top of page
Search
အဘမတရားဘူး
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 9, 2019
  • 1 min read
အဘကဘုန်းကြီးတွေဆိုအသေရည်ဖျက်မှုနဲ့တရားစွဲလေ့ရှိပြီးဘယ်တိုင်းရင်းသားဗုဒ္ဓဘာသာဝင်မဆိုတရားစွဲပါတယ်။အဘဟာရခိုင်ဘုန်ကြီးကိုလဲစွဲသလို၊မွန်၊ဗမာ၊ရှမ်းဘယ်ဘုန်းကြီးကိုမဆိုလူမျိုးရေးခဲွခြားမှုမရှိဘဲသာတူညီမျှတရားစွဲတတ်တာကိုလေးစားမိပါတယ်။
အဘရဲ့တပည့်ကဖားတာလား၊အဘလုပ်ခိုင်းတာလားမသိရပေမယ့်ဟိုခရစ်ယန်ဘုန်းကြီးကိုပါတရားစွဲမယ်ဆိုတော့အဘရဲ့ဘာသာအားလုံးတန်းတူညီမျှထားတဲ့စိတ်ကိုလေးစားမိပြန်ပါတယ်။သူကတရားစစွဲချိန်မှာဒီလိုအစွဲခံရသူကအမေရိကန်သမ္မတနဲ့တွေ့ထားတာရယ်သူ့ကိုအစိုးရကမစွဲဘဲသွားစွဲလို့ရှိရင်အစိုးရနှစ်ရပ်ရှိတာကိုကမ္ဘာကိုမိမိဖာသာကြေငြာသလိုဖြစ်မှာကိုမစွဲခင်ကထဲကသိဖို့ကောင်းပါတယ်။
ဒါပေမယ့်မနေ့ကအဘဟာခရစ်ယန်တရားဟောဆရာကိုတရားစွဲတာပြန်ရုပ်ပေးလိုက်တာဟာအဆိုပါဘာသာကိုအထူးအခွင့်အရေးပေးလိုက်တာလား၊အမေရိကန်ကိုကြောက်လို့လားလို့လူတွေကမေးစရာဖြစ်လာပါတယ်။ဒီလူကိုထောင်သွားချရင်အစိုးရဒုက္ခမရောင်ခင်အဘဒုက္ခရောက်မှာပါ။
ဘာပဲပြောပြောဒီလိုတရားစွဲတာကိုပြန်ရုပ်သိမ်းလိုက်တာကြိုဆိုပါတယ်။အားလုံးတန်းတူညီမျှဖြစ်သွားအောင်မန္တလေးကတပ်ကိုဝေဖန်လို့တရားစွဲခံနေရတဲ့ဆရာတော်တွေရဲ့အမှုကိုလဲရုပ်သိမ်းပေးလိုက်ပါ။မဟုတ်ရင်သူတို့ကအဘကိုဘာသာမစောင့်သူငပွကြီးကြောက်သူလို့ထင်သွားပါလိမ့်မယ်အဘ။
zawgyi version
အဘမတရားဘူး
Recent Posts
See All
ညံ့ဖျင်းသူ
မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page