top of page
Search

Apple၊ Samsung၊ Tesla ငိုသွားသော ခြေဥ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 10, 2020
  • 2 min read

ree

ယခု အတိုက်အခံများပြောလေ့ရှိတာက အစိုးရဟာ ခြေဥအရ စီးပွါးရေးကို လုပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် တိုးတက်အောင်လုပ်ပါ။ သူတို့တွေရဲ့ စီးပွါးရေးဟာ ဘစိန်လက်ထက်လောက်မကောင်းဘူး။အဲ့ဒါဟာ အစိုးရကြောင့်ဆိုပြီး ပြောကြတာပါ။ အချို့ကလဲ သူတို့ကွန်ဒို စည်းကမ်းမဲ့ မဆောက်ရ၊ မရောင်းရတာ အစိုးရကြောင့်ဆိုပြီး ပြောလေ့ရှိပါတယ်။ အချို့ကလဲ သူတို့ရဲ့ စီးပွါးရေးတွေအတွက်အစိုးရက စျေးကွက်ရှာပေးပါဆိုပြီး ပြောလေ့ရှိပါတယ်။ အစိုးရက စီးပွါးရေးမလုပ်ဆိုရင် သူတို့က မကြိုက်ကြပါ။



ree

ပထမဆုံးပြောလိုတာက မြန်မာပြည်က အိမ်စျေးတွေဟာ ကမ္ဘာပေါ်က မိမိနဲ့အဆင့်တူ နိုင်ငံတွေထက်အဆများစွာ များနေပါတယ်။ စင်ကာပူအိမ်စျေးကိုပြောရင် စင်ကာပူရဲ့ လစာကိုပါ ထည့်ပြောမှရမှာပါ။


နောက်မြန်မာပြည်ရဲ့ သူဌေးအများစုဟာ အဘထံက ပါမစ် (သို့) လုပ်ပိုင်ခွင့်နဲ့ ချမ်းသာလာကြတာပါ။ဘာမှသမိုင်းမရှိပါ။ သူတို့သမိုင်းမှာ အဘတွေနဲ့ပေါင်းပြီး ချမ်းသာလာခဲ့ကြတာပါ။


ကမ္ဘာပေါ်မှာ နာမည်ကြီးနေတဲ့ Apple ကို စတည်ထောင်ခဲ့တာဟာ Steve Jobs ဟာ Hewlett-Packard ကုမ္ပဏီမှာ အချိန်ပိုင်းလုပ်ပြီး ရတဲ့ပိုက်ဆံနဲ့ သူအိမ်ဂိုထောင်ထဲမှာ သူ့သူငယ်ချင်းနဲ့ ကွန်ပျူတာစဆင်ရာကနေ ဖြစ်လာတာပါ။ သူ့ကုမ္ပဏီဟာ အသေးလေးကနေ တဖြည်းဖြည်း ကြီးလာခဲ့တာပါ။ အမေရိကန်အစိုးရက Apple အတွက် စျေးကွက်မရှာပေးခဲ့ပါ။


ထို့အတူပါဘဲ Microsoft တည်ထောင်သူ Bill Gates ဟာလဲ ၁၃ နှစ်သားမှာ programme စရေးပြီးကုမ္ပဏီကြီးဖြစ်လာတာပါ။


Facebook တည်ထောင်သူ Mark Zuckerberg အကြောင်းလဲ အားလုံးသိပြီးဖြစ်မှာပါ။ သူ့ကိုလဲ အမေရိကန် အစိုးရက မကူခဲ့ပါဘူး။


နောက် ယခုခေတ်စားလာတဲ့ လျှပ်စစ်ကား Tesla ထုတ်သူ Elon Musk ဆိုရင် တောင်အာဖရိကမှာ ကြီးလာပြီး ကနေဒါကတဆင့် အမေရိကန်မှာ software ရေးရာကနေ ငွေလွှဲတဲ့ PayPal ဆိုတာကိုလုပ်ပြီးTesla ကားကို ထုတ်နိုင်သူပါ။ သူက အာကာသယဉ် space X ကိုလဲ လုပ်နေသူပါ။


