top of page
Search

ဗီယက်နမ်က အမေရိကန်တပ်ကို ဘယ်လိုတိုက်ခဲ့သလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 13, 2021
  • 1 min read

ဒီစာကိုမရေးခင် စာရေးသူအကောင့်ပိတ်တာလေးကို ပြောလိုပါတယ်။ အပိတ်ခံရတာက စစ်ကိုင်းကမိဘပြည်သူတွေကို ရိက္ခာဘယ်လို သိမ်းရမယ်ဆိုတာ ပြောလို့လို့ Facebook က ဆိုပါတယ်။ ဒါ့ကြောင့်မအလကြောက်တတ်လို့ ဒီစာကိုရေးပါတယ်။

——————————————————————

အမေရိကန်တပ်ဟာ ဗီယက်နမ်ထက် လက်နက်အင်အားကြီးသလို လေတပ်၊ ရေတပ်တွေလဲ ရှိခဲ့ပါတယ်။ ပုံမှန်မှာ ဗီယက်ကောင်းတွေက ဘယ်လိုမှမနိုင်နိုင်ပါ။ အမေရိကန်ဟာ ဗီယက်ကောင်းတွေကိုဗုံးကြဲပါတယ်။ သူတို့က သစ်တောထဲကနေတိုက်လို့ သစ်ရွက်ကြွေဆေး ဖြန်းပါတယ်။ နောက်မီးလောင်ဗုံးကြဲပါတယ်။ အချို့ဆို ဓာတုဗုံးဒဏ်ကြောင့် မွေးလာတဲ့ ကလေးတွေမှာ ခြေတို လက်တိုလေးတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဗီယက်ကောင်းတွေဟာ သူတို့ယုံကြည်တဲ့ ဝါဒအတွက်အသေခံတိုက်ခဲ့လို့ လွတ်လပ်ရေးရခဲ့ပါတယ်။ ဒီနေရာမှာ ဗီယက်ကောင်းတွေရဲ့ ဗျူဟာက စိတ်ဝင်စားစရာကောင်းပါတယ်။ စာရေးသူ ယခင်ကစာတမ်းအတွက် လေ့လာပြီး တရုတ်နိုင်ငံက ကျူးကျော်ရင်သုံးနိုင်အောင် ပြုစုပေမယ့် ယခုတော့ မိမိတော်လှန်ရေးအတွက် အသုံးဝင်နိုင်လို့ သာမန်လူနားလည်အောင် ရေးပါ့မယ်။

ရန်သူဟာ ဗီယက်ကောင်းရွာတွေကို မီးရှို့တာ ရိက္ခာတွေဖျက်ဆီးတာတွေ လုပ်ပါတယ်။ ဒီနေရာမှာတောင်ပေါ်ဒေသတွေက တောင်တွေထဲမှာ ပုံးအောင်းနေပြီး တိုက်တာလဲ ရှိပါတယ်။ အချို့ကတော့ မြေပြန့်ဒေသမှာမိုလို့ သစ်ပင်ကလွဲရင် အကာအကွယ်မရှိ တိုက်ရခက်တတ်ပါတယ်။ ဗီယက်ကောင်းတွေက အဆိုပါမြေပြန့်မှာတိုက်ဖို့ မြေကြီးထဲမှာ လှိုင်ခေါင်းတူးပါတယ်။ ဘာစက်မှမဟုတ်ဘဲ ပုံမှန်ပေါက်တူး ပေါက်ပြားနဲ့သာပါ။ ပြီးရင်သူက အဲ့ဒီကနေ တစ်နေရာနဲ့ တစ်နေရာကို သွားလာပါတယ်။ရိက္ခာတွေကို သိုလှောင်ထားပါတယ်။ နာမည်ကြီး လှိုင်ခေါင်းနာမည်က Chu Chင Tunel ပါ။ ဗီယက်နမ်မှာ သွားလေ့လာလို့ ရပါတယ်။ အဆိုပါ မြေအောက်တွင်းနားမှာ ဗီယက်ကောင်းတွေက အမေရိကန်တပ်မလာနိုင်အောင် မြေမြုပ်မိုင်းတွေ ထောင်ထားပါတယ်။ အထဲမှာ အခန်းစုံပါ။ သူတို့ စလုပ်တာကတော့ ရိက္ခာပါ။ ဆန်၊ စပါးတွေကို မြေအောက်မှာ ရေမဝပ်အောင် သိုလှောင်ထားတာပါ။ သူတို့ကစစ်မတိုက်ခင်က ကြိုပြင်ပါတယ်။ တစ်နှစ်စာလောက် အနည်းဆုံး သိုလှောင်ထားပါတယ်။ လက်နက်ကိုလဲ ထို့အတူ မြေအောက်ထဲမှာ မြုပ်ထားပါတယ်။ ဒါ့ကြောင့် အမေရိကန်က ဘယ်လောက်ဗုံးကြဲကြဲ၊မီးရှို့ရှို့၊ တပ်နဲ့ ဝင်ရှာရှာ မမိတာ မဖျက်နိုင်တာ တွေ့ရပါတယ်။ ဒါ့ကြောင့် သူတို့စစ်နိုင်ခဲ့တာပါ။ နောက်ရေးပြစရာတွေ အများကြီးပါ။

ဒီစာမျက်မှာက မတက်လာရင် http://www.myattunoo.com ကို လာဖတ်ပါ။ တင်တာ အတုအစစ်လဲခွဲလို့ရပါတယ်။ ကျေးဇူးပါ။

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 13, 2021

ဦးမြတ်!!! ငါတို့ ရှုံးရင် ၊ သေရမယ့် အတူတူ ၊ တနိုင်ငံလုံး ပြာ ကျစေရမယ်

ဟူ၍ ကြုံးဝါးထားကြောင်း စာမျက်နှာသတင်းများမှ တဆင့် သိရပါသည်။

~••Demo Payit စာမျက်နှာမှာ

ကော့မှူး ငှက်အော်စမ်း နှင့် ကမ္ဘာအေး

လူငယ်စခန်းမှ လူငယ်များ ကောင်းစွာသင်တန်းပေးပြီး PDF ကို ပုံဖျက်ရန် အဖျက်လုပ်ငန်းများ ဆောင်ရွက်ဖို့ စေလွှတ်ထားကြောင်း ဖော်ပြထားပါသည်။

~••Current Affairs (Thanda Aung)စာမျက်နှာ ဖော်ပြချက်

ချိဖ သံ နပတ ရောက်နေကြောင်း

ရုရှား ဒု တပ်ချုပ်လည်း ရောက်နေကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ဘုရားကြီး(ပဲခူးဒေသ)မှ Win Pe Tin acc ပိုင်ရှင်ကလည်း လက်နက်ကိုင်သော ပုံနှင့်တကွ ဘုရားကြီးပြည်သူ့စစ်နဲ့ တွေ့မယ်ဟု PDF များကို ကြိမ်းဝါးထားမှုကို ဖတ်ရှုလိုက်ရပါသည်။

စကစ ဖက်ကတော့ မနိုင် နိုင်အောင် အစွမ်းကုန် ကြိုးစားနေကြပါပြီ။

အမှန်မြင်ပြည်သူနှင့် တွန်းလှန်နေသော အင်အားစုများ စည်းလုံးညီညွတ်ရန် အထူး အထူး လိုအပ်သော ချိန်ခါသို့ ရောက်ရှိလာပါပြီ။

အရှေကလည်း မဖိသလို

အနောက်ကလည်း မ အိပါ။

အလယ်မှာရှိသည့် ဗမာများသာ ကိုယ့်ကြမ္မာ အောင်ပွဲအတွက် ကိုယ့်အားကို ကိုယ်အားကိုးရုံမှတပါး အခြားမရှိတော့ပါ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page