သတင်း
- Myat Tun Oo
- Dec 22, 2025
- 1 min read
DASSK ရဲ့ ကျန်းမာရေးအကြောင်း ဘာသိသလဲဆိုရင် ဘယ်သူမှ သေချာမသိပါဘူး။ သူ့သားပြောတာမှားတယ်ဆိုရင် မအလက DASSK ကို သူမရဲ့ ရှေ့နေ ဒါမှမဟုတ် ရန်ကုန်မှာရှိတဲ့ NLD CEC နဲ့ ပေးတွေ့လို့ရပါတယ်။ ပေးမတွေ့တာက မအလတပ်ရဲ့ သဘောထားမမှန်တာကိုပြပါတယ်။ ပြည်သူတွေအနေနဲ့ ဆိုက်ဝါးတွေကိုသတိထားပါ။ NLD အစိုးရလက်ထက်မှာ NLD ကို ဝေဖန်တာက မအလတပ် စရဖအကောင့်တွေ၊ သူ့လော်ဘီမီဒီယာ(ဥပမာ တစ်ပူး)၊ ERO လော်ဘီမီဒီယာ(တေဟင်အောင်)၊ ရိုလော်ဘီ၊ သခင်ကြီးလော်ဘီ၊ တတိယအုပ်စုလော်ဘီ၊ ဗကပလော်ဘီ၊ NGO လော်ဘီ၊ လက်ဝေခံ(ယောမင်းကြီး၊ သက်သက်ခံ) ဆိုပြီးရှိပါတယ်။ သူတို့ဝေဖန်တဲ့ကြားက NLD နိုင်တာပါဘဲ။ ယခု NUG ကလဲ ထိုအတိုင်း ဆက်ရင်ဆိုင်နေရတုန်းပါဘဲ။ ERO လော်ဘီထဲမှာ လူနည်းသွားတာက လွဲရင်ပေါ့။ ERO တစ်ခု၊ နှစ်ခုကတော့ ပုတ်ခတ်နေဆဲပါ။ သူတို့နဲ့မတူသူလဲရှိပါတယ်။ ဥပမာ ဒေါက်တာဆာဆာဆိုရင် ယခင်ကလဲ စေတနာမှန်၊ ယခုလဲ စေတနာမှန်တာ အားလုံးတွေ့မှာပါ။ သူ့စေတနာက သူ့အင်တာဗျူးတွေမှာ ပေါ်လွင်ပါတယ်။ အချို့တွေက NLD အစိုးရလက်ထက်က စေတနာမမှန်သလို ယခု NUG မှာလဲ အစပိုင်း မှာ ပါသလိုနဲ့ NUG နာမည်ယူ လက်နက်ယူ တပ်ထောင်ပြီး ပူးပေါင်းရင် NUG ဆန့်ကျင်သူနဲ့သာပါ။ စေတနာမပါပါဘူး။ ဒီလောက်ပဲ ပြောပါ့မယ်။ အာဏာသိမ်းတာက မအလစစ်ခွေးတပ်ဟာ ရွေးကောက်ခံအစိုးရအမိန့်ကို မနာခံတာက စတယ်ဆိုတာ မမေ့ပါနဲ့။ အမိန့်မနာခံတဲ့ စစ်ခွေးတပ်မျိုး မိမိပိုက်ဆံနဲ့ ထပ်မမွေးမိပါစေနဲ့။
ပြည်သူက NUG အောက်က PDF ကိုသာ PRF က တဆင့် ဆက်ထောက်ပံ့ပေးကြပါ။ ငါတို့ NUG အောက်က PDF အားကောင်းမှသာ ငါတို့အမေစုက လွတ်မြောက်မယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ နေ့စဉ် NUG အောက်က PDF တွေ ပကဖတွေက ခြုံခိုတိုက်လို့သေတဲ့ စစ်ခွေးတွေက မီဒီယာမှာ ပြောတာထက်တောင် ပိုတယ်ဆိုတာ မမေ့ပါနဲ့။ ဘယ်အဖွဲ့ကိုမှ အထင်မကြီးပါနဲ့။ NUG အောက်က PDF သာ အားကိုးပါ။ ဒီစကားကို မှတ်ထားပါ။
Comments