top of page
Search

လေယဉ်ပျံနဲ့ လေယဉ်ဆီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 25, 2021
  • 1 min read

ree

ကားမောင်းသလို လေယဉ်လဲမောင်းဖို့ ဆီလိုပါတယ်။ မအလရဲ့ စစ်ရုံးချုပ်မှာ ခဏခဏ ဆွေးနွေးတာက မဟာဗျူဟာ စက်သုံးဆီ လုံခြုံရေးပါ။ ယခင်ကရေးခဲ့သလို ဆီတွေကို ပို့ဆောင်ဖို့ မြေအောက်ပိုက်လိုင်းမရှိတာရယ်၊ သိုလှောင်ရုံအကြီးကြီး မရှိတာတွေရယ်က မအလတပ်ကို မဟာဗျူဟာအရ စိန်ခေါ်နေပါတယ်။ လေယဉ်နဲ့ စက်သုံးဆီများကို ရေလမ်းက စင်ကာပူကတဆင့်နဲ့ ကုန်းလမ်းက ထိုင်းနဲ့တရုတ်နိုင်ငံတွေကနေ နယ်စပ်ကတဆင့် တင်သွင်းပါတယ်။ မြတ်မေတ္တာမွန်နဲ့ Danko က သယ်ဖို့ကူညီသူများပါ။

စာရေးသူ ယခင်က ခဏခဏရေးခဲ့သလိုပါဘဲ။ ဗုံးအကြဲခံရမှ လေတပ်ကို ဘာလုပ်မယ် ညာလုပ်မယ်ထပြင်လို့မရပါ။ စစ်သဘောအရ ကြိုတင်ပြင်ဆင်ရသလို ရန်သူရဲ့ အလစ်အငိုက်ကိုလဲ ဝင်တိုက်ရပါတယ်။ တာလီဘန်က ရန်သူ့လေတပ် ဘတ်စကားစီးချိန် မုန့်ဟင်းခါးကျွေးသွားတာ အမှတ်တရပါ။နောက်ရန်သူ့ရဲ့ ဆီသယ်တင်ကားတွေကို တာလီဘန်က မုန့်ဟင်းခါးကျွေးလို့ အာဖဂန်မှာ ဆီရှားသွားခဲ့ပါတယ်။ ဆီရှားလို့ အာဖဂန်ပြည်သူတွေထိပေမယ့် သူလုပ်စရာရှိတာကို ဗျူဟာကျကျ လုပ်သွားခဲ့ပါတယ်။ ဗုံးပစ်လောင်ချာနဲ့ ဆီလှောင်ကန်ကို တာလီဘန်က ပစ်သွားတာကလဲ မှတ်သားစရာပါ။

မနေ့က လေးကေ့ကော်ကို လေယဉ်ပေါ်က ပစ်တာတွေ မြင်ရကြားရတာ စိတ်မချမ်းသာစရာပါ။လေတပ်က တာဝန်ရှိသူတွေစာရင်းကို ခေတ်သစ်က ထုတ်ပေးနေပါတယ်။ နောက်ပိုင်းသူတို့မိသားစုတွေ၊ မိဘတွေရဲ့ နာမည်တွေ လိပ်စာတွေ ပါလာမှာပါ။ မြန်မာ့ဓလေ့အရ မုန့်ဟင်းခါးလေးကျွေးရင် သူတို့လဲ ကြိုက်မှာပါ။ မုန့်ဟင်းခါးစားရပြီးနောက်ပိုင်းမှာ သူတို့လဲ တာဝန်ယူမှု တာဝန်ခံမှုအတွက်စဉ်းစားလာမှာပါ။ လူတွေကို မုန့်ဟင်းခါးမကျွေးလိုရင် ဆီသယ်ကားတွေကို အုန်းပွဲ ငှက်ပျောပွဲတွေနဲ့ဆက်သလို့ရပါတယ်။

