top of page
Search

ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 25
  • 1 min read

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။

ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာခံမှာ ဘာကြေညာချက်ထုတ်ထုတ် စစ်ရုံးက ခေတ်သစ်သတင်းလာမှသာ သိတာပါ။ သိလဲ အထက်ကအောက်ကို ဘာမှမမေးပါ။ နိုင်ငံခြားရေးရုံးက လစဉ်အစီရင်ခံစာတင်မှသာ သိတာပါ။ မအလဖတ် မဖတ်ကတော့ မသိပါ။ အာဂျင်တီးနား ဖမ်းဝရမ်းထုတ်တာ ဘာညာက စောက်ဖက်မလုပ်ပါ။ ICC ကိစ္စတော့ အကျိုးအပြစ်ကို အစီရင်ခံစာ တစ်ခါတင်ခိုင်းဖူးပါတယ်။ ဒီလောက်ပါဘဲ။

အမေရိကန်ကိစ္စကတော့ ယခင်ဟာတွေနဲ့မတူပါ။ ဗင်နီဇွဲလားနားမှာ ရေတပ်ချကထဲက စောင့်ကြည့်ဝာာတွေ နေ့စဉ်သတင်းပို့ခိုင်းတာ၊ မြန်မာပြည်ကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာကို နိုင်ငံခြားရေးရုံးရော၊ စစ်ဘက်က မဟာဗျူဟာဌာနတွေကိုရော စာတမ်းတွေတင်၊ သုံးသပ်ချက်တွေတင်တာ လုပ်ခိုင်းခဲ့ပါတယ်။ အားလုံးတူညီတာက ကျားဖြန့်ကိစ္စနဲ့ အမေရိကန်က ဝင်စွက်နိုင်တယ်ဆိုတာနဲ့ စောချစ်သူကို ရှင်းဖို့ကိစ္စတွေ၊ ထရမ့်က မှန်းမရဘူးဆိုတာ‌တွေပါ။ ဒါပေမယ့် အမေရိကန်စစ်တပ်ဟာ ဗင်နီဇွဲလားကို မဝင်နိုင်ဘူး၊ ဝင်ရင် အမေရိကန်စစ်တပ် ဗီယက်နမ်လိုဖြစ်သွားမယ်၊ ဗင်နီဇွဲလားမှာ တရုတ်နဲ့ ရုရှားကပေးထားတဲ့ ခေတ်မှီ လေကြောင်းရန်ကာကွယ်ရေးရှိလို့ အမေရိကန် လွယ်လွယ်နဲ့ ဝင်မရနိုင်ဘူးဆိုတာ‌‌ တွေကလဲ စာတမ်းမှာပါခဲ့ပါတယ်။ စာတမ်းတွေမှာ ဗင်နီဇွဲလားက တရုတ်ရေဒါက ဘယ်လိုကောင်းတာ၊ ရုရှားထုတ် လေယာဉ်ပစ်လက်နက်က ဘယ်လိုကောင်းတာတွေကလဲ အမေရိကန်လုပ်ရင် အသေများမယ်ဆိုတဲ့ဘက်က ရေးသားတင်ပြခဲ့ကြပါတယ်။

အမေရိကန်က ဗင်နီဇွဲလားသမ္မတကို ဝင်ဖမ်းတယ်လို့ သတင်းတက်ချိန်မှာ စစ်ရုံးထဲမှာ အစပိုင်းမယုံသူများစွာရှိပေမယ့် တကယ်ဖမ်းတာပြချိန်မှာ တုန်လှုပ်သွားခဲ့ကြပါတယ်။ မဲလုံးဆို ဘီဘီစီနဲ့ CNN ရှေ့မှာ ဘာသာပြန်နဲ့ကို ကြည့်နေခဲ့တာပါ။ နောက်နေ့ကျင်းပမယ့် အခမ်းအနားကို တက် မတက်အစပိုင်းမှာတောင် မအလက တွေဝေသွားခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာ ညအိပ်တဲ့နေရာကို တစ်ရက်တစ်ခါ ပြောင်းအိပ်တဲ့အထိ လုံခြုံရေးကို ဂရုစိုက်နေပါတယ်။

ဒါတင်မဟုတ်ဘဲ DEA ကို မူးယစ်ဆေးဝါးကို ဝနယ်၊ မိုင်းလားနယ်၊TNLA နဲ့ AA က ရှမ်းပြည်ထဲမှာ ထုတ်ကြောင်း၊ ဓာတုပစ္စည်းကို တရုတ်ထံကရကြောင်း တီဗီမှာ မကြေညာပေမယ့် ထပ်ခေါ်ရှင်းပြခဲ့ပါတယ်။ နောက် အမေရိကန်သံရုံးကို နယ်စပ်က ကျားဖြန့်ကို ယခုဇွန်မတိုင်ခင်ရှင်းမှာဖြစ်ပြီး စောချစ်သူကိုပါ အရေးယူမှာလို့ ထပ်ရှင်းပြထားပါတယ်။ ဒါတွေက ဗင်နီဇွဲလားအပြီး လေသံပြောင်းလာနေတာပါ။

ယခုလဲ အီရန်ကို အနီးကပ်စောင့်ကြည့်နေပါတယ်။ ထရမ့်က သူပြောတဲ့အတိုင်း ဗုံးကြဲတာ၊ စစ်ရေးပစ်မှတ်တွေကို ဆန္ဒပြသူကို ပစ်သတ်လို့ သူရာဇသံအတိုင်း ထရမ့်က ပစ်ခဲ့ရင် ဒါမျိုးက အဆင်အလာဖြစ်သွားနိုင်လို့ အန္တရာယ်ရှိလို့ စောင့်ကြည့်ပြီး အစီရင်ခံစာတင်ခိုင်းထားခဲ့ပါတယ်။

ဒါတွေက ဘာကိုပြနေလဲဆိုရင် မအလဟာ ခန့်မှန်းမရတဲ့ထရမ့်ကို ရင်တမမနဲ့ စောင့်ကြည့်နေတယ်တိုတာပါ။ လက်ရှိ မအလတပ်ထဲက လေကြောင်းရန်ကာကွယ်ရေးက ဗင်နီဇွဲလားရဲ့ ခြေဖျားတောင် မမှီပါ။ ‌ဗင်နီဇွဲလားကိစ္စက ယခင်ကလို မကျူးကျော်ဘဲ ခေါင်းဆောင်ကို ကုလမလိုဘဲ သူ့နိုင်ငံရဲ့ ဖမ်းဝရမ်းနဲ့တင် ဖမ်းလို့ရတယ်ဆိုတာကို ပြသွားခဲ့သလို ဘာလက်နက်ကမှ ဗင်နီဇွဲလားသမ္မတကို မကာကွယ်နိုင်ဘူးဆိုတာ ပြသွားခဲ့ပါတယ်။ တရုတ်၊ ရုရှားကလဲ မကာကွယ်နိုင်ဘဲ တရုတ်ရှေ့မှာတင် ဖမ်းပြသွားတာက သိက္ခာတောင် ကျစေခဲ့ပါတယ်။

အချို့က ဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့မညီဘူးပြောပေမယ့် တရုတ်၊ ရုရှားနဲ့ အာဏာရှင်တွေကလဲ အဆိုပါ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လိုက်နာနေဝာာ မဟုတ်ပါ။

အီရန်ဟာ မအလကို ငွေရိုက်ဖို့ကူညီတဲ့နိုင်ငံ၊ ဒရုံးနည်းပညာ ကူညီတဲ့နိုင်ငံပါ။ တပ်တွင်းလာပြီး ရေမြုပ်ဗုံးပညာလာပို့ချတာလဲရှိခဲ့ပါတယ်။ ဆန္ဒပြသူ နှိမ်နင်းရေးနည်းပညာကို ပြသတာလဲ ရှိခဲ့ပါတယ်။ သူ့ရဲ့ အနုမြူစက်ကို လာလေ့လာဖို့လဲ မအလတပ်ကို ဖိတိကြားထားခဲ့ပါတယ်။ အီရန်ကို သူ့ဆန္ဒပြသူကို ပစ်သတ်လို့သာ ထရမ့်က ဝင်တိုက်ခဲ့ရင် နေပြည်တော်မှာ အိပ်ပျက်တဲ့ညတွေက ပိုများလာမှာပါ။

အချို့က ထရမ့်က အီရန်ကို မတိုက်ဖူးထင်ပေမယ့် စာရေးသူအမြင်မှာက သူ့လေယာဉ်တင်သင်္ဘော နေရာယူပြီး အစ္စရေးက လေကြောင်းရန်ကာကွယ်‌ရေးအသင့်ဖြစ်ရင် ပစ်မှာလို့ထင်ပါတယ်။

အကျဉ်းချုပ်အားဖြင့် မြန်မာဟာ ဝေးလို့ အမေရိကန်က ဝင်ပစ်ဖို့ ဖြစ်နိုင်ချေနည်းပေမယ့် အဘကတွေးပြီး ပိုပိုကြောက်လာနေပါတယ်။ စောချစ်သူကိုထိုးကျွေးပြီး ပွဲမသိမ်းခဲ့ရင် ဗင်နီဇွဲလားသမ္မလို ဇတ်သိမ်းနိုင်သလို အီရန်မှာလို လေတပ်စခန်းကို ဝင်ပစ်ခဲ့ရင်တောင် မြန်မာပြည်တွင်းမှာက စစ်ချိန်ခွင်လျှာ ပြောင်းသွားနိုင်ပါတယ်။ အားလုံးကြိုးစားရမှာက မအလကို မူးယစ်မှု၊ ကျားဖြန့်မှုနဲ့ အမေရိကန်တရားရုံးမှာ စွဲချက်တင်နိုင်အောင်ပါ။ ဒါဟာ လက်တွေ့ကျပြီး တိုင်းပြည်အတွက်လဲ အဆင်ပြေမှာပါလို့ ပြောပါရစေ။ မိမိလော်ဘီတွေကလဲ ထရမ့်အဖွဲ့နားကပ်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဇယ်လင်းစကီးနှင့် ဆရာကျောင်းမှပြောသော ဥရောပ

ဥရောပဟာ လူ့အခွင့်အရေး အင်မတန်ကောင်းပါတယ်။ ခိုးဝင်လာရင်လဲ နိုင်ငံသားကို ဆယ်နှစ်ခိုးဝင်ပြီး မဖမ်းအောင်နေနိုင်ရင် ပေးလေ့ရှိပါတယ်။ ဒုက္ခသည်တွေကိုလဲ လက်ခံပါတယ်။ လူ့အခွင့်အရေးအတွက် အာဏာရှင်တွေကို ရှုတ်ချခဲ့

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page