ဒါဆိုအစိုးရက ဘာလုပ်ပေးရလဲ? ရင်းနှီးမြုပ်နှံမှု ပတ်ဝန်းကျင်ကို ဖန်တီးပေးရတာပါ။ အမေရိကန်နဲ့ဥပမာပေးပါ့မယ်။ ကိုဗစ်ကာလမှာ ကယ်လီဖိုးနီးယားက Tesla ကား စက်ရုံကိုပိတ်လို့ Elon Musk ကမင်းတို့ပြည်နယ်အစိုးရက ပိတ်ရင် ငါအခြားပြည်နယ်ကို ပြောင်းမယ်လို့ ထအော်ပါတယ်။ နောက်သူကလျှပ်စစ်ကုန်တင်ကားဆောက်ဖို့ နေရာလိုက်ရှာရာမှာ Texas ပြည်နယ်နဲ့ Oklahoma ပြည်နယ် အုပ်ချုပ်ရေးမှူး (ဝန်ကြီးချုပ်) တွေက မြေနေရာကအစ၊ အခွန်ဘယ်လိုလျှော့ပေးမယ်။ ဘာ လျှောက်လွှာမှ မဖြည့်ရဘူး။ အလုပ်သမားတွေကိုလဲ ခန့်ရဖြုတ်ရလွယ်အောင် လုပ်ပေးမယ်ဆိုပြီး အပြိုင်အဆိုင် ဆွယ်ကြပါတယ်။ အလုပ်က ၇၀၀၀ ကနေ ၂၀၀၀၀ အထိရှိလို့ပါ။ နောက်ဆုံး Texas က Austin မြို့ကို ရွေးလိုက်ပါတယ်။


Tesla သို့မဟုတ် Samsung က မြန်မာပြည်လာချင်တယ်ဆိုပါစို့။ ပထမဆုံးက စီးပွါးရေးပိတ်ဆို့ခံရမလားဆိုတာ ကြည့်ပါတယ်။ တရုတ်ကနေ ကုမ္ပဏီတွေ ထွက်နေကြတာ တရုတ်က အမေရိကန်နဲ့ ရန်ဖြစ်လာလို့ပါ။ မြန်မာပြည်က ICJ၊ ICC ကိစ္စနဲ့ နောက်ဆုံးမှာ စစ်တပ်က တာဝန်ရှိသူအားလုံးကို အရေးမယူရင် စီးပွါးရေးပိတ်ဆို့တာ ခံရပါမယ်။ ယခုအချိန်မှာက တပ်ပိုင်စီးပွါးရေးတွေကို စလုပ်လာနေပါပြီ။ ဒီကိစ္စဟာ DASSK အစိုးရအောက်မှာမရှိပါ။ မအလက အပြစ်ရှိသူ စစ်ရာဇဝတ်မှု ကျူးလွန်သူ တစ်ယောက်ကို လွှတ်လိုက်တာ၊ ရခိုင်မှာ တစ်ခုခု ထလုပ်လိုက်တာနဲ့ ကမ္ဘာပေါ်က ဒီမို ရင်းနှီးမြုပ်နှံသူကနှစ်ခါပြန် စဉ်းစားမှာပါ။ တရုတ်နိုင်ငံကတော့ တစ်မျိုးပေါ့။


နောက် Tesla ဆို ကားစက်ရုံအတွက် မြေဧက ၂၀၀၀ လိုပါတယ်။ ဒါက မြန်မာပြည်မှာ တပ်ပိုင်မြေကသာ အများစုဖြစ်နေပါတယ်။ Tesla ဟာ တပ်နဲ့ပတ်သက်တဲ့မြေတွေ ကုမ္ပဏီတွေကို ရှောင်ရပါမယ်။ဒါက လက်ရှိ အခြေအနေပါ။ DASSK အစိုးရနဲ့ မဆိုင်ဘဲ စစ်ရာဇဝတ်မှု ကျူးလွန်ထားလို့ပါ။ နောက်ရင်းနှီးမြုပ်နှံဖို့က လက်ရှိခြေဥအရ ဒေါ်လာ ၅ သန်းအထက်ဆို ဗဟိုကို တင်ရပါတယ်။ Texas မှာလိုပြည်နယ်ဝန်ကြီးချုပ်/ အုပ်ချုပ်ရေးမှူးနဲ့ ဖောင်မတင်ဘဲ ပြီးမသွားပါ။ မြန်မာပြည်မှာက ဝကခအဆင့်က လက်ရှိခြေဥအရ အခွန်လျော့လို့မရပါ။ နောက် Tesla ဟာ ဗဟိုကိုတင် ပြီးရင် ပြည်နယ်တိုင်းဝကခတွေရဲ့ ထောက်ခံချက်ယူရအုံးမှာပါ။


ဒါတွေလုပ်ပြီးပေမယ့် Tesla အတွက် ကျွမ်းကျင်အလုပ်သမားပြဿနာရှိပါတယ်။ ဒါတင်လားဆိုတော့မဟုတ်သေးပါ။ တရုတ်ကုမ္ပဏီဆိုရင် အမေရိကန် ထောက်ပံ့တဲ့ NGO နဲ့ ရေဒီယိုတွေက အလုပ်သမားတွေကို ဆူပူအောင် မြှောက်ပေးသလို အမေရိကန်ကုမ္ပဏီဆိုရင်လဲ တရုတ်နိုင်ငံက လုပ်ပါမယ်။ ဒါတွေကို နှိမ်နင်းဖို့က ထောက်လှမ်းရေးအားကောင်းဖို့လိုသလို ရဲနဲ့ လက်နက်ကိုင်အဖွဲ့ဟာ အစိုးရအောက်မှာရှိဖို့လိုပါတယ်။ အလုပ်သမားဆူပူရင် အကြောင်းပြ အာဏာသိမ်းဖို့ ခြောင်းနေတဲ့ တပ်ချုပ်နဲ့ ခြေဥမရှိဖို့လိုပါတယ်။ ယခုပြောတာတွေက ရေ၊ မီး၊ လမ်းပြဿနာတွေ မပါသေးပါ။ Tesla က Texas မှာ အဲ့ဒါတွေပူစရာမလိုပါ။