ဆီမရှိရင် အားလုံးဒုက္ခရောက်နိုင်ပေမယ့် ဒုတိယကမ္ဘာစစ်မှာလဲ နာဇီဂျာမနီကိုတိုက်ဖို့ အင်္ဂလန်၊ ပြင်သစ်နဲ့ ဥရောပ နိုင်ငံတွေဟာ ပြာပုံအထိ ဒုက္ခခံတိုက်ခဲ့ရတယ်ဆိုတာ မမေ့ပါနဲ့။ လေယဉ်ဆိုတာ ဆီရှိမှပျံလို့ရတာပါ။

 
 
 

1 Komen


Myint Soe Oo
Myint Soe Oo
25 Dis 2021

ဦးမြတ်!!!အဝေးပြေးယာဉ်ငယ်လေးတစ်စီးစီးနင်းစဉ်က ယာဉ်ငယ်သည် 80~90Km/hr မောင်းနေစဉ် လောင်စာဆီသယ်ယူသော ဆီဘောက်ဆာ ကားကြီးတစ်စီး ဖြတ်ကျော်သွားပြီး တရိပ်ရိပ်ဖြင့်ရှေ့က ပြေး၍ မကြာခင်မှာ မြင်ကွင်းမှ ပျောက်ကွယ်သွားပါသည်။သို့ပါ၍ ယာဉ်ငယ်မောင်းသူအား စူးစမ်းမေးမြန်းမိလိုက်ပါသည်။


လေယာဉ်ဆီသယ်သောယာဉ်ဟု သိရပြီး

MAN , VOLVO အမျိုးအစားများဖြစ်၍ မိုင်နှုန်းမြင့် မောင်းနိုင်ကြောင်းသိရပါသည်။ နောက်က လောင်စာထည့် တိုင်ကီသည် ရိုးရိုး အဖြူရောင် မဟုတ်ပဲ

ငွေမှင် ကဲ့သို့သော အလင်းပြန်အား ကောင်းပြီး အပူစုပ်သက်သာစေသည့် ငွေမှင်ရောင်ဆန်သည့် အဖြူဆေးမျိုး သုတ်ထားသည်ကို တွေ့လိုက်ရပါသည်။

ထိုကားမျိုးများသည် အပူဒါဏ်ကို ကြောက်ကြသည်ဟူသော အသိ ရခဲ့ပါသည်။ သို့ပါ၍ အပူစာကို မကြိုက်တတ်ကြပါ။

မြန်မာပြည်မှာတော့ ကရင်ပြည်နယ်ဖက်က ဒူးရင်းသီး ၊၊ပြည်မမှာက အမြန်လမ်းနဲ့လည်း နီး ၊ ပဲခူးမြောက်ဖက်နားက ထုံးကြီးနာနတ်၊ အရှေ့မြောက်မှာကချင်ထွက် အစိမ်းရောင်မျက်ကွင်းကြီးများနှင့် နာနတ်သီးကြီးတို့ဖြစ်ကြပါသည်။

သူတို့ဝင်လာရာ လမ်းကြောင်းမှာ အပူစာ

ဒူးရင်း နာနတ်များ ပေါကြွယ်လှပါသည်။

အပူများသူကို အပူစာ ကျွေးပါက တေဇောဓါတ်များ၍ ပြာကျတတ်ပါသည်။

အင်အားစုများအနေဖြင့်လည်း မိမိတို့နယ်ကို ဖြတ်ကျော်သည်နှင့် အခြားနယ်သို့ ငွေငန်းဖြူကြီး လာချေပြီဟု ကြိုတင်သတင်းပေးသင့်ပါသည်။ အမျိုးအစား၊ နံပါတ်၊ ဖြတ်သန်းချိန်၊ခြံရံပါသော အင်အား တို့ကိုပါ ထည့်သွင်းချိတ်ဆက်ရန်လိုပါသည်။

သို့မှသာ

ငန်းဥလည်း ဆုံး

ငန်းဖြူကြီလည်း အတုံးအရုန်းမို့

ငမ်း ကုမ္ပဏီများ သံဝေဂ ရဖွယ်ရှိနိုင်သည်ဟု ထင်မြင်မိပါသည်။


Suka
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page