top of page
Search
မြို့တော်ဝန်နဲ့တပ်မြို့စည်ပင်ဘာကွာလဲ
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 15, 2019
  • 1 min read
မနေ့ကဒီမိုကရေစီနေ့မှာဒေါ်အောင်ဆန်းစုကြည်ကဒီမိုကရေစီမှာကိုယ်ရဖို့အဓိကလို့ထင်ကြကြောင်းတကယ်တော့ရဖို့အတွက်စဉ်းစားသူများဟာမိမိကိုယ်ကိုတန်းဖိုးမထားသူများဖြစ်ကြောင်းပြောသွားပါတယ်။
လာပါပြီ။ဇေကြီးကလမ်းတွေပိတ်တော့မြို့တော်ဝန်ကသွားရှင်းပါတယ်။စာရေးသူကမြို့တော်ဝန်ရဲ့ပုရိသတ်မဟုတ်ပါ။ဒါပေမယ့်ဇေကြီးကဟောက်စားလုပ်တာကိုတည်တည်ငြိမ်ငြိမ်နဲ့စကားပြောဆိုပြီးသူ့ရည်ရွယ်ချက်ဖြစ်တဲ့လမ်းကိုပွင့်အောင်တည်ငြိမ်စွာဖွင့်သွားတာတွေ့ရပါတယ်။ဘာအင်အားမှမသုံး၊အာဏာမပြသွားပါ။ဒီနေရာမှာတပ်ကလူဆိုဇေကြီးကလဲအစကထဲကအာချောင်ရဲမည်မထင်ပါ။ဇေကြီးကသူရဖို့သူပြောပေမယ့်ဟိုကသွေးအေးစွာတုံ့ပြန်သွားခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်လိုက်ရတဲ့စာရေးသူတို့ပြည်သူများကတော့ယခင်ကအဘတို့ရဲ့ကြမ်းတဲ့အက်ရှင်တွေကြည့်ခဲ့လို့အားရချင်မှအားရမှာပါ။
ဟောလာပါပြီ။ဇေကြီးနဲ့တပ်။ဟိုယခင်မြို့တော်ဝန်အိမ်နေရာအဟောင်းတပ်ပိုင်မြေကိုစည်းကမ်းမလိုက်နာလို့ဟိုကကြေညာပြီးစာချုပ်ဖျက်ပြန်သိမ်းတယ်။ဇေကြီးအသံတောင်မထွက်ပါ။ထို့အတူရွှေမန်းသားဆီဆိုင်ကိုချစ်တုန်းကငှားထားပြီးဟိုကသူ့အဖေရာထူးမရှိတော့တပ်မြို့စည်ပင်ကပြနိသိမ်း၊ဟိုကမဖယ်တော့လမ်းကိုပိတ်အုတ်နံရံခတ်ပါတယ်။ဥပဒေအရတစ်ဆင့်ချင်းမလုပ်ပါ။စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီပေါ့။ဒါမျိုးဇေကြီးရဲ့အိမ်ရာကိုမြို့တော်ဝန်ကသာပိတ်ပြီးလုပ်ပြခဲ့ရင်ပြည်သူကလက်ခုတ်တီးနိုင်ပါတယ်။ဒါပေမယ့်ဒီနည်းဟာဒီမိုနည်းကျတဲ့ဖြေရှင်းချက်မဟုတ်ပါဘူး။
​ဒါကြောင့်ဒီမိုကျင့်စဉ်မှာမူအရရှင်းသွားတာဟာအကောင်းဆုံးပါ။အဖွဲ့အစည်းတစ်ခုဟာအာဏာပြပြီးပြဿနာကိုရှင်းရင်ရေတိုမှာအဆင်ပြေနိုင်ပေမယ့်ရေရှည်မှာပြဿနာတက်တတ်ပါတယ်။အာဏာပြပြီးစစ်ပွဲကနေတိုက်ပွဲတိုတဲ့စကားလုံးပြောင်းတိုင်းပြဿနာကမပြီးသွားဘူးဆိုတာပြည်တွင်းစစ်ကသက်သေပါ။
Zawgyi version
Recent Posts
See All
ညံ့ဖျင်းသူ
မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...
Σχόλια
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page