top of page
Search

အရည်ကြိုအမှုကပေးသော သင်ခန်းစာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 27, 2020
  • 2 min read

အရည်ကြိုဟာ We Love Yangon မှာ ကိုဗစ်ကိစ္စတွေကို ပါဝင်ကူညီလုပ်ကိုင်ခဲ့ပါတယ်။ ယခင်က သူတင်တဲ့ပို့စ်တွေအကြောင်းတော့ သူ့စာဖတ်သူများသိမှာပါ။ နောက်ပိုင်းမှာ အစိုးရကို ကူညီခဲ့ပါတယ်။We Love Yangon ဟာ ကိုဗစ်ဒုတိယလှိုင်းမှာ အင်မတန်မှ အားကိုးရတဲ့အဖွဲ့ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ကြိုးပမ်းပါဝင်ကူညီမှုကြောင့် အရပ်သားအစိုးရဟာ သာဝရဲ့အကူအညီကို လုံးဝမယူဘဲ ကိုဗစ်အတွက်ကြီးမားတဲ့ logistical challenge နဲ့ Human Resources challenge ကို ကျော်လွှားနိုင်ခဲ့ပါတယ်။ အီတလီ၊အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်တို့မှာတောင် စစ်တပ်ကို ခေါ်ခဲ့ရတာပါ။ မြန်မာပြည်မှာက သာဝဟာ သူဝင်ကူညီရရင် ပဏာယူပြီး အာဏာယူမှာပါ။ ဒါကို DASSK နဲ့ ကွီးဖြိုးက အဓိကရှောင်ရှားနိုင်ခဲ့ပါတယ်။ အစိုးရကို ပါဝင်ကူညီခဲ့သူတွေထဲက တစ်ဖွဲ့က We Love Yangon ပါ။ ဒါ့ကြောင့် စရဖကအငြိုးထားပါတယ်။ စရဖဆိုတာက စစ်ထောက်လှမ်းရေးပါ။

ယခုသူ့ကိုဖမ်းခဲ့တဲ့ ကာရာအိုကေကို လေ့လာရအောင်။ ဒီကာရာအိုကေဟာ အရည်ကြိုလာတဲ့နေ့မှ ထဖွင့်တာမဟုတ်ပါ။ ဒီကာရာအိုကေဆိုင်ဟာ လိုင်းကြေးမပေးဘဲ ဖွင့်မရပါ။ လိုင်းကြေးဟာ ရဲ၊ စရဖ၊သတင်းတက်ဖွဲ့နဲ့ ထွေအုပ်တွေကို ပုံမှန်ပေးရပါတယ်။ ဒါ့ကြောင့် ဒီကာရာအိုကေ တရားမဝင်ဖွင့်နေတာကို စရဖက အစကထဲကသိပါတယ်။ သူတို့ပိုက်ဆံရနေလို့ ဝင်မဖမ်းတာပါ။ ယခုဟာက ယခင်က NLD ထောက်ခံသူတွေကို ဘိန်းပစ်ဖမ်းသလို အမှားကွက်စောင့်ဖမ်းတာပါ။

ကိုဗစ်တုန့်ပြန်ရေးကော်မတီဟာ ဒုသမ္မတမြင့်ဆွေက ဦးဆောင်ပါတယ်။ ဝင်ဖမ်းအပြီးမှာ တရားခံတွေကို ပုံနဲ့တကွတင်တာဟာလဲ ရဲတပ်ဖွဲ့နဲ့ စရဖထောက်လှမ်းရေးက စနစ်တကျ သိက္ခာချဖို့ ရည်ရွယ်ကြောင်း ထင်ရှားပါတယ်။ ပုံမှန်မှာ တရားခံတွေဟာ သံသယအဆင့်သာရှိသေးပြီး တရားရုံးကအမိန့်မချသေးပါ။ တရားခံတွေရဲ့ပုံကို တင်လို့မရပါ။ သူတို့ရဲ့ လူ့အခွင့်အရေးပါ။ ဒါကိုရဲတပ်ဖွဲ့ဟာ လူ့အခွင့်အရေးဖောက်ဖျက်ပြီး သတင်းဖြန့်ခဲ့ပုံပါ။ ဟိုဖွတ်ဒုသမ္မတဟောင်း သား ကာရာအိုကေမှာ အဖမ်းခံရတုန်းက ဘယ်တရားခံပုံတက်လာတာ မြင်ဖူးပါသလဲ?

