရင် ဘယ်သူမှ မခံနိုင်ပါဘူး။ စာရေးသူတောင် လက်တွေ့နည်းလမ်းကိုသာ ကျင့်သုံးပါတယ်။

နိုင်ငံခြားက ဒီမိုစစ်စစ်များကလဲ ဝင်ကူနိုင်မယ်လို့ ယုံကြည်ပါတယ်။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

3 Comments


Myint Soe Oo
Myint Soe Oo
Aug 03, 2021

တွင်ရစ်ပါစေသော်။ ။


ဦးမြတ် ရိုက်ရင်း error တက်တက်နေ၍ နားလည် ပေးပါရန်။


Like

Myint Soe Oo
Myint Soe Oo
Aug 03, 2021

အကျိုးပေး ကံ

မူမှန် စင်ကြယ်

မဖောက်မပြန် အမှန်အစစ်

သမိုင်းတွင်ရစ်

ကမ္ဗည်းအသစ်

Like

Myint Soe Oo
Myint Soe Oo
Aug 03, 2021

ဦးမြတ်!!! မြိုင်မြို့နယ်မှ ကိုဖိုဌေးကဲ့သို့သော အနစ်နာခံ ဆောင်ရွက်ကြသည့်PDFလူငယ် လူရွယ်များ ထပ်မံ အဆုံးအရှုံးမခံရအောင် ရည်ရွယ်ချက်ကောင်းကောင်းဖြင့် နှံ့နှံ့စပ်စပ် တင်ပြ အသိပေးမှုကို အထူးကျေးဇူးတင်ပါသည်။

စေတနာသည် ကံ ဟူသော အလုပ်ပါ။

စေတနာဖြူသမျှ

အကျိုးပေးကံ

မူမှန် စင်ကြယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page