top of page
Search

မီးလိုက်ရှို့တာ ဘာ့ကြောင့်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 11, 2022
  • 1 min read

ree

မအလတပ်က စစ်ပွဲအစပိုင်းမှာ သူ့တပ်ကိုမိုင်းဆွဲရင် အဲ့ဒီအနားကရွာတွေကို မီးရှို့တာနဲ့ တုန့်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လဲ သူ့တပ်က မိုင်းဆွဲခံရ အတိုက်ခံရနဲ့ အသေအပျောက်ဆက်များနေခဲ့ပါတယ်။ စစ်ရဲ့သဘောအရ PDF က မိုင်းဆွဲပြီးထွက်သွားလို့ သူကပြန်ပစ်လဲ ဘာမှမထိခဲ့ပါ။ ဘယ်သူအသေများလဲဆိုတော့ မအလတပ်က အသေများခဲ့ပါတယ်။ ဒါကြောင့်သူက နယ်မြေစိုးမိုးဖို့ အရပ်သားကားသုံးလဲ မိုင်းဆွဲတာဆက်ခံရပြီး လမ်းလျှောက်လဲ မိုင်းဆွဲတာခံခဲ့ရပါတယ်။ အဲ့ဒီကနေ တိုင်းမှူးပြောင်းရတဲ့အထိ စစ်ရှုံးသွားခဲ့ပါတယ်။ PDF တွေကို အကျအဆုံးများအောင် မလုပ်နိုင်သလို ဘာမှလဲ ကြီးကြီးမားမား ဖမ်းမမိခဲ့ပါ။

ယခုတိုင်းမှူးက ဗိုလ်မှူးချုပ်သန်းထိုက်ပါ။ သူရဲ့နောက်ကြောင်းက ကလေးမှာ လုပ်ဖူးသလို ဗျူဟာမှူးဗိုလ်မှူးကြီးဘဝက ရိုဟင်ဂျာရွာတွေကို မီးရှို့ရာမှာ နာမည်ကြီးခဲ့သူပါ။ ဒါကြောင့်သူဟာ ရွာတွေကိုမီးရှို့တာနဲ့ မစိမ်းပါဘူး။ သူတက်တက်ချင်း စလုပ်တာက ထောက်လှမ်းရေးကို နည်းမျိုးစုံနဲ့တိုးပြီးလုပ်တာပါ။ ဒလန်သုံး၊ မောင်းသူမဲ့သုံး၊ ကြားဖြတ်နားထောင်သုံး၊ သတင်းထောက်နောက်ယောင်ခံလိုက်နည်းတွေသုံးပြီး PDF တွေရဲ့ တည်နေရာကို စုံစမ်းခဲ့ပါတယ်။ ဒါပေမယ့် စစ်ကိုင်းက PDF တွေဟာဗုံးကြဲရလောက်အောင် အများကြီးစုမနေခဲ့ပါ။ သတင်းရလို့ ရဟတ်ယာဉ်တွေနဲ့ ဝင်စီးပေမယ့်လဲ ဘာမှမယ်မယ်ရရ မမိပါ။ တချိန်ထဲမှာ မအလတပ်က အပြင်ထွက်တိုင်း အတိုက်ခံရပါတယ်။ သေတဲ့အရည်အတွက်ကို အတိအကျမသိပေမယ့် ဒဏ်ရာရသူက နမခမှာတင်မကုနိုင်လို့ မန္တလေး၊ နေပြည်တော်နဲ့ရန်ကုန်အထိတောင် ပို့ရပါတယ်။ ဒီနှစ် ၂၀၂၂ ဇန်နဝါရီက စပြီးရေတွက်ရင်တောင် မအလတပ်ထဲဒဏ်ရာရသူက စစ်ကိုင်းတင် ရာချီနေပါပြီ။ မအလတပ်က ဘောလုံးပွဲရှုံးတဲ့အသင်းလိုဖြစ်လာနေလို့လူချဖို့ ကြိုးစားတဲ့အနေနဲ့ ယခုရွာတွေကို မီးရှို့လာတာပါ။ သန်းထိုက်လုပ်တတ်တာ ကျွမ်းကျင်တာကရွာမီးရှို့တာသာရှိပါတယ်။ ယခုလုပ်နေတာက သူတို့ဖွတ်ကို မဲပေးခဲ့တဲ့ ဗျူရွာတွေမှာထိုင်ပြီး အနားကရွာတွေကို မီးလိုက်ရှို့ပြီး လူမနေနိုင်အောင်၊ PDF ထောက်ခံတဲ့ အခြေခံအဆောက်အအုံမရှိအောင်နဲ့ သတင်းသမားတွေကနေ ရွာမီးရှို့ခံရတာ နေ့တိုင်းတက်ပြီး PDF နဲ့ NUG ကို ဖိအားပေးနိုင်အောင်ပါ။သူတို့စစ်ခွေးလော်ဘီအကောင့်တွေကလဲ အမေစုပုံ NUG ပုံတင်ပြီး ငါမနေနိုင်လို့ ပြောရမယ် ဘာညာဆိုပြီး ဝိုင်းသမမယ်ပေါ့။

ဒီနေရာမှာ စာဖတ်သူတွေသတိထားရမှာက ရွာတွေမီးရှို့ခံရတာ၊ ဖျက်ဆီးခံရတာ ဝမ်းနည်းစရာကောင်းပေမယ့် စစ်စကားအရ မအလတပ်က PDF တွေကို ဘာမှ ဖိဖိစီးစီး မတိုက်နိုင်ပါ။ အထက်ကိုလက်ဆုပ်လက်ကိုင်ပြစရာအောင်ပွဲ မအလတပ်မှာမရှိပါ။ ဥပမာ အဆိုပါရွာတွေကိုမီးရှို့လို့ မအလပိုင်နက်က မကျယ်သွားပါ။ ထိုနားကို သူ့အုပ်ချုပ်ရေးမှူး သူ့ရဲ မသွားရဲပါ။ PDF တွေက ပြောက်ကျားစနစ်နဲ့ သူတို့ ရွာတွေကို မီးရှို့ချိန် ဝိုင်းတိုက်ရင်တောင် အသေများလာနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ PDF တွေအနေနဲ့က မိမိရိက္ခာကို စနစ်တကျ ရွာအပြင်မှာ မြုပ်နှံသိမ်းစည်းထားရင် ဒီတိုက်ပွဲက ယခုထက်ပိုနိုင်လာမှာပါ။ ယခုအချိန်ကထဲ မိမိပစ္စည်းမပါအောင် အရေးကြီးပစ္စည်းနဲ့ အခြေခံစားကုန်အချို့ကိုမြုပ်နှံထားပြီး အရှည်တိုက်ပွဲအတွက် ပြင်ဆင်နိုင်ကြပါစေ။ မအလတပ်က မီးလိုက်ရှို့ရတာက သူရှုံးနေလို့ပါလို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page