ဒီနေရာမှာ ရဲကိုဖမ်းဖို့ ည ၉ နာရီ ၄၅ မိနစ်မှာ ဖုန်းဆက်အကြောင်းကြားလာသူက အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး မိုးဇော်စိုးပါ။ သူက သတင်းကို ဘယ်ကရလဲ? သူဟာထောက်လှမ်းရေးမဟုတ်ပါ။ဘယ်ကရလဲဆိုတော့ သူ့သူငယ်ချင်း အရည်ကြိုနောက်ကို နောက်ယောင်ခံလိုက်နေတဲ့ စရဖထံက ရတာပါ။ ပြီးတော့ မြန်မာပြည်ရဲ့ ရဲတပ်ဖွဲ့ဟာ ည ၉ နာရီကျော်မှာ ချက်ခြင်းလူစုနိုင်တာဟာ တိုက်ဆိုင်မှုထက်ပိုပါတယ်။ နောက်ပြီး ရဲတပ်ဖွဲ့ဟာ KTV ကို ဝင်ဖမ်းဖွင့်ထားတာတွေ့ရင် ပိတ်လို့ရပါတယ်။ ဒါပေမယ့် သူကရေးရာမှာ စားသောက်လက်စ ပန်းကန်များတွေ့ရှိ၍ လက်လံရှာဖွေရာ အပေါ်ထပ်အလုပ်သမား နားနေသည့်အခန်းတွင် တရားခံတွေကို တွေ့တယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့်သတင်းက အင်မတန်တိကျပါတယ်။ အဘက မိအောင်ဖမ်းဆိုလို့ မိအောင်ဖမ်းရပုံပါ။ စာရေးသူကသာဝသမီးအိမ်မှာ လူစုပြီးပါတီပွဲလုပ်တာ သတင်းပေးရင် ထွေအုပ်ရော ရဲတပ်ဖွဲ့ရောက ယခုလို တုန့်ပြန်မှာလား မေးစရာရှိပါတယ်။ ယခုလို ခရိုင်ထွေအုပ်ရဲ့ ဖုန်းကိုဆက်ပြီးသတင်းပေးနိုင်တာက ထွေအုပ်နဲ့သိတဲ့ စရဖ (သို့) မိုးကျပါ။ ဒါ့ကြောင့် အရည်ကြိုကို မတွေ့မချင်း ရဲတပ်ဖွဲ့ကရှာတာပါ။ ယခုထွေအုပ်က မြို့နယ်အဆင့်မဟုတ်ဘဲ ချရုင်အဆင့်ပါ။ မြင့်ပါတယ်။

နောက် အရည်ကြို အာမခံရတာကို ကွီးဖြိုးနဲ့ စွဲစိတဲ့ ဖွတ်တွေ၊ NLD က အထုတ်ခံရတဲ့အမတ်တွေ၊ ၈၈ခင်ဥမ္မာလင်မယားတွေ၊ စရဖအကောင့်တုတွေကိုလဲ တွေ့ရပါတယ်။ သူ့ကိုဖမ်းတဲ့ပုဒ်မဟာ ဒေးဗစ်လားအပြီးမှာ အသစ်ပြဌာန်းတဲ့ ကပ်ရောဂါဥပဒေအရဖြစ်ပြီး အဆိုပါဥပဒေက အာမခံရပါတယ်။ အဆိုပါစွဲစိသူငတုံးတွေသိဖို့က ကွီးဖြိုးဟာ မိမိလူဆိုပြီး မျက်နှာသာ မပေးတတ်ဘူးဆိုတာပါ။ အားလုံးဟာဥပဒေအရသာ သွားတာပါ။ အချို့ကိစ္စတွေမှာ ကွီးကဥပဒေအရသွားလို့ အပြောခံခဲ့ရတာတွေတောင် ရှိခဲ့ပါတယ်။ DASSK နဲ့ ကွီးဖြိုးဟာ အရေးယူရာမှာ ကျောသားရင်သား မခွဲခြားပါ။

