top of page
Search

DASSK တရားရုံးမှာ ပြည်သူကို ဘာပြောခဲ့လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 18, 2022
  • 1 min read

DASSK ဟာ မအလက ပြည်သူကို PDF၊ NUG၊ CRPH ကိစ္စကို မှတ်ချက်ပေးလို့ရတယ်ဆိုကထဲက ဘာမှမပြောတော့ပါ။ မအလကို DASSK က သူ့ရှေ့နေတွေကို ဘာတွေပြောတယ်ဆိုတာကို တရားမဝင်အသံဖမ်းစက်တွေကနေ ဖမ်းယူပြီး အဆင့်ဆင့် တင်ပြရလေ့ရှိပါတယ်။ ဒီအသံဖိုင်ကို ဘယ်သူတွေ ဘယ်အဆင့်တွေက နားထောင်ခွင့်ရှိလဲဆိုတာတော့ လုံခြုံရေးအရမပြောလိုတော့ပါ။ ဒါ့အပြင် ရှေ့နေတွေကိုလဲ သတင်းသမားတွေနဲ့ စကားပြောခွင့်ကို ပိတ်ထားခဲ့ပါတယ်။

ဒါပေမယ့် မနေ့က ၁၈/၄/၂၂ မှာ DASSK က “ပြည်သူများအချင်းချင်း ညီညွတ်ကြရန်နှင့်အမြင်မတူမှုများကို ဆွေးနွေးရန်လိုအပ်ကြောင်း” လို့ပြောတယ်ဆိုပြီး ရှေ့နေအသိုင်းအဝိုင်းမှသိရဆိုပြီး ဘော်မပေါ်ပြူလာနဲ့ ဘီဘီစီ မြန်မာပိုင်းက သတင်းအနေနဲ့ ပြောသွားခဲ့ပါတယ်။ပေါ်ပြူလာက ဘောမမိုလို့ ဘာမှ မပြောလိုပါ။ ဒါပေမယ့် ဘီဘီစီ မြန်မာပိုင်းဟာ ဘီဘီစီရဲ့သတင်းကျင့်ဝတ်အရ PDF က မအလတပ် ဘယ်နှစ်ယောက်သေတယ်ဆိုရင်တောင် သီးခြားအတည်ပြုချက်မရရင် သီးခြားအတည်ပြုချက်မရပါလို့ ပြောလေ့ရှိပါတယ်။ သတင်းတောင်မလွှင့်ပါ။ ဒါပေမယ့် ဒီ DASSK က ပြောတယ်ဆိုတာကို သတင်းအရင်းအမြစ်နှစ်ခုက မရဘဲတင်တာဟာ ထူးဆန်းနေပါတယ်။ နောက်ရှေ့နေတွေဟာလဲ သတင်းသမားတွေနဲ့ စကားပြောခွင့်ကို ဥပဒေအရ ပိတ်ထားပါတယ်။

ဒါဆိုရင် DASSK က ဘာပြောခဲ့လဲ? သူမက ပြည်သူတွေကို စည်းလုံးကြပါ ညီညွတ်ကြပါလို့ပြောလေ့ရှိပါတယ်။ ဒါပေမယ့် “အမြင်မတူမှုများကို ဆွေးနွေးရန်လိုအပ်ကြောင်း” ဆိုတာကိုတော့ မအလနဲ့ ဆွေးနွေးဖို့ မပြောခဲ့ပါ။ ရှေ့နေများအနေနဲ့ ပြောလိုရင်လဲ ဘာအကြောင်းအရာပေါ်မှာ အခြေခံပြီး သူမပြောတယ်ဆိုတာ အတိအကျပြောပြရပါမယ်။ စကားတစ်ခုကိုအဓိပ္ပါယ်နှစ်ခွထွက်ပြီး DASSK ကို ပြည်သူတွေ အမြင်ဝေဝါးအောင် မလုပ်သင့်ပါ။

DASSK ဟာ NLD ပါတီကို စာရင်းစစ်တာ၊ အာဆီယံနဲ့တွေ့တာတွေမှာ NUG၊ CRPH၊ PDF ကိစ္စကို NLD CEC မျက်နှာစုံညီအစည်းအဝေးထိုင်ပြီးမှ သဘောထားပေးမယ်လို့ အမြဲပြောခဲ့ပါတယ်။ သူပြောတဲ့ အသံဖိုင်တွေမှာ နားထောင်ဖူးပါတယ်။ သူမ ပြည်သူက ဆုံးဖြတ်တာကိုနာခံရမှာဖြစ်ကြောင်း ဘာကြောင့်ပြည်သူက ဒီလိုဆုံးဖြတ်လဲဆိုတာကို သူမက သတင်းတွေကို NLD CEC ကတဆင့် သိလိုတဲ့ပုံပေါ်ပါတယ်။ လောလောဆယ်မှာ သူမက ယခင်ကလိုပြည်ပ မြန်မာပိုင်းရေဒီယိုတောင် မနားထောင်ရတာတွေရှိပြီး မအလသတင်းစာ၊ မြဝတီနဲ့MRTV သာ ကြည့်နေရတာပါ။ အဲ့ဒီမှာပြတာတော့ သူမသိမှာပါ။ ရှေ့နေတွေပြောတာတော့ စာရှည်မှာစိုးလို့ ထည့်မရေးတော့ပါ။

အကျဉ်းချုပ်ရရင် DASSK က ပြည်သူတွေကို ညီညွတ်ကြပါ၊ စည်းလုံးကြပါလို့ ပြောလေ့ရှိပါတယ်။ ကျန်းမာရေး ဂရုစိုက်ဖို့ကို ပြောလေ့ရှိပါတယ်။ ဒီဟာတွေကိုသာ ပြောလေ့ရှိပါတယ်။သူမသိလိုရင်မေးပါတယ်။ ဇေယျာသော်ဘာဖြစ်လဲ ကိုဂျင်မီဘာဖြစ်လဲပေါ့။ သူမသတင်းစာထဲတွေ့ရင် မေးပါတယ်။ အမြင်မတူမှုများကို ဆွေးနွေးရန်လိုအပ်ကြောင်းတော့ မပြောခဲ့ပါ။တကယ်ပြောခဲ့ရင် DASSK ရဲ့ အသံဖိုင်ကို ချပြပါလို့ ပေါ်ပြုလာနဲ့ ဘီဘီစီမြန်မာပိုင်းကိုစိန်ခေါ်လိုက်ပါတယ်။ ရှေ့နေတွေလဲ သူမတကယ်ပြောခဲ့ရင် ဘယ်ကိစ္စမှာ ဘယ်လို ဘာအကြောင်းကြောင့် မှတ်ချက်ပေးတယ်ဆိုတာကို အတိအကျပြောပြီး မိမိလိုတာကို “out of context” ထုတ်ပြောပြီး ထင်ယောင်ထင်မှားဖြစ်အောင် မလုပ်ပါနဲ့လို့ ပြောပါရစေ။ မအလကနေ့တိုင်း DASSK တစ်ခုခုပြောဖို့ ဖိအားပေးနေတာကိုလိုက်နားမယောင်ဘဲ သူမတကယ်ပြောတာကိုသာ အပြည့်အစုံ ဘာကြောင့် ဘာကိစ္စမှာပြောတယ်ဆိုတာကို ပြောပါ။ မိမိတို့က မပြောချင်လဲ လုံးဝမပြောပါနဲ့။ သူမဟာ ပြည်သူအားလုံးရဲ့ မိခင်ပါ။ သူမစကားဟာတော်လှန်ရေးမှာ အရေးပါပါတယ်။ မအလဟာ သူရှုံးနေလို့ သူမမပြောတာတွေကို ပြောသယောင်နဲ့ နောက်ပိုင်းမှာ အင်ထည့်လာနိုင်ပါတယ်။ ဒါကြောင့် သူမက NUG၊ CRPH နဲ့တွေ့NLD CEC နဲ့ စကားပြောပြီးမှသာ မှတ်ချက်ပေးမှာပါ။ ဒီကြားထဲ ဘာပြောပြော ကြားကဂျင်းထည့်တာလို့သာ မှတ်ပါ။



 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Nay Nann myint
Nay Nann myint
Apr 19, 2022

BBC မြန်မာပိုင်းကလဲ နေဝင်း ချွေးမ ရင်ရင်နွယ်

လက်အောက်ခံမို့ ပြည်သူ့ ဘက်သား

မဟုတ်ပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page