top of page
Search

ရဲဝင်းဦးကို ဘာလို့ တပ်ချုပ်ရာထူးပေးလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • 10 minutes ago
  • 2 min read

ရဲဝင်းဦးကို ဘာလို့ တပ်ချုပ်ရာထူးပေးလဲ?


ပထမဆုံး ဂုဏ်ယူစရာကိစ္စကို စပြောပါ့မယ်။ မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး LGBTQ+ ကို တပ်ချုပ်ရာထူးပေးလို့ အင်မတန်မှ ဂုဏ်ယူစရာကောင်းတယ်လို့ ကြံဖန်ပြောလို့ရပါတယ်။ သူက ယခင်ကတော့ မိန်းမကြိုက်ပြီး ဘယ်အချိန်က စိတ်ပြောင်းလဲမသိပေမယ့် ပုသိမ်မှာ တိုင်းမှူးလုပ်ချိန်မှာတော့ ယောက်ျားချင်းကြိုက်ပြီး သူ့ PSO နဲ့ ဖြစ်နေတာ တပ်ထဲမှာ သိနေကြပါပြီ။ သူက အမျိုးသမီးငယ်လေးတွေကိုလည်း ကြိုက်ပါတယ်။ ဒါကြောင့် ကျား/မ ခွဲခြားမှုမရှိသူလို့ ပြောရင်လည်း ရမှာပါ။ ဒါက အမေရိကန်စစ်တပ်မှာ ဘာမှမဖြစ်ပေမယ့် မြန်မာပြည်က တပ်မှာက လေချုပ်တောင် မိန်းမရှုတ်ပြီး ကလေးမွေးချိန်မှာ သူ့မိန်းမက တိုင်လို့ ပြုတ်သွားခဲ့တာပါ။ မတိုင်ရင်တော့လည်း ဘာမှမဖြစ်ပါဘူး။


ဒါဆိုရင် ရဲဝင်းဦးက သစ္စာရှိလို့လား? ဒီလိုပြောရင် ကျော်စွာလင်းက သစ္စာမရှိဘူး၊ ရဲဝင်းဦးထက် သစ္စာပိုမရှိဘူးလို့ ထင်စရာရှိပါတယ်။ ကျော်စွာလင်းဟာ အာဏာသိမ်းချိန်မှာ တိုက်ရိုက်မပါခဲ့တာက သူ့ရဲ့ ရာထူးကြောင့်ပါ။ မိုးမြင့်ထွန်းက သမ္မတအိမ်၊ ရဲဝင်းဦးက အမေစုအိမ်ကို ဝင်စီးကြလို့ သူတို့က ပိုရဲတယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေကို ပစ်တာ၊ ဖမ်းဆီးသတ်ဖြတ်၊ နှိပ်စက်ရာမှာတော့ သူတို့ အားလုံး ပါကြတာပါ။ ဒါကြောင့် ဘယ်သူက အမာ ဘယ်သူက အပျော့ မရှိပါဘူး။


ကျော်စွာလင်း

ယုံကြည်မှုအရဆိုရင် ကျော်စွာလင်းက တပ်ရဲ့ ငွေတွေကို စီမံခန့်ခွဲသူပါ။ မအလ ယုံသူကိုသာ တပ်ငွေကို အပ်ပါတယ်။ ကျော်စွာလင်းဟာ ညှိနှိုင်းကွပ်ကဲဖြစ်လို့ တပ်ကိုပါ ကိုင်ပြီး ရှမ်းမြောက်စစ်ဆင်ရေးကို ကိုင်တွယ်ပေးခဲ့သူပါ။ သူက စစ်မတိုက်တတ်ပေမယ့် အောက်က တင်ပြလာရင်တော့ နားထောင်ဖြည့်စည်းပေးပါတယ်။ ယခု စစ်မှုထမ်းဥပဒေ ဖြစ်လာတာက ကျော်စွာလင်း တင်ပြရာက စတယ်ဆိုရင် မမှားပါဘူး။ သူက မအလကို အဆဲမခံရဘဲ တင်ပြရဲခဲ့လို့ ဒီလိုဖြစ်လာတာလို့ တပ်ထဲက ထိပ်ပိုင်းမှာ ပြောဆိုပြီး လူအင်အား ပြန်ပြည့်တာအတွက် သူ့ကို တပ်ထဲက ကျေးဇူးတင်ကြပါတယ်။ သူက ဒရုန်းတွေ ဝယ်ဖြည့်တင်းဖို့ တင်ပြခဲ့သူပါ။ သူမတိုင်ခင် ညှိနှိုင်းကွပ်ကဲ မောင်မောင်အေး (ရဲဝင်းဦးရဲ့ ခမီးခမက်) က ဘာမှ မတင်ပြရဲခဲ့ပါဘူး။ တင်ပြတာများ ဘာခက်လဲဆိုရင် မအလက တင်ပြတာကို ဘဝင်မကြရင် ပစ္စည်းနဲ့ ပစ်ပေါက်တာ၊ ဆဲဆိုတာမျိုး လုပ်တတ်သူပါ။ ဒါကြောင့် မောင်မောင်အေးက မတင်ပြခဲ့တာပါ။ ဒါဆိုရင် ကျော်စွာလင်းကို ယုံကြည်မှု ဘာကြောင့် ရုတ်တရက် နည်းသွားတာလဲ? အချို့က သူက မောက်မာလို့ဆိုပြီး ပြောကြပါတယ်။ သူ မောက်မာတာက တိုင်းမှူး စဖြစ်ကထဲက ပါ။ ဒါကြောင့် မအလ သိပြီးသားကိစ္စပါ။ တရုတ်သမ္မတနဲ့ တွေ့ချိန် မိတ်ဆက်ပေးရာမှာလည်း ကျော်စွာလင်းကို အနာဂတ် တပ်ခေါင်းဆောင်ဆိုပြီး မိတ်ဆက်ပေးခဲ့တာပါ။ ဒါကြောင့် ကျော်စွာလင်းကို ယုံကြည်မှု ကျသွားတာမျိုး မဟုတ်ပါဘူး။