ဒါကြောင့် Tesla / Samsung/ Apple မြန်မာပြည်လာဖို့စဉ်းစားရင် အဆိုပါအခက်အခဲတွေနဲ့ ငိုသွားမှာပါ။ဒီအခက်အခဲတွေဟာ ၂၀၀၈ ခြေဥအရ ဖြစ်နေတာပါ။ ဒါဆိုအစိုးရက ဘာလုပ်နေလဲ။ ဂျပန်ကလာပြီးရင်းနှီးမြုပ်နှံနေတာက DASSK မျက်နှာနဲ့ရယ် မြန်မာပြည်ကို တရုတ်နိုင်ငံဩဇာခံမဖြစ်သွားအောင်မဟာဗျူဟာအရ အားပေးနေတာပါ။ လုပ်ရလွယ်လို့ မထင်ပါနဲ့။


မြန်မာပြည်က သူဌေးဖြစ်လိုသူတွေအနေနဲ့ ဥရောပကို လက်ဖက်၊ ငါး၊ ပုဇွန်တွေကို မိမိနာမည်နဲ့ ထိုးဖောက်နိုင်အောင်ကြိုးစားကြည့်ပါ။ဒါက အခြေခံကိစ္စပါ။ Apple၊ Samsung၊ Tesla တွေက မြင့်နေပါတယ်။ ဥရောပမှာ မြန်မာပြည်က “Bayin” ဆိုပြီး လက်ဖက်နဲ့ ပဲဆီရောင်းတာ အောင်မြင်ခဲ့ပါတယ်။ယခုမရောင်းနိုင်တာကြာပြီလို့ တူ တူမတွေပြောလို့ သိရပါတယ်။ ပုဇွန်ဆိုရင်လဲ အဆပေါင်းများစွာမြတ်ပါတယ်။ မြန်မာပြည်ကနေ လာမရောင်းနိုင်ပါ။


မြန်မာပြည်ရဲ့ ပြဿနာက ခြေဥအရ တကယ်လာမယ့် ရင်းနှီးမြုပ်နှံမှုတွေကို အဟန့်အတားဖြစ်နေပါတယ်။ NLD အစိုးရဟာ အဆိုပါအခက်အခဲတွေကြားထဲက ရင်းနှီးမြုပ်နှံမှုများလာအောင် လုပ်နေပါတယ်။


NLD သာ ယခုအချိန်မှာ အစိုးရမဖြစ်ခဲ့ရင် မြန်မာပြည်ဟာ စီးပွါးရေးဟာ ယခုထက်ဆိုးပြီး ကိုဗစ်ကြောင့် လူတွေသေကာ အလောင်းစည်သူဖြစ်နေမှာပါ။

Reference: Steve Jobs by Waater Isaacson, Elon Musk: How the Billionaire CEO of SpaceX and Tesla is Shaping our Future by Ashlee Vance (Author), BBC, CNBC

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 10, 2020

ဦးမြတ် ! ရေ မတင် ၊ ရေ မဝင်တဲ့

သဲဆန်သော မြေမှာတော့ ဆူးပေါတဲ့ ကန္တာရတောသာ ဖြစ်ထွန်း ကျယ်ပြန့်ပါသည်။ သဲဆိုတာ အမြစ်အတွက် ရေမစုပေးနိင်လို့ **သဲထဲ ရေသွန်**စကား ထားရစ်ခဲ့ကြပါသည်။

နုံးတင် မြေနုမှ ရေစုလို့ သစ်ကောင်းစုံ အမြစ်အတွက် လုံ ပါသည်။ နုံးတင်မြေနုဆို ကြိုက်ကြလွန်းလို့ တုတ်တပြက် ဒါးတပြက် မြေနုကို မက်မက်စက်စက်။

ကန္တာရတောမှာ ထိရင်ငြိတတ်တဲ့ ဆူး ကြောက်လို့ တော်ရုံမသွားလိုကြ။ သွားရင်တောင် တာယာဖိနပ်စီးသွားကြပါသည်။

ကန္တာရပင် မာကျစ်ကျစ် မီးသွေးဖြစ်ရင် မီးအားကောင်းသမို့ မီးသွေးဖုတ်သူများကတော့ အထူးကြိုက်ကြပါသည်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page