top of page
Search

လိမ်တယ်ညာတယ် လူညာကြီးရယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 19, 2020
  • 1 min read

ယခုတလောမှာ မေလသံစဉ်က ဆိုအပြီးမှာ ရှေးဟောင်းသီချင်းလေးဖြစ်တဲ့ လိမ်တယ်ညာတယ်လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ်ဆိုတဲ့သီချင်းက ခေတ်စားလာပါတယ်။ ဒီသီချင်းလေးကို ကားမောင်းတဲ့ ကောင်လေးက စာရေးသူ အဘမိန့်ခွန်း နားထောင်ချိန်မှာ ဖွင့်လိုက်တာက ပထမဆုံးတိုက်ဆိုင်မှုပါ။ ဒါပေမယ့်ဒါဟာ တိုက်ဆိုင်မှုအနေနဲ့ အဘမိန့်ခွန်းကို ဆက်နားထောင်ခဲ့ပါတယ်။

ပထမဆုံး အဘမှားနေတာက နေရာပါ။ မိမိအလုပ်မဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရန်စကားလာပြောနေတာက စလွဲနေပါတယ်။

ဒုတိယက သမိုင်းကြောင်းတွေ လွဲနေတာပါ။ အင်းဝမှာ ဒုတိယမြန်မာနိုင်ငံတော်စတာက အဘပြောမှသိလိုက်ရပါတယ်။ လူအများကြီးရှေ့မှာ မိန့်ခွန်းပြောရင် အချက်အလက်မှန်ဖို့ လိုပါတယ်။

တတိယက အဘမိန့်ခွန်းကနေ မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဘာကြောင့်မရနိုင်လဲဆိုတာကို ပြသွားတာပါ။ အဘပြောပုံက လက်နက်ရှိသူမပြောနဲ့ သာမန်ပြည်သူတောင် ယခုချက်ခြင်း NLD ကို မဲပေးချင်စိတ် ပေါက်သွားစေခဲ့ပါတယ်။ တိုင်းရင်းသားတွေကလဲ အဘမိန့်ခွန်းက နေရာမှားနေတာကို ထောက်ပြခဲ့ပါတယ်။

ဒီနေရာမှာ ပညာရှင်ဆိုသူများက ငြိမ်းချမ်းရေးမရတာကို ဝေ့လည်ကြောင်ပတ်နဲ့ DASSK အစိုးရကိုအပြစ်တင်ဖို့ကြိုးစားတာ တွေ့ရပါတယ်။ အဘရဲ့ ဒီလိုပြောပေါက်မျိုးနဲ့ ငြိမ်းချမ်းရေးရဖို့ဘယ်လောက်ခက်လဲဆိုတာ မနေ့က ပြည်သူအားလုံး သဘောပေါက်မယ်လို့ ထင်ပါတယ်။

အဘမနေ့က ညီလာခံမှာ လုပ်သွားတာကမှ ဆိတ်ခေါင်းနဲ့ ခွေးသားရောင်းသွားတာပါ။ အဘနောက်လိုက်တွေက ခွေးသားကြိုက်ပုံရပါတယ်။ ခွေးသားကို ဂျင်းနဲ့ ရောရောင်းသွားတာပါ။

အဘအနေနဲ့ မနေ့က စင်ပေါ်တက်ပြီး NLD ကို မဲဆွယ်ပေးသွားတာအတွက်တော့ ကျေးဇူးတင်ပါတယ်။ ယခုခေတ်မှာက လိမ်တယ်ညာတယ် လူညာကြီးရယ် သီချင်းကတော့ ခေတ်စားနေပါတယ်လို့အဘကိုပြောပါရစေ။

NLD ပါတီက အခြားပါတီတွေလို ဒေါ်လာထောင်ချီသုံးစရာမလိုဘဲ အဘမိန့်ခွန်းလေးတွေကို Live လွှင့်ပေးပြီး တောင်ပြိုကမ်းပြို နိုင်အုံးမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 20, 2020

ဦးမြတ် ! ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများသည် မဖောက်မပြန် မှန်မြဲတိုင်းသာ ဧကန်အဟုတ်သေချာတိကျရေရာ အသေအချာ

မှန် သည်မို့ ဗုဒ္ဓဘုရားရှင်ကို

#လောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင်#ဟု ဆရာကြီးဦးရွှေအောင်မှ ပူဇော်ရေးသားခဲ့ပါသည်။အဆုံးအမ လိုက်နာသူမှန်သမျှ ပစ္စုပ္ပန် တမလွန် နှစ်ဖြာဘဝ

ကောင်းကျိုးဝေဖြာ သေချာစွာ ရစေသောကြောင့်ဖြစ်ပါသည်။ တနည်း သာသနာ သာသနာ တစာစာဟု အော်ကာဟစ်ကြွေးနေပေမယ့် လက်တွေ့လူမှုနယ်မှာ အဆုံးအမများကို လက်တွေ့ မကျင့်သုံးရင် မကျင့်သူရဲ့ ရင်ဝမ်းမှာ သာသာနာမတည်သောကြောင့် အပြစ်မကင်းပါ။တကယ့်အနှစ် သာသနာသည်

(ကျင့်သုံးသူ၏)ဟဒယအိမ်မှာသာတည်ရန်လိုပါသည်။ သို့မှသာ အကြံစည်မှန် အပြောမှန် အလုပ်မှန် သောကြောင့် အပြစ်ကင်းရှင်း သန့်စင်ခြင်း(မင်္ဂလာ)နှင့်ပြည့်ဝပြီး အနေမှာ လှသလို ၊ နောင်သေရွာ သုဂတိအတွက်လည်း စိတ်ချရပါသည်။

သူတစ်ထူး၏ ကျေးဇူးကို သိခြင်း

(ကတညုတာ / မင်္ဂလာတရားတော်တစ်ပါး)။ မိဘ ကျေးဇူး သိသူ ၊ သိသည့်အတိုင်း ပြန်ဆပ်သူ။

အပြစ်ကင်းသမို့ ဂုဏ်သတင်း မွှေးပျံကြူ၍ ပရိသတ်အလယ် တင့်တယ်ပါသည်။

အပြန်အလှန် အားဖြင့် သူတစ်ထူး၏ ကျေးဇူးကို မသိ ၊ မရှိသလို မထေမဲ့မြင် ပြု နေလျှင်

ဖြင့် အပြစ်မကင်းတော့ပါ။

ကံ ကံ၏ အကျိုး ။

ကျေးဇူးရှင်၏ သမိုင်း ပျောက် အောင် ဖျောက် ခဲ့တော့ ၊ ပစ္စုပ္ပန်မှာတင် သမိုင်း ဖျောက်ခဲ့တဲ့ အကျိုး မုချဆတ်ဆတ် ခံစားရပါသည်။ ဘုရားရှင်၏ ကတညုတာ အဆုံးအမ မကျင့်သုံးတော့

လက်တွေ့ဘဝမှာပဲ အပြစ်ရပါသည်။ အများစုကတော့ စေတီပုထိုးဘုရားများ စည်ပင်မှ သာသနာတည်သည်ဟု ဘာသာဝင်အများစု ဤသို့ရှုမြင်ကြပါသည်။

ကံငါးပါးထဲက မုသာ အကျိုး

စကား မပီ ၊ သွား မညီ၊ ခံတွင်း နံ ဆိုး ၊ ထိုအကျိုး။ရှေ့နှစ်ချက်ကတော့…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page