top of page
Search

ဘာ့ကြောင့်အရေးတော်ပုံနိုင်မှာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 26, 2021
  • 1 min read

ညီငယ်တစ်ယောက်ကမေးတယ် အဘဘာ့ကြောင့်အရေးတော်ပုံက နိုင်မှာလဲတဲ့။ အဖြေကရှင်းပါတယ်။ မေမြ်ို့က သူရဲကောင်းကြေးရုပ်ကိုကြည့်ကြည့် နေပြည်တော်စစ်ရေးပြကွင်းထဲက ရုပ်တုကိုကြည့်ကြည့် မင်းဘာမြင်လဲလို့။ သူကဖြေပါတယ်။ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ပါလို့ သူကပြန်ဖြေပါတယ်။ ဟုတ်တယ် ယခုက ဗမာနယ်တွေက သူ့ကိုခံချနေတာ။ ဦးအောင်ဇေယျက ရွှေဘို၊ ဗန္ဓုလက ဘုတလင်လေ။ ဗိုလ်ချုပ်က နတ်မောက်။ ယခုဟာက စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး အကုန်ခံချနေတာ။ မင်းတပ်ထဲကလူတွေ ဘယ်နယ်ကမွေးလာလဲ ထိုနယ်တွေကဘဲလေ။

ယခုစစ်ကြောင့် စစ်ဘေးရှောင်နေရ၊ စီးပွါးရေးမလုပ်ရပေမယ့် သူတို့က မအလကို ဘာဖြစ်ဖြစ်အပြုတ်တိုက်မယ်ဆိုပြီး တိုက်နေကြတာကွ။ ဗကပလက်ထက်မှာတောင် စစ်ကိုင်းက မပါခဲ့ဘူး။နောက်သူတို့က သူတို့သားသမီး သူတို့လင်တွေကို မအလတပ်ထဲ မဝင်ခိုင်းတော့ဘူး။ လက်ရှိတပ်ဟာ ဗမာကိုအများစုအခြေခံပြီးဖွဲ့ထားတာ။ သူ့လူမျိုးက သူ့မထောက်ခံရင် သွားပြီပေါ့။ ယခုသူက မီးရှို့လေ ဟိုက နောက်မဆုတ်ဘဲ PDF က လုအင်အားပိုများလာလေဘဲ။ မအလတပ်ထဲထပ်ဝင်မယ့်သူလဲမရှိတော့ဘူး။ ယခုPDF က လက်နက်ကြီးမရသေးလို့သာ။ လက်နက်ရရင် မအလကအမြန်ပြုတ်မှာဖြစ်ပြီး လက်နက်ကြီးမရရင် အချိန်ယူရနိုင်ပေမယ့် အရေးတော်ပုံနိုင်မှာ ကတော့သေချာတယ်လို့ ပြောလိုက်ပါတယ်။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 27, 2021

ဦးမြတ်!! အဘယ်အတွက်ကြောင့် အောင်

နိုင်ပါမည်နည်း???/အဖြေက ရုပ်တုသုံးခုထဲမှာပင်ရှိပါသည်။

ဘုရင့်နောင်ကျင့်သုံးခဲ့သော နောင်ရိုးတိုက်ပွဲဝင် **ဖောင်ဖျက်ထားသည့် စိတ်**ကြောင့်ပါ။

စစ်ကိုင်းတိုင်းမှာ အသတ်ခံရ၊ရွာမီးရှို့ခံရ၊ဆန် ပဲစသည်တာရှည်ခံ ရိက္ခာခြောက်များ အသုံးပြုမရအောင်ဖျက်ဆီးခံရမှု၊အိမ်မွေးတိရစ္ဆာန်များ သေကြေကြပြီး စစ်တပ်ကရိက္ခာအစိုအဖြစ် ယူဆောင်မှု

စသည်တို့ကြောင့် ခံပြင်းမုန်းတီးနှင့်ယှဥ်၍ဖြစ်ပေါ်လာသော လက်စားချေတွန်းလှန်လိုစိတ်သည် (ဗုဒ္ဓဘာသာဝင်များဖြစ်လင့်ကစား)မြင့်တက်လာခဲ့ပါသည်။စစ်ကိုင်းတိုင်းတွင် အမျိုးသမီးများသာမက လူလားမြောက်ပြီးသူတိုင်း

တူမီးကိုင်၍ **သေသော်မှတည့်!သြ ကောင်း၏**စိတ်ထားဖြင့် ရွပ်ရွပ်ချွန်ချွန်တွန်းလှန်တိုက်ခိုက်မှုကြောင့်ပါ။

နောက် ပဲခူးတိုင်းထဲက ကျောက်ကြီးမြို့နယ်၊ မိမိတို့ကလေးဘဝကပင် ရွှေကျင် ကျောက်ကြီးဒေသသည် ညိုရင့်ရင့်ကာလာချယ် တကယ်တွယ်သောဒေသဖြစ်ပါသည်။

တဖက်က စကစတပ်တွေမှာက ဆန့်ကျင်ဘက်အဖြစ် စိုးရိမ်မှုနှင့်ယှဥ်သော ကြောက်စိတ်။ကြောက်နေသမျှ အခံဖက်ကချည်းသာ။မြို့ပေါ်မှာတောင် စစ်ကားမောင်းသူသည် သူ့ဘေးမှာတဖက်တချက် ဒိုင်းများကာ၍မောင်းနှင်နေရပါသည်။စစ်တပ်ကကားတွေ မတော်တဆမှု ခဏခဏဖြစ်ခြင်းက သက်သေခံနေပါသည်။

တကယ့်လက်တွေ့မြေပြင်မှာ ပျောက်ကြားစနစ်နဲ့ တိုက်ခိုက်နေကြပါသည်။ပျောက်ကြားစနစ်သည် နယ်မြေခံကျွမ်းကျင်သူတို့သာ အနိုင်ရစမြဲပါ။တိုက်ပွဲဝင်ပြီးပြန်အလာမှာ မိုင်းဆွဲခံထိ၊

လွတ်လာသမျှကို အပေါ်စီးက တူမီးနဲ့ပစ်။ မသေတောင်မှ ဒါဏ်ရာရမှာသေချာပါသည်။ယခုနောက်ပိုင်းခပ်စိပ်စိပ်ဖြစ်လာပါပြီ။စကစသတင်းပေးဒလန်များ အသတ်ခံရသောအရေအတွက်တိုးလာသည်နှင်အမျှ local PDFများအောင်ပွဲခံလာရသည်ကိုတွေ့ရပါသည်။

ဆောင်းပါးတပုဒ်မှာ ဦးမြတ်ရေးခဲ့သလိုသေနတ်၈၀၀ဆုံးရှုံးဟု ထုတ်ပြန်သော်လည် လက်တွေ့မှာ၈၀၀ထက် ပိုနိုင်သည်ဟုရေးသားခဲ့ပါသည်။ပျောက်သောလက်နက် ဘယ်သို့ရောက်သနည်း???

ပင်လည်ဘူးဖြစ်ဥ်မှရရှိသော ခဲယမ်းများသည် စကစအနေဖြင့် ကိုယ့်ကျင်းကိုကိုယ်တိုင် တူးမိသည့်အဖြစ်။ပင်လယ်ဘူးမှာ ရဟတ်ယာဥ် ဝဲ ၍ ပစ်ခွဲသော်လည်း ပီဒီအက်ဖ်များ အထိအခိုက်မရှိဟုသတင်းများအရ သိရှိရပါသည်။

စကစအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းဝင်ရောက်၍ ပီဒီဖက်များနှင့်တိုက်ပွဲဝင်နေသော ကေအိုင်အေ၏ နယ်ကျွံတိုက်ပွဲဝင်မှုကို ရှုံ့ချကန့်ကွက်ပါကြောင်း အသိပေးစာထုတ်ပြန်မှုကို စကစ သတင်းပြန်ကြားရေးခေါင်းဆောင် နာဂေးတစ်(မုန့်ကြိုးလိမ်)မှ ပြောဆိုမှုကိုကြည့်ခြင်းဖြင့်

အရှုံးသည် ငြင်းကွယ်မရဖြစ်နေသည်မှာ သေချာပါသည်။

မြို့ပြကြီးများမှာလည်း လူငယ်များ အတိုကိုကျင်လည်စွာသုံးတတ်လာပြီဖြစ်ကြောင်း မဥက္ကလာမှာအရပ်ဝတ်အပစ်ခံရမှု၊ဒလန်ကို အနီးကပ်တေ့ဖြုတ်သည့်ဗီဒီယိုမှ သက်သေခံနေပါသည်။

မကြာခဏ သုံးလေ့ရှိပါသည်။စေတနာဖြူလျှင် ကံဖြူပြီး ကံ၏အကျိုးပေးရလဒ်ကောင်းပါသည်ဟူ၍။စေတနာမွဲ မည်း(မဲ)ကြောင်း ပင်လည်ဘူးဖြစ်စဥ်မှာရရှိသည့် ဆက်သွယ်ရေးစက်၊ ဝါးဖြင့်ရက်လုပ်သည့် ခြင်းကြား၊ကျဆုံးသူများခြေထောက်တွင် စွပ်ထားသောရော်ဘာဖိနပ်များက အကောင်းဆုံးသက်သေများဖြစ်ပါသည်။ရဲဖော် ရဲဖက်စိတ် သာတူညီမျှ မထားနိုင်သမျှ ကျရှုံးပါလိမ့်မည်။သုံးသောကားကသက်တမ်းရင့် FAWကား။အသံထွက်ဆင်ဆင်ယူသော်

FALL။စေတနာက ပြို၊ ကားက အိုတော့

ဒေါင်း(Down)ပြီပေါ့။နှစ်ရပ်ပေါင်းလိုက်သော်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page