ယခုလဲ အရည်ကြိုက သူ့ဖာသာ တာဝန်ယူပြီး ဖြေရှင်းထားသလို We Love Yangon ကလဲ သူ့ကို ထုတ်လိုက်ပါတယ်။ ဒါဟာ We Love Yangon အဖွဲ့အစည်းရဲ့ မြန်မာပြည်အနေနဲ့ကြည့်ရင် တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ မြင့်မားတဲ့ လုပ်ဆောင်ချက်ပါ။ စစ်တပ်သာဆို အဲ့ဒီလိုရေးသူကို ၅၀၅ နဲ့ တရားစွဲမှာပါ။သတင်းသမားတွေ မြှောက်ပင့်ရေးလေ့ရှိတဲ့ အကြီးမားဆုံး institution ဆိုတဲ့တပ်ဟာ We Love Yangon ရဲ့ ခြေဖျားတောင် တာဝန်ယူမှု တာဝန်ခံမှုမှာ မမှီဘူးဆိုတာပါ။

အရည်ကြိုကိစ္စကနေ ယူရမယ့် သင်ခန်းစာက သာဝနဲ့ သူ့ရဲ့လက်အောက်ခံ ထောက်လှမ်းရေး၊လုံခြုံရေးအဖွဲ့တွေဟာ အရပ်သားအစိုးရကိုထောက်ခံသူတွေကို သိက္ခာချဖို့ အမြဲကြိုးစားနေတယ်ဆိုတာပါ။ ယခင်က ဘိန်းပစ်ဖမ်းပြီး ယခုဟာက ကိုဗစ်ဟာကွက်နဲ့ပါ။ အစိုးရအနေနဲ့ကတော့ အဆိုပါ ကာရာအိုကေဖွင့်ထားတာကို သတင်းမပို့တဲ့ နယ်ထိန်း၊ စရဖ၊ သတင်းတပ်ဖွဲ့တို့ကို စုံစမ်းပြီး အရေးယူးသင့်ကြောင်းပါ။ အထူးသဖြင့် အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှုး မိုးဇော်စိုးကို ယခုသတင်းကို ဘယ်ကရလဲဆိုတာနဲ့ သူ့ရဲ့သတင်းပေးတွေဟာ ယခင်ကဘာလို့သတင်းမပေးလဲဆိုတာလဲ ခုံရုံးဖွဲ့စစ်သင့်ပါတယ်။ ဥပဒေဖောက်လို့ အရေးယူတာကို ဘာမှမပြောလိုပါ။ ဒါပေမယ့် မိုးဇော်စိုးကို သူ့နယ်မှာ ကာရာအိုကေဖွင့်တာကို မသိခဲ့တာ နယ်မြေရဲစခန်းမှူးနဲ့ မြို့နယ်မှူးကိုလဲ သူတို့နယ်မှာ ကာရာအိုကေဖွင့်တာကိုမသိလို့ လုံခြုံရေးအားနည်းမှုနဲ့ အရေးယူပေးပါလို့ ထွေအုပ်ဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးကို ပြောပါရစေ။ ပြည်ထဲရေးက တပ်အောက်မှာမိုလို့ အရေးမယူရင် ထွေအုပ်ကတော့ ခရိုင်မှူးကို ခုံဖွဲ့စစ်မယ်ထင်ပါတယ်။ အပြန်အလှန် ဥပဒေအတိုင်းပေါ့။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page