ရဲဝင်းဦး

ရဲဝင်းဦးဟာ စရဖ ကိုင်ရလို့ မအလ အလိုကျ ဖမ်းတာ၊ သတ်တာတွေကို လုပ်ပြခဲ့သူပါ။ ရဲဝင်းဦးက အစ သူ့မိန်းမ သားသမီး အဆုံး DASSK မုန်းသူပါ။ သူ့သား တက္ကသိုလ်တက်ချိန်မှာ အနောက်နိုင်ငံက ဖွင့်တဲ့ တက္ကသိုလ်မှာ တက်ပေမယ့် DASSK မကောင်းကြောင်းကို သူ့သားက ပုံမှန်ပြောပါတယ်။ သူ့သားက မောင်မောင်အုန်းသားကို ယခင်က ဖားခဲ့ပြီး ယခုကတော့ ဟိုက သူ့သားကို ပြန်ဖားနေရပါပြီ။ ရဲဝင်းဦးရဲ့ ပိုထူးခြားတဲ့ အချက်က မအလ သွားသမျှ နေရာတိုင်းကို လုံခြုံရေးအရ လိုက်ရတာပါ။ သွားသမျှ နေရာဆိုတဲ့ နေရာမှာ ဆေးကုတဲ့နေရာလည်း ပါပါတယ်။ ဒါကြောင့် ရဲဝင်းဦးဟာ မအလ ဘယ်သူနဲ့ ဘာဖြစ်တယ်က အစ မအလရဲ့ အောက်ဖဲလှန်လို့ ရတဲ့ အတွင်းရေးတွေကို သိနေပါတယ်။ မအလဟာ လေချုပ်ကို ဖြုတ်ခဲ့တာက မိန်းမရှုတ်လို့သာ မဟုတ်ပါဘူး။ အငယ်ထားတိုင်း သာဖြုတ်ရရင် တပ်ထဲမှာ ဗိုလ်ချုပ်တွေ တစ်ယောက်မှ မကျန်နိုင်ပါဘူး။ သူ ဖြုတ်ခဲ့တာက လေချုပ်က အငယ်နဲ့ ကလေးရပြီး မယားကြီးက တိုင်လို့ပါ။


