လောင်းလုံက ပြောသော ဘီဘီစီနဲ့ ဗီအိုအေ ဌာနမှူး ဒလန် အကြောင်းစုံ
- Myat Tun Oo
- 5 hours ago
- 2 min read

လောင်းလုံနားမှာ တော်လှန်ရေး တပ်ဖွဲ့တွေက စိုးမိုးထားတာ အားလုံးသိမှာပါ။ မအလတပ်ဟာ မြို့ထဲမှာသာ ကြီးစိုးမှုရှိပါတယ်။ မအလတပ်ဟာ အနားက ရွာတွေကို စစ်ကြောင်းထိုးရာမှာ မြို့ပေါ်မှာ ကျောင်းလာတက်တဲ့ ကလေးတွေ၊ သူတို့မိဘတွေကို PDF တည်နေရာကို မေးပြီး ဒရုံးနဲ့ ထောက်လှမ်း ဗုံးကြဲတာ၊ ကျောင်းသားတွေ ကားကို လူသားဒိုင်းသဖွယ် စီးပြီး စစ်ကြောင်းထိုး နယ်မြေစိုးမိုးဖို့ ကြိုးစားပါတယ်။ NUG ကြီးစိုးရာ နယ်မြေက ကျောင်းတွေကို ဗုံးကြဲပြီး ကျောင်းမှာ စာသင်မရအောင်လုပ်သလို အချို့ နန်းမိဘ၊ အချို့ ဖွတ်မိဘကလည်း မြို့ပေါ်တက် ကျောင်းထားတာ အကြောင်းပြပြီး သတင်းပေးလိုသူများ ရှိပါတယ်။
ဒီနေရာမှာ ယခင် သန်းလွင်ထွန်း ဒလန်က VOA ဌာနမှူးဖြစ်ချိန်က ကျောင်းမဖွင့်ဖို့ပြောရင် ဒီကိစ္စကို NUG က ကျောင်းတက်ဖို့အခွင့်အရေးကို ချိုးဖောက်တာမျိုးကို ဇောင်းပေး သိက္ခာချပြီး မအလတပ်ကလုပ်တာကို သတင်းရေးပေမယ့် ဟိုက ဘာမှ ပြန်ဖြေလေ့ မရှိပါ။
လောင်းလုံကိစ္စ မတိုင်ခင်က သန်လွင်ထွန်းဟာ Mizzima သတင်းဌာနက အမှန်ရေးတာကို တိုက်ခိုက်သလို ရေးအပြီးမှာ ဘီဘီစီမြန်မာပိုင်းက ကလေးတွေကို NUG အောက်က ပအဖက မြို့ပေါ်မှာ ကျောင်းမတက်ခိုင်းဘူးဆိုပြီး လူတွေအထင်မှားအောင် သတင်းခေါင်းစဉ်နဲ့ တင်တာပါ။ စရဖနဲ့ ၆၈၀၀ အကောင့်တွေကလဲ Mizzima ကို သန်းလွင်ထွန်းနဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းမတိုင်ခင်က ဒီကိစ္စကို ဇောင်းပေးတိုက်ခိုက်ခဲ့ကြပါတယ်။ နောက်ပိုင်း ဟိုက မအလတပ်က ကလေးကျောင်းကားကို အကာအကွယ်ယူ တပ်ရွှေ့တာကို သတင်းအရှည်နားထောင်သူက သိနိုင်ပေမယ့် ခေါင်းစဉ်သာ ဖတ်သူ၊ နားထောင်သူက အထင်လွဲနိုင်စရာပါ။ ဒါ့အပြင် ဘီဘီစီဟာ NUG အောက် အမိန့်နာခံမှုမရှိတဲ့ ထားဝယ်တပ်တော်ကို အင်တာဗျူးပြီး ဟိုက သူထိန်းချုပ်နိုင်တဲ့နေရာမဟုတ်တော့ ကျွန်တော်တို့က ကလေးစာသင်ခွင့်ဘာညာ ဆိုပြီး လူကြားကောင်းအောင် အော်သွားခဲ့ပါတယ်။
ဒါက ဘာကိုပြလဲဆိုတော့ ယခုလို ဒီမိုကရေစီနဲ့ မိမိအောက်မှာမရှိတဲ့ သတင်းဌာနတွေ၊ တပ်တော်တွေကြား တော်လှန်ရေးလုပ်ရတာ အလွန် ခက်ခဲတယ်ဆိုတာပါ။ ဘီဘီစီ ဌာနချုပ်ကြီးရှိတဲ့ ယူကေမှာတော့ သူတို့လည်း Elon Musk နဲ့ ထရမ့်အစိုးရအဖွဲ့ကြောင့် သူ့တိုင်းပြည်ထဲမှာ လူမျိုးရေးတွေ ဖြစ်၊ မီးတွေ ရှို့နေတာ တွေ့မြင် ကြားသိနေရပါတယ်။ သူတို့က ဘီဘီစီကို မယုံဘဲ X က သတင်းတွေနဲ့ ထဆူကြတာပါ။
တော်လှန်ရေးမှာ သတင်းဌာနတွေက မအလတပ်က လူတွေ သတ်တာ တင်ပေမယ့် ဘယ်နိုင်ငံခြားသားကမှ ဗမာလို နားမထောင်နေပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ထံ တင်ပေမယ့်လည်း ၂၅ နှစ်ကျော် ဘာမှ အရေးမယူနိုင်ခဲ့ပါ။ ဒါပေမယ့် မအလတပ်က ကရင်ရွာတွေကို မီးရှို့၊ ကရင်တပ်က မအလ ထိန်းချုပ်နယ်မြေက မြို့တွေကို မိမိလူမျိုး ဒုက္ခရောက်မှာစိုးလို့ ဘာမှ ပြန်မလုပ်၊ လုပ်ရင်လည်း ပြည်သူတွေ ဒုက္ခရောက်တယ်ဆိုပြီး မအလသူလျှိုတွေကပြည်ပအသံလွှင့်ဌာနတွေကတဆင့် အော်ရင် ပြည်သူ ငဲ့ပြီး ပြန်မလုပ်နဲ့ ကရင်ပိုင်တဲ့နယ်မြေ ကျဉ်းသွားပြီး အာဏာရှင်နယ်မြေကသာ ကျယ်သွားခဲ့ပါတယ်။ မိမိနယ်ထဲမှာ လက်နက်ကိုင်များစွာ ရှိပြီး အမိန့်တစ်ခုထဲအောက် မရှိချိန်မှာ လုပ်ရကိုင်ရ ခက်ခဲသွားခဲ့ပါတယ်။
ရခိုင်မှာတော့ ဘီဘီစီကနေ စစ်မှုထမ်းဖို့ ဖမ်းနေပါတယ်ဆိုပြီး ဖွတ်တွေက ဘီဘီစီဒလန်နဲ့ ပေါင်းအော်လည်း AA က ဘာမှ ဘီဘီစီကို အဖက်မလုပ်ဘဲ လုပ်စရာရှိတာလုပ် တိုက်စရာရှိတာတိုက်ပြီး မိမိနယ်ထဲမှာလည်း အခြားလက်နက်ကိုင်ကို လက်မခံလို့ စစ်ရေး၊ နိုင်ငံရေးတိုးတက်မှုက မြန်ခဲ့ပါတယ်။
ယခုဖြစ်နေတာက လက်ဝှေ့စကားနဲ့ပြောရင် တန်းမတူဘဲ တက်ထိုးရတဲ့ လက်နက်အကောင်းတွေ မရှိ၊ ဒရုံးအကောင်းတွေ မရှိ၊ လေယာဉ်မရှိဘဲ တိုက်နေရတဲ့ NUG အောက်က PDF တွေကို သတင်းသမားတွေ၊ တတိယခွေးအုပ်စုတွေက ကုလသမဂ္ဂ ပေတံနဲ့ တိုင်း၊ နေတိုးစံနဲ့တိုင်းပြီး PDF ကို ဟိုလို မထိုးရဘူး ဒီလို မတိုက်ရဘူး ဟိုဟာက လူ့အခွင့်အရေးနဲ့ မညီဘူး၊ ဒီဟာက ကုလသမဂ္ဂ ဥပဒေနဲ့ မညီဘူးဆိုပြီး PDF ကို ကြိုးတုတ်ပြီး တိုက်ခိုင်း၊ ထိုးခိုင်းနေသလိုပါ။
ပြည်သူတွေက သတင်းသမား ဒလန်၊ တတိယအုပ်စုနဲ့ အချို့ NGO အမည်ခံတွေကို အလွန် သတိထားရပါမယ်။ သတင်းသမားရေးရင် မခံနိုင်တာ များပါတယ်။ အချို့ NGO ခေါင်းဆောင်တွေက အမေရိကန်ကို ဒုက္ခသည်အဖြစ်ထွက် ပြေး၊ ဘွဲ့ရပြီး NUG PDF ကို ဒုက္ခရောက်အောင် ခြေထိုးတာ၊ NUG အောက်မဟုတ်တဲ့ အခြားတပ်တွေကို အားပေးတာတွေ လုပ်နေပါတယ်။ သတင်းသမားတွေက မကောင်းကြောင်း ဝိုင်းရေးရင် ပြည်တွင်းမှာ အမေစုကို ပုံရိပ်ချလို့ မရပေမယ့် ပြည်ပ ကမ္ဘာ့မီဒီယာမှာတော့ ပုံရိပ်ချနိုင်ခဲ့ပါတယ်။ သတင်းသမားတွေ ၉၄% မကောင်း ရေးပြီး ဘာမှမဖြစ်ပဲ ပြည်တွင်းမှာ ရွေးကောင်ပွဲနိုင်တာ ပြည်ပမှာလည်း ပုံရိပ်ထိန်းနိုင်တာ ထရမ့်နဲ့ အစ္စရေးသာ ရှိပါတယ်။ ပြည်သူတွေက ဒီကိစ္စတွေကို သိရှိပြီး NUG အောက်က PDF ကို အင်အား ယခုထက်ပို ကြီးအောင် ထောက်ပံ့ကြပါ။ သူတို့ လုပ်ရကိုက်ရခက်တာကို နားလည်ပါ။ မြန်မာပြည်က အမေရိကန်လို ယူကေလို ဒီမိုကရေစီမရသေးတာကို မမေ့ပါနဲ့။ အဖွဲ့များစွာနဲ့ ငွေလုံးမကွဲ၊ စည်းလုံးရေး မကွဲပါစေနဲ့။ NUG အောက်က PDF အင်အားကြီးမှ မအလတပ်ကိုနိုင်ပြီး တရုတ်ကို ရင်ဆိုင်နိုင်မှာပါ။