top of page
Search

PDF များ လမ်းမပေါ်ကားစစ်ဆေးနည်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 21, 2021
  • 1 min read

ယခုစစ်ဆင်ရေးမှာ မအလဟာ စစ်ကားတွေ မိုင်းခွဲခံနေရလို့ အရပ်သားကားတွေသုံးတာ ဘုရားဖူးကားတွေထဲကြားညှပ်လိုက်တာတွေ လုပ်ဆောင်နေပါတယ်။ ဒီလိုအရပ်သားကားတွေက PDF စခန်းတွေထံ ကပ်လာခဲ့ရင် PDF အတွက် အများကြီး နစ်နာပါတယ်။ ဒါကို ဘယ်လိုတားဆီးမလဲ?

လမ်းပေါ်ကားစစ်ရာမှာ အမြဲစခန်းချစစ်တာနဲ့ ရှောင်တခင်စစ်တာဆိုပြီး နှစ်မျိုးရှိပါတယ်။ အမြဲစခန်းချစစ်ဖို့ဆိုတာက ဝ တို့လို နယ်မြေအပိုင်မှ ဖြစ်နိုင်မှာပါ။ လောလောဆယ် မဖြစ်နိုင်သေးပါ။ ဒါ့ကြောင့် ရှောင်တခင်စနစ်ကိုသာ ကျင့်သုံးရပါမယ်။

စစချင်း မိမိတို့နယ်ကိုလာတဲ့ ခရီးသွားယဉ်များကို လိုင်းပေါ်ကနေ မှတ်ပုံတင်ခိုင်းပါ။ PDF ကို အသိအမှတ်မပြုလို့မှတ်ပုံမတင်ရင် ဥပဒေအတိုင်း AA က လုပ်သလို လုပ်လိုက်ပါ။ အစပိုင်းမှာ နာမည်ဆိုးနိုင်ပေမယ့် မြန်မာလူမျိုးဘုရားဖူး Gen Lee များက သေမှာကြောက်ကြပါတယ်။ ဒါက ပထမပိုင်းပါ။

ဒုတိယက အဆိုပါလမ်းပေါ်မှာ မိမိတို့နယ် မရောက်ခင်အထိ မိမိတို့လူတွေကို အသွင်မျိုးစုံနဲ့ ထောက်လှမ်းဖို့ထားထားပါ။ ဒါက ဒုတိယစည်းပါ။

နောက်ဆုံးက မိမိတို့ စစ်တဲ့နေရာကို အမှတ်အသားပြပြီး ကားတွေကို အရှိန်လျော့မောင်း၊ မှန်ချမောင်းခိုင်းပြီးခရီးသည်တွေကို လမ်းဆင်းလျှောက်ခိုင်းတာပါ။ အရှိန်မလျှော့တဲ့ကားကတော့ ဥပဒေအရ အရေးယူရမှာပါ။အဆိုပါလမ်းကို တောင်ကုန်းရှိတဲ့ သစ်ပင်အကြီးတွေရှိတဲ့နေရာမှာ ရွေးရင် ပိုကောင်းပါတယ်။ မိမိတို့စခန်းချရာနေရာကို ရန်သူဝင်မလာနိုင်အောင် ကာဗုံးထောင်ထားရမှာဖြစ်သလို မိမိဆုတ်မယ့်လမ်းမှာလဲ ထောင်ထားရပါမယ်။တောင်ပေါ်မှာ/ သစ်ပင်ပေါ်မှာ လက်ဖြောင့်သေနတ်သမားတွေ ရှိနိုင်ရင် ပိုကောင်းပါတယ်။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page