top of page
Search

အဘကျော်ဆွေ ဘာလုပ်နေလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 22, 2020
  • 1 min read

မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို တပ်ဘက်မှာ ဘာတာဝန်တွေထမ်းဆောင်နေလဲလို့ မေးချိန်မှာ ဗိုလ်ချုပ်ထွန်းထွန်းညီက မသိပါလို့ ဖြေသွားခဲ့ပါတယ်။ တပ်ထဲမှာ သူ့အတွက်ဘာအော်ဒါမှထုတ်ထားတာလဲမရှိသေးပါ။

ဖြစ်ပုံကို ပြန်သုံးသပ်ရတာက သူ့ကို ပထမအငြိမ်းစားပေးသလို ထုတ်ဖို့လုပ်ပြီး အစိုးရဘက်က မလွှတ်ပေးလို့ တပ်ဘက်တာဝန်ပြန်ထမ်းဆောင်ရန်ဆိုပြီးခေါ်ပုံပါ။ ဗိုလ်ချုပ်စိုးထွဋ်ရဲ့ လွှတ်တော်မှာတင်တဲ့ သူ့ကိုယ်ရေးမှတ်တမ်းမှာ သူ့အသက်ကို ၅၉ နှစ် ၉ လ လို့ ရေးထားပါတယ်။ သူ့အသက်က သူ့ကိုလွှတ်တော်မှာ တင်ချိန်မှာ ၁၁ လထဲ ရောက်နေပါပြီ။ ဒါကြောင့် ဒီဟာက သူ့ကိုယ်ရေးမှတ်တမ်းကိုသမ္မတထံပို့ခဲ့တာဟာ ဒီဇင်ဘာလလောက်မှာဖြစ်ပြီး ဗိုလ်ချုပ်ကျော်ဆွေကို ရာထူးထွက်ဖို့ပြောတာကနိုဝင်ဘာမတိုင်ခင်လောက်မှာ ဖြစ်ခဲ့ပုံပါ။ ဗိုလ်ချုပ်ကျော်ဆွေဟာ ၂၇/၁၁/၁၉၅၉ မှာမွေးလို့ ၂၀၁၉နိုဝင်ဘာမှာ အသက် ၆၀ ပြည့်ခဲ့ပါတယ်။ သူဟာ ဒုဗိုလ်ချုပ်ကြီးအဆင့်နဲ့ ငါးနှစ်နေခဲ့ရပြီးလို့ ဗိုလ်ချုပ်ကြီးရာထူးတက်စရာလဲ မရှိတော့ပါ။ သူက DSA (၂၂) ကဖြစ်လို့ လက်ရှိသူတက်ရင် ဗိုလ်ချုပ်ကြီး မြထွန်းဦး DSA(၂၅) နေရာသာ တက်ဖို့ရှိပါတယ်။ ဒါကမဖြစ်နိုင်တော့ပါ။

ဒါပေမယ့် သမ္မတက ဘာကြောင့်ပြန်ခေါ်လဲမေးစဉ်မှာ သက်ပြည့်ပင်စင်ဆိုရင် နိုင်ငံရေးရာထူးကိုဘာလို့ ပြန်ခေါ်တာလဲဆိုတာနဲ့ မင်းကဘာလို့ပင်စင်မယူတာလဲဆိုတာမျိုးဖြစ်မှာကိုရှောင်ဖို့ တပ်တာဝန်များထမ်းဆောင်ရန်ဆိုပြီး သမ္မတကို အကြောင်းပြခဲ့ပုံပါ။ ဒါကြောင့် သမ္မတက သူ့အမိန့်မှာ မူလစစ်ဘက်တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်စေမည်ဖြစ်သဖြင့် ခွင့်ပြုလိုက်သည်လို့ အမိန့်ထုတ်လိုက်လို့ချက်ချင်းအငြိမ်းစားမပေးသေးဘဲ သူ့ကိုဘာလုပ်ရမလဲ စဉ်းစားနေပုံပါ။ လောလောဆယ်တော့ အရန်အင်အားဖြစ်ပုံရပါတယ်။ သူရုံးတက်တာတော့ မတွေ့ဘူးလို့လဲ ပြောကြပါတယ်။

နောက်အချက်က သူ့ကို DASSK က သူမအစိုးရအဖွဲ့မှာ ခန့်မယ်ဆိုပြီးသတင်းတွေထွက်လာလို့ တပ်ထဲမှာ ထားထားသလား မေးစရာပါ။

ထူးဆန်းတာက ဒီ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေဟာ ယခင်က တပ်ချုပ်နီးပါးလောက်ကို ရည်စူးပြီး ဘရွှေက ယုံကြည်လို့ အဓိကရာထူးနေရာတွေကို အပေးခံခဲ့ရသူပါ။ ဘင်္ဂါလီအရေး သမ္မတအိမ်တော်မှာရခိုင်အရေးအစည်းအဝေးခေါ်စဉ် ပထမအကြိမ်က မအလက ကာလုံမဟုတ်လို့ မတက်ပေမယ့် ဒုတိယအကြိမ်မှာ တက်အောင်လို့ သူနဲ့ အခြားတပ်ဝန်ကြီးတွေက မအလကို နားချခဲ့တယ်လို့လဲ သတင်းတွေထွက်ခဲ့ပါတယ်။ ဒီအချိန်ထဲက သူကစပြောင်းလာပုံပါ။

ယခုတော့ မအလဟာ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို သူသမ္မတကို ပေးထားတဲ့ကတိကိုဖျက်ပြီးအငြိမ်းစားပေးမလား အရန်အင်အားထဲ ၆၅ နှစ်အထိထားမလား စောင့်ကြည့်ရမှာပါ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page