top of page
Search

နေပြည်တော်ရွေးကော်ဥက္ကဌအိမ် ဗုံးပစ်အကြမ်းဖက်မှု ဘယ်သူ့မှာ တာဝန်ရှိလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 20, 2020
  • 1 min read

ree

ရွေးကော်ဥက္ကဌဟာ နိုင်ငံတော်ရဲ့ အင်္ဂါစဉ်အရ နံပတ် ၁၀ မှာရှိပါတယ်။ တပ်ချုပ်က နံပတ် ၈ ပါ။ ဒါကြောင့် ရွေးကော်ဥက္ကဌဟာ သူ့အင်္ဂါစဉ်အရ လုံခြုံရေးရပါတယ်။ ဒါပေမယ့် ရဲလုံခြုံရေးပါ။ ပြည်နယ်တိုင်းအဆင့် ရွေးကော်ဥက္ကဌတွေကတော့ လုံခြုံရေးမရပါ။



ree

အခြားအချိန်မှာ ဗုံးခွဲတာဆိုရင်တော့ ဒီကိစ္စဟာ လူအဝင်အထွက်ကြောင့် အပြင်ကလူ လာလုပ်သွားတာလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ယခုဟာက ကိုဗစ်ဖြစ်နေပါတယ်။ နေပြည်တော်ကို အပြင်ကလူတွေလာရင် Q ဝင်ရပါတယ်။ ထွက်ရင်လဲ လိုအပ်မှ ထောက်ခံစာပါမှ ထွက်လို့ရပါတယ်။ ယခုလိုလုံခြုံရေး တင်းကျပ်ထားတာ နှစ်ပတ်ကျော်သွားပါပြီ။ ဒါကြောင့် အပြင်လူဝင်ဖို့မလွယ်ပါ။ နောက်ဗုံးပါ။ ဗုံးကို သွင်းလို့ရတာက ဘယ်သူလဲဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ ဥပမာ သူပုန်တွေဆိုပါစို့။သူတို့အတွက် ဒီလောက်တန်ဖိုးရှိတဲ့ဗုံးကို နေပြည်တော်အထိ ခိုးသွင်းလာပြီးမှ နေပြည်တော်ရွေးကော်ဥက္ကဌအိမ်ကိုပစ်ပြီး သူတို့ဗုံးကို အဆုံးမခံနိုင်ပါ။ သူတို့ရဲ့ အဓိကရန်သူကိုသာ ပစ်မှာပါ။ ဒါဆိုရင် ပြည်သူကတောင် သူပုန်ကို လက်ခုပ်တီးသွားနိုင်ပါတယ်။ ဒါကြောင့် သူပုန်မှာ နေပြည်တော်ရွေးကော်ဥက္ကဌကို ဗုံးနဲ့ပစ်ဖို့ အကြောင်း motive မရှိပါ။ သူ့ကြည့်ရတာက ဥက္ကဌကို ကြောက်အောင် ခြောက်ပုံပါ။



ree

ဒါဆို ဘယ်သူတွေက ဥက္ကဌကို ဒုက္ခပေးချင်နေလဲ? မနေ့က ရွေးကော်က ရွေးကောက်ပွဲကို ဆက်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ထိုညမှာ လုပ်တာပါ။ တိုက်ဆိုင်လွန်းတယ်လို့ပြောရမလား? ရွေးကော်လုပ်ရပ်ကို မကြိုက်သူများကတော့ ကြံ့ဖွတ်ပါတီ၊ ပြည်သူ့ပါတီ၊ PPP တို့က ထိပ်ဆုံးကပါ။ ၃၄ ပါတီကဆို တပ်ချုပ်ထံတောင် သွားပြီး တောင်းဆိုကြတဲ့အထိပါ။ သူတို့က ရွေးကော်ကို မကျေနပ်တာတာ့သေချာပါတယ်။ သူတို့ထဲက ဘယ်အဖွဲ့ဟာ လက်နက်ကိုင်တွေနဲ့ အဆက်အသွယ်ရှိလဲဆိုတာတော့အားလုံးသိမှာပါ။


ဗုံးပစ်သူကို ဖမ်းလို့ရမလား? နေပြည်တော်ကိုအဝင်အထွက်ဟာ ကိုဗစ်ကြောင့် တင်းကျပ်ထားပါတယ်။ ပုံမှန်ဆိုရင်တော့ မမိစရာအကြောင်းမရှိပါ။ နေပြည်တော်ရဲ့လုံခြုံရေးက ပြည်ထဲရေးနဲ့တပ်မတော်မှာ တာဝန်ရှိနေပါတယ်။ ၂၀၀၈ ခြေဥအရ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အကြီးအကဲဟာတပ်ချုပ်မင်းအောင်လှိုင်ပါ။


ယခုလို ဗုံးတွေဆက်ပစ်နေရင် ဘာလုပ်ရမလဲ? NLD အနေနဲ့ တိုင်းပြည်ရဲ့ လုံခြုံရေးကို မိမိရဲ့ ရဲနဲ့လုံခြုံရေးတပ်ဖွဲ့တွေက အာမခံချက်ပေးနိုင်မလား စဉ်းစားရပါမယ်။ လုံခြုံရေးမပေးနိုင်ခဲ့ရင် ကုလရဲနဲ့ကုလတပ်ကို ရွေးကောက်ပွဲလုံခြုံရေးအတွက်ဖိတ်ခေါ်သင့်ပါတယ်။ နိုင်ငံခြားတပ် မပါလာတာအကောင်းဆုံးပါ။ ဒါပေမယ့် မရရင်တော့ ယခုလို အကြမ်းဖက်လာရင်တော့ အကြမ်းဖက်မှုကိုတိုက်ဖို့ဒီနည်းဟာ တိုင်းပြည်လုံခြုံရေးအတွက် အာမခံနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းလို့သာ ပြောပါရစေ။


အားလုံးသိဖို့က ရွေးကော်ဥက္ကဌအိမ်ကို ဗုံးနဲ့ပစ်တာဟာ အကြမ်းဖက်မှုပါ။ အဆိုပါအဖွဲ့ (သို့) ပါတီကိုအကြမ်းဖက်မှု ဥပဒေနဲ့ အရေးယူခံရမယ်လို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page