top of page
Search

ပြည်သူတွေက စစ်ကိုမုန်း၍ တိုက်ခဲ့သည်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 11, 2021
  • 1 min read

ပြည်တွင်းစစ်ဟာ ကောင်းလားဆိုတော့ မကောင်းပါ။ ဒါ့ကြောင့် DASSK ဟာ ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ဒီမိုကရေစီကို အသွင်ကူးပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ သူမက သီးခံပြီးတော့ သူ့ဒီမိုအဖွဲ့၊ အခြားတိုင်းရင်းသားတွေ နိုင်ငံခြားက လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အပြောအဆိုခံပြီး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် ရိုးသားစွာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေဝဒတ် မအလဟာ တရားမရခဲ့ပါ။ ဆက်မိုက်နေခဲ့ပါတယ်။ စာရေးသူတို့ကလဲ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကိုရှောင်ဖို့ လော်ခဲ့ကြပါတယ်။

ဒီနေရာမှာ တောင်းပန်ရမယ့်သူတွေရှိပါတယ်။ ပထမက ရခိုင်ဒေသက အဖြစ်အပျက်တွေကို မအလနောက်ကနေ လော်ခဲ့မိတာပါ။ နောက်ပိုင်းမှာ ရခိုင်လူမျိုးတွေကိုလဲ မအလဖက်ဆစ်တပ်က နှိပ်စက်သလို ဗမာဗုဒ္ဓဘာသာတွေကိုလဲ နှိပ်စက်လာနေတာဟာ မျက်မြင်ကိုယ်တွေ့ပါ။

ဒါ့ကြောင့် မအလဖက်ဆစ်တပ်ရဲ့ အပြုအမူတွေဟာ လူမဆန်တဲ့ လုပ်ရပ်ဆိုတာကို ပြတ်ပြတ်သားသား ပြောလာရပါတယ်။ DASSK လဲ ယခုမအလဖက်ဆစ်တပ်ရဲ့ ပြည်သူတွေအပေါ်လုပ်ရပ်ကို သိရင် သူမပြောမှာပါ။

စာရေးသူတောင် AA ကိုပြောခဲ့တာတွေရှိပါတယ်။ တောင်းပန်ပါတယ်။ ယခုအချိန်မှာ စာရေးသူတို့အနေနဲ့ တိုင်းရင်းသားတွေ လက်ရှိတိုက်ပွဲမှာ ပါပါမပါပါ ဘာမှရေးမနေဘဲ မိမိတို့အလုပ်ကိုသာ ဂရိုစိုက်ကြစေချင်ပါတယ်။ KNU ဥက္ကဌဘာရေးရေး RCSS ဘာပြောပြောခွင့်လွှတ်လိုက်ပါ။ မအလဖက်ဆစ်အလိုချင်ဆုံးအရာက စာရေးသူတို့အချင်းချင်း ဒီမိုတွေကြား ဘာသာရေး လူမျိုးရေးအပေါ် မူနည်ပြီး မညီညွတ်မှာကိုပါ။


အမေရိကန်မှာ သမ္မတလင်ကွန်း ပြန်အရွေးခံရတာက အစပြုလို့ လူမည်းအခွင့်အရေးအတွက် ခြေဥပြင်တာ မရခဲ့လို့ ၁၈၆၁ ဧပြီလ ၁၂ ရက်နေ့မှာ ပြည်တွင်းစစ် စဖြစ်ခဲ့ပါတယ်။ အဆိုပါစာအုပ်ရဲ့ နာမည်က ‘The Second Founding’ ဒုတိယနိုင်ငံတော်ပါ။ DASSK လဲ အဆိုပါစာအုပ်ကို ဖတ်ခဲ့ပါတယ်။ ယခုလဲ ၂၀၀၈ ခြေဥကို ဖြိုဖျက်နိုင်ဖို့ ပထမအစခြေလှမ်းလို့ သဘောထားလိုက်ကြပါ။ ယခင်က မအောင်မြင်တာက စာရေးသူတို့မှာ တပ်မရှိလို့ပါ။ တပ်ရှိခဲ့ရင်တော့ စကားပြောလာမှာပါလို့ ပြောပါရစေ။


အချို့ကိစ္စတွေမှာက စစ်ကိုမုန်းပေမယ့်လဲ ပြည်သူတွေက ဒိမိုကရေစီရအောင် တိုက်ကြရမှာပါ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖက်ဆစ်ကိုတိုက်ဖို့ ပြောခဲ့တဲ့ တပ်ထွက်မိန့်ခွန်းဟာ မအလဖက်ဆစ်တပ်ကိုပြန်တိုက်ထုတ်ဖို့လဲ မှန်နေမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
May 11, 2021

ဦးမြတ်!!! ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှ ~

**နိုင်ငံရေးမှာ စစ်တပ် ပါလာလျှင်

ငါးပါး မှောက်လိမ့်မယ်။**

ခု ငါးပါးကို မကတော့ကြောင်း သက်သေကောင်းလေးပါ။

""ဗိုလ်ချုပ်အောင်ဆန်း ငြိမ်းချမ်းရေးလမ်းစဥ်မလိုက်ပဲ လက်နက်ကိုင် ဆန့်ကျင်လို့ ***အသတ် ခံ***ရတာ"" ဟူ၍ တစ်ပါးရဲ့ နှုတ်ထွက်စကား ၊ မသက်မသာ ကြားခဲ့ရပါသည်။ တတိုင်းပြည်လုံးရှိ သန်း ၅၀ ကိုမေးကြည့်ပါက **ကျဆုံး**းသည်ဟူ၍သာ သုံးကြပါသည်။

ဘာလို့ တော်လှန်ရပါသနည်း။ နှိပ်စက်ခံရလွန်းလို့ပါ။ ရင်ကြားစေ့ (နိုင်ငံရေး သံတမန်အရေး)

သော်လည်း မရ၍ ဤအခြေနေထိ ဆိုက်ရောက်ခဲ့ပါသည်။

ဗုဒ္ဓဘုရားရှင်သာသနာမှာ

**ကိလေသာရန်သူကို မဂ်ဓါးနှင့် ခုတ်ဖြတ် သတ်မှသာ အေးငြိမ်းရာ ရပေမည်**ဟု

မိန့်ကြားတော်မူခဲ့ပါသည်။တနည်းအားဖြင့် ဉာဏ်(လက်နက်)ဖြင့် တော်လှန်ခြင်း ဖြစ်ပါသည်။ တော်လှန်မှုမပြုသမျှ ခန္ဓာနှင့် ကိလေသာတို့ပေးသည့် ဒုက္ခမျိုးစုံကို လည်စင်းခံရမည်ဖြစ်ပါသည်။

လိုရာကို ဆွဲ တွေးနေလျှင် တဖက်သတ်ကျပြီး

မဇ္စျိမပဋိပဋာ မကျတော့ပါ။

ဗိုလ်ချုပ်အောင်ဆန်း၏ ဗီဇလေ့လာကြည့်သော်~ ပြီးရင် အေးအေးဆေးဆေးနေပြီး စာပဲ ရေးတော့မယ်။ ငြိမ်းအေးခြင်း ရသ မည်မျှ အလိုရှိသူနည်းဆိုသည်မှာ နှုတ်ထွက်စကားက

သက်သေခံနေပါသည်။

စာရေးခြင်းကြောင့် **ရသော ရသ**ကို နှစ်၍ရေးတတ်သူအပေါင်း ကောင်းကောင်းကြီး သိသလို ခံလည်း ခံစားဖူးကြပါသည်။

ငြိမ်းချမ်းချင်သောသူ

မငြိမ်းချမ်းလို့

တော်လှန်ရပါသည် အယူအမြင်သည်

ဗုဒ္ဓဘာသာကိုးကွယ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ရင်တွင်းဟဒယ၌

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page