top of page
Search

ဘယ်သူ့ကိုထောက်ခံမှာလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 25, 2023
  • 2 min read

ရွာထဲမှာ အဘအမျိုးက လက်နက်ကိုင်အဖွဲ့ထောင်တယ်။ သူ့ကိုယ်သူ ပျူလို့မပြောဘူး။ ဒေသခံ တော်လှန်ရေးသမားပေါ့။ သူက အဘထံက လက်နက်လေးတွေ အောက်လမ်းကရတယ်။ သူက NUG နဲ့ ကင်းကင်းနေတယ်။ NUG ကို အသိအမှတ်ပြုပါတယ်လို့တော့ လေထဲကနေပြောထားတယ်။ သူက ယခင်က ကိုကိုကြီးပါတီဝင်ထားသူ။ နောက်ပိုင်းဆန္ဒပြပွဲမှာ ဝင်အော်ပြီး နိုင်ငံရေးသမားဆိုပြီး ပြောတတ်ဆိုတတ်သူနဲ့ ချိတ်လိုက်တယ်။ သူတို့ကို ပြည်ပက အဘထောက်ပံ့ထားတဲ့ အလွတ်တန်းသတင်းထောက်တွေကလဲ ဝိုင်းပင့်တယ်။ အချို့သတင်းသမားကတော့ ယခင်က NLD မုန်းသူ ယခုတော်လှန်ရေးမှာပါပေမယ့် NUG/NLD ကို အကွက်ရရင် ခြေထိုးဖို့စောင့်နေသူ။ ထိုသတင်းသမားက သူနဲ့လဲ အင်တာဗျူးပြီး နာမည်ကြီးအောင်လုပ်ထားတော့ နိုင်ငံခြားကလူတွေက သိနေတယ်။ သူတို့က အစိုးရဖွဲ့ပြီ သူ့ကိုသင်ထောက်ခံမှာပါလား? သူကနိုင်ငံရေးသမား သူ့မှာလဲတပ်ရှိတယ်ဆိုပါစို့။ ထိုနယ်မှာဘဲ နောက်ကျောင်းသားသမဂ္ဂက သူကဆန္ဒပြပွဲကိုဦးဆောင်ခဲ့လို့ သူ့မှာလဲတပ်ရှိလို့ သူကသာဦးဆောင်မယ်ဆို သူ့ကိုသင်က ထောက်ခံမှာပါလား? ထိုဒေသက လယ်သမားကြီးကလဲ သူ့လယ်သမားတွေနဲ့ ဆန္ဒပြခဲ့လို့ လယ်သမားတပ်ကြီးလဲရှိလို့ သူကဦးဆောင်မယ်ဆို သင်က ထောက်ခံမှာပါလား? ထိုဒေသက ပွဲစားကလဲ တပ်ထောင် နိုင်ငံရေးဦးဆောင်အဖွဲ့ဖွဲ့ပြီး သူကလဲ ဆန္ဒပြချိန်က ပါခဲ့တယ်ဆို သင်က အစိုးရအနေနဲ့ သူ့အဖွဲ့ကို ထောက်ခံမှာပါလား? အဖွဲ့ ၁၀၇ ဖွဲ့ဆိုရင် သင်က ဘယ်အဖွဲ့ကိုထောက်ခံမှာပါလဲ? အဲ့ဒီ ၁၀၇ဖွဲ့က ပြည်သူတွေကတင်မြှောက်ထားတာပါလား? ယခု မအလက ပါတီ ၁၀၇ ဖွဲ့ဆိုရင် သူတို့က ပါတီရှိလို့ စာရေးသူတို့က မိုက်ကယ်ကျော်မြင့်ကို အစိုးရပေးဖွဲ့မှာပါလား? သက်သက်ခိုင်ကို အစိုးရပေးဖွဲ့မှာပါလား?

သူတို့က တစ်ဖွဲ့ကို အစိုးရတစ်ဖွဲ့ထထောင်နေရင် အစိုးရ ၁၀၇ ဖွဲ့ စစ်ကိုင်းမှာတင်ဖြစ်နေမှာပါလား? ဒီမိုကရေစီနည်းအရ မတူညီမှုကိုလက်ခံမှာပါလား? ထို့အတူပါဘဲ KNU ဒေသမှာ ဘိုမြသားက အစိုးရအဖွဲ့ထောင်အပြီး စောချစ်သူကလဲ အဘကလာဖမ်းရင် အစိုးရထဖွဲ့ဆိုရင် အားလုံးကိုလက်ခံမှာပါလား? ကရင်နီမှာ နောက်အစိုးရထပ်ဖွဲ့ရင် ဘယ်အစိုးရက တရားဝင်မှာပါလဲ?