မအလက ဒူးနာရာက စခဲ့တဲ့ ဆေးကုသမှုဟာ သူနဲ့ ဖြစ်တဲ့ စစ်ဆေးကောင်မလေးက ကိုယ်ဝန်ရှိတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီနေရာမှာ မအလက ကလေးကို ဖျက်ဖို့ လိုအပ်လာပါတယ်။ မြန်မာ့ဥပဒေအရ ကိုယ်ဝန်ဖျက်ချတာက ရာဇဝတ်မှုပါ။ နောက် ဒီကိုယ်ဝန်ဖျက်ချတာက တပ်ချုပ်ကြီးနဲ့ ရတဲ့ကိုယ်ဝန်ဆိုရင် ပြဿနာက အင်မတန် ကြီးပါတယ်။ ဒီနေရာမှာ သာမန်ဖျက်ချတာမျိုး မဟုတ်ဘဲ နိုင်ငံခြားက အထူးကုသမားတော်ကြီးနဲ့ မိမိမိန်းမ အငယ်လေးရဲ့ ကိုယ်ဝန်ကို ဖျက်ချလိုတာကလည်း တပ်ချုပ်ကြီးရဲ့ စေတနာပါ။ ဒါပေမယ့် ဥပဒေဖောက်ဖျက်ရတာတွေ၊ အင်မတန် လျှို့ဝှက်ရတာတွေက နိုင်ငံတော်အဆင့်ထက်တောင် ပိုပါတယ်။ အမေကြူကလည်း ဟိုရှေ့နေချုပ်မနဲ့ တပ်ချုပ်ကြီး အခန်းထဲမှာ အကြာကြီး စကားပြောနေရင်တောင် သဝန်တိုတတ်သူပါ။ ဒီနေရာမှာ ဒီကိစ္စတွေကို စီစဉ်ဖို့က ရဲဝင်းဦးက အင်မတန် အရေးပါလာပါတယ်။ ဆရာဝန်ကို ရွေးချယ်ရာမှာ သူတို့ရဲ့ အဖေက ယခင် စစ်တပ်ထောက်လှမ်းရေးက ဖြစ်ပြီး သူ့သမီးကို ကလေးမွေးပေးခဲ့သူရဲ့ အင်္ဂလန်နိုင်ငံက ဆေးရုံကြီးမှာ အလုပ်လုပ်နေသူ မြန်မာပြည်ကို တရားထိုင်ဖို့ ပြန်လာခိုင်းပြီး ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တာပါ။ ဒီနေရာမှာ အဘက နိုင်ငံခြားဆရာဝန်တွေကို ကြိုက်ပေမယ့် အိန္ဒိယကို မလွှတ်ရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးက နိုင်ငံခြားရောက်ပြီး အာချောင်ရင် ကလေးမဖျက်ချဘဲ DNA ကောက်စစ်ပြရင် တပ်ချုပ် မအလ နာမည်ပျက်မှာမို့ ကောင်မလေးကို နိုင်ငံခြားပေးထွက်လို့ မရပါဘူး။ တပ်ထဲမှာကလည်း ဗိုက်က ကြီးလာရင် သူမက အပျိုမို့ ပြဿနာတက်မှာပါ။ ဒါကြောင့် ရဲဝင်းဦးက ထောက်လှမ်းရေး အချင်းချင်း ဆက်သွယ်ပြီး ထိုလူက သူ့သမီးကို ဆက်သွယ် ပြန်ခေါ်ပြီး လုပ်ခိုင်းခဲ့တာပါ။ ထိုဆရာဝန်မကတော့ မအလထံက ရတဲ့ ပိုက်ဆံနဲ့ လန်ဒန်မှာ အိမ်ဝယ်ပြီး ပြန်ငှားစားနေတာ အတော်အဆင်ပြေနေပါပြီ။ ဆရာဝန်နာမည်တွေက ဗမာလူမျိုးပေမယ့် အင်္ဂလိပ်နာမည်ပါ။ နောက်ရဲဝင်းဦးက ဆေးတပ်ညွှန်ချုပ်လုပ်ခဲ့လို့ ဆေးတပ်ထဲမှာ အဆက်အသွယ်လေးတွေလဲရှိပါတယ်။ ရဲဝင်းဦးဟာ နေဝင်းလို အရက်သောက်ပြီး အရက်သောက်ချိန်မှာ လိင်သောင်းကျန်တာကနေ ဘေးမှာ မိန်းကလေးမရှိချိန် ယောင်္ကျားချင်းဇတ်လမ်းစတာပါ။ ရဲဝင်းဦးဟာ အာဏာရှင်နေဝင်းနဲ့ အရက်သောက်တာ၊ မိန်းမကြိုက်တာချင်းတူပြီး သူက ကျားမ နှစ်မျိုးလုပ်ကြိုက်တော့ ခေတ်ပိုမှီသွားသလို ခင်ညွန့်လို ထောက်လှမ်းရေးအကွက်တွေနဲ့လဲ မအလကို ကိုင်ထားနိုင်ပါတယ်။


ဒါတွေကို လေ့လာကြည့်ရင် ကျော်စွာလင်း ရော ရဲဝင်းဦးကပါ မအလ ခိုင်းတာ လုပ်ပြီး ယုံကြည်ရတဲ့သူတွေပါ။ ဒါပေမယ့် ကျော်စွာလင်း မိန်းမ ဆရာဝန်မကို ဒီကိစ္စ မခိုင်းဘဲ ရဲဝင်းဦးကသာ အစအဆုံး သိလို့ ခိုင်းရာကနေ ရဲဝင်းဦးက နိုင်ကွက်ပါ ကိုင်မိသွားပုံရပါတယ်။ ဒါကြောင့်မို့ ကျော်စွာလင်းကို တပ်ချုပ်ပေးဖို့ ပြင်ထားပေမယ့် မအလ နိုင်ကွက်ကို သိတဲ့ ရဲဝင်းဦးက တပ်ချုပ်ဖြစ်သွားတာပါ။ တပ်ချုပ် ရဲဝင်းဦးက တပ်ချုပ်နဲ့ ရပ်မလား? သမ္မတကြီး လုပ်မလားဆိုတာက စောင့်ကြည့်ရမှာပါ။


(စာကြွင်း၊ ကိုယ်ဝန်ဖျက်ရာမှာ ပါတဲ့ ဆရာဝန်မ နာမည်၊ အလုပ်နေရာကို အတိအကျ သိပါတယ်။)

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page