top of page
Search

ပြောင်းလဲချိန်တန်သော ထွေအုပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 16, 2020
  • 1 min read

ရွေးကော်ကို မဲစာရင်းမှားချိန်မှာ လူအများက ရွေးကော်ကို အပြစ်တင်ကြပါတယ်။ အားလုံးမှတ်မိမှာပါ။ စာရေးသူက ရွေးကော်ဟာ မဲစာရင်းကို လဝကနဲ့ ထွေအုပ်အပေါ်မူတည