ဒီတော်လှန်ရေးစတာက ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို တပ်မတော်ဆိုတဲ့ အစိုးရလခစား အလုပ်သမားတစ်ဖွဲ့က အာဏာထသိမ်းလို့ပါ။ အမေရိကန်မှာ ထရမ့်ထောက်ခံသူတွေက လွှတ်တော်ကိုတက်သိမ်းချိန်မှာ လူထုဆန္ဒဆိုပြီး ငြိမ်ခံနေလိုက်ပါသလား? ယခုထရမ့်ကို တရားစွဲထားသလို သူ့ကိုထောက်ခံသူတွေကိုလဲ လွှတ်တော်ကို ပုန်ကန်မှုနဲ့ တရားစွဲထားပါတယ်။

မြန်မာပြည်က ရှုတ်ထွေးပါတယ်။ လူမျိုး၊ ဒေသကို အခြေခံ အစိုးရဖွဲ့ရင် အခြားအဖွဲ့တွေကလဲ ပေါ်လာမှာပါ။ ဒါကြောင့် အားလုံးဟာ ရွေးကောက်ခံမှုကို ကိုယ်စားပြုရပါမယ်။ မင်းက NUG ကိုဘောမနေတာလားမေးရင် NUG ကိုမဟုတ်ဘဲ NUG ကို ပြည်သူကတင်ထားတဲ့ CRPH က ရွေးကောက်တင်မြှောက်ထားလို့ပါ။ သမ္မတက CRPH က အသစ်ခန့်လဲ ထောက်ခံမှာပါ။ ဦးရည်မွန်နေရာကို CRPH က အခြားသူခန့်လဲ ထောက်ခံမှာပါ။ ဘာကြောင့်လဲဆိုတော့ CRPH က ပြည်သူက ရွေးကောက်ထားတာဖြစ်လို့ CRPH ကိုဘောမတာမဟုတ်ဘဲ ပြည်သူကိုဘောမတာပါ။CRPH ကိုထောက်ခံတာက ပါတီအာဏာပြန်ရရေးမဟုတ်ဘဲ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်ရရေးပါ။ ပြည်သူထောက်ခံတာက NLD ပါတီဖြစ်တာက တိုက်ဆိုင်မှုပါ။ ဒီနေရာမှာ ၂၀၀၈ ခြေဥမရှိလို့ CRPH မရှိဆိုရင် စိုးဝင်းဆွေအဖေသေရင် စိုးဝင်းဆွေက သေသွားမှာပါလား? မြေပြင်မှာအသေခံတိုက်သူကို ပေးအုပ်ချုပ်ရမယ်ဆိုတဲ့ အချို့တပ်ချုပ်လောင်းလေးများရဲ့ သီအိုရီကိုလဲ ပြောပါရစေ။ ဘဘကလဲ တပ်မတော်ကြီးက အသေခံတိုက်တာပါဆိုပြီး အာဏာတွေလုလုယူနေတာပါ။ အဆိုပါ မအလတပ်က လွှတ်တော်မှာ သူတို့က အသက်ပေးရတယ်ဆိုပြီး ပြည်သူကမရွေးဘဲ တက်ထိုင်နေတဲ့ ၂၅% ကို အားလုံးမုန်းခဲ့တာ မမေ့ပါနဲ့။ မြေပြင်မှာတိုက်ရလို့ အာဏာယူရမယ်ဆိုတဲ့ အတွေးအခေါ်က မအလတပ်အတွေးနဲ့ ထပ်တူပါ။ အာဏာဆိုတာ ပြည်သူ့ကိုယ်စားလှယ်ထံကသာ လာရမှာပါ။ သူတို့ကို ရွေးကောက်ပွဲက တင်မြှောက်တာပါ။

နောက်လက်နက်ကိုင်အဖွဲ့များအားလုံးလဲ မိမိတို့က တပ်တော်လေးတွေကို လက်နက်ပို့ချင်လို့ NUG နယ်ထဲကဖြတ်ရင် တရားဝင်ခွင့်တောင်းပါ။ ခွင့်မတောင်းရင် လုံခြုံရေးမပေးနိုင်သလို အဆိုပါလက်နက်က NUG ကိုပြန်တိုက်မယ့် ရှမ်းနီလိုအဖွဲ့ထံလဲ ရောက်သွားနိုင်သလို NUG အမိန့်မနာခံတဲ့ တပ်တော်တွေထံလဲ ရောက်သွားနိုင်ပါတယ်။

အားလုံးက နယ်မြေစိုးမိုးမှုများလာလေ အာဏာလိုချင်တဲ့ရောဂါက ပိုလာလေပါ။ ပြည်သူများစဉ်းစားရမှာက မအလကို ပြည်သူ့ထံက အာဏာသိမ်းလို့တိုက်နေတာကို နောက်နာမည်တစ်မျိုးနဲ့ ပြည်သူ့ထံက သတင်းသမားနဲ့ပေါင်းပြီး အာဏာသိမ်းတဲ့ နောက်လက်နက်ကိုင်အဖွဲ့ထံ အာဏာမလွှဲပြောင်းမိဖို့ပါ။ မြန်မာပြည်မှာ ဆီးရီးယားနဲ့ လစ်ဗျားလို မဖြစ်အောင် ရှောင်နိုင်တာက ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရှိနေတာပါ။ သူတို့က ကြားကာလဆွဲထားတဲ့ဥပဒေကို မကြိုက်ရင် ဒီမိုကရေစီရရင် ပြန်ပြင်လို့ရပါတယ်။ ယခုအချိန်မှာ ရန်သူကို အာရုံပြုပါ။ ဒါကြောင့် တော်လှန်ရေးကို အာရုံစိုက်ပြီးသာ NUG ကို ဝန်းရံပါ။ SDB မှာ အကောင့်ဖွင့်ပါ။ ရှယ်ယာဝယ်ပါ။ နောက်ဆုံးက ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

3 Comments


Scarlet Scarlet
Scarlet Scarlet
Nov 28, 2023

သူတလူ ငါတမင်း​တွေ...

ဖြစ်ချင်​နေကြတာ...

ဘာမဟုတ်တဲ့...

တီ​​ကောင်လိုဟာမျိုး...

သက်ကယ်မိုးယို လို မျိုး​တွေက

အစ, ကာချုပ်​တွေ...

ဝန်ကြီး​တွေဖြစ်ချင်​နေကြ​တော့...

မခက်ပါလား...

သူတို့ကြည့်​တော့..

ဘာလုပ်ကွက်မှမရှိ...

NUG ကို...

ထိုင်ပြီး ​​ဖောင်းထု​နေတာ...

ဦးရည်မွန် အရက်​သောက်လို့.တဲ့...

သူတို့ကျ​တော့ အရက်အိုးထဲ

​ခေါင်းစိုက်​နေတဲ့​ကောင်​တွေ...

ဘာ​ပြော​ပြော....

ဦးရည်မွန်...

အရည်အချင်းရှိတယ်...

အရပ်သားက...

စစ်တပ်ကို ဒီ​လောက်ထိန်းချုပ်နိုင်တာ

​တော်တာဘဲ...

တချိန်လုံး ​သေနတ်ပစ်​နေမှ...

ကာကွယ်​ရေးဝန်ကြီးလုပ်ရမယ်လို့

ဥပ​ဒေ မရှိဘူး...

ပီး​တော့...အ​ဝေး​ရောက်အစိုးရ

ဖွဲ့နိုင်တာ...​

အောင်မြင်​အောင်လုပ်နိုင်တာနဲ့တင်

အထင်ကြီးစရာ...

ဗိုလ်တင် နဲ့ အဖွဲ့က, လဲ...

ဘဏ္ဍာ /စီးပွား ကိစ္စ...

နိုင်နင်းတယ် ပြောရမယ်...

ကျန်တဲ့သူအားလုံး...

သူ့​နေရာနဲ့သူ...

အ​ရွေ့တခုကို လှမ်း​နေတာမို့...

​ထောက်ခံရမှာပါ...

ဘာမှမလုပ်ဘဲ...

​ဝေဘင် ​နေသူ​တွေကို​တော့...

​တောထုတ်ပစ်ရမှာပါ..

ဆရာမြတ်​ရေ....

ကျန်းမာ, ​ဘေးကင်းပါ​စေ...


Like

Khin Pyone
Khin Pyone
Nov 25, 2023

​လောက်ကိုင်ကျပီးရင် တလရ ခရီး၄၀% ​ကျော်​အောင်ပီ

Like

Maung Chit Khaing
Maung Chit Khaing
Nov 25, 2023

ပြည်သူက ရွေးကောက်ထားတာဖြစ်ရင် မိုက်ကယ်ကျော်မြင့် စိုးဝင်းဆွေ ဘိုမြသား စောချစ်သူ သက်သက်ခိုင် ဦးရည်မွန် အခြားသူခန့်လဲ ထောက်ခံမှာပါ။ ပြည်သူကမရွေးဘဲ တက်ထိုင် သူ အားလုံး ကအာဏာလိုချင်တဲ့ရောဂါ ပါ။ CRPH NUG NLD ကို ဝန်းရံပါ။

Edited
Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page