အမေစုမွေးနေ့မှပေးသော သင်ခန်းစာ
- Myat Tun Oo
- 3 minutes ago
- 1 min read

အမေစု မွေးနေ့မှာ သူမ လွတ်မြောက်ဖို့က
ကုလ မမျှော်
အနောက် မမျှော်
ဥရောပ မမျှော်
တရုတ် မမျှော်
အာဆီယံ မမျှော်
NGO မမျှော်
ICC/ICJ မမျှော်ဘဲ
NUG အောက်က NUG အမိန့်နာခံတဲ့ PDF ကြီးကို အားကောင်းအောင်သာ ပြည်သူက ထောက်ပံ့ပေးကြပါ။
မနေ့က ယူကရိန်းက မော်စကိုမှာ ဗုံးမိုးရွာခဲ့တာဟာ အနောက်ကပေးတဲ့ ဒုံးပျံမဟုတ်ဘဲ သူ့ဖာသာထုတ်တဲ့ ဒရုန်းတွေနဲ့ဆိုတာ မမေ့ပါနဲ့။
အချို့ကိစ္စတွေဟာ နေပြည်တော်နဲ့ ရန်ကုန်မြို့ကြီးတွေ ဝင်မသိမ်းလည်း ရန်သူရဲ့ အဓိကပစ်မှတ်တွေ၊ ရန်သူကို ထောက်ပံ့တဲ့နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ရန်သူက အကာအကွယ်မပေးနိုင်ရင်လည်း ရန်သူက ရှုံးသွားမှာပါ။ အခြားလက်နက်ကိုင်အဖွဲ့တွေကို မမျှော်ဘဲ NUG အောက်က PDF ကိုသာ ထောက်ပံ့ပြီး အမေစု လွတ်မြောက်အောင် လုပ်ကြပါလို့ ပြောပါရစေ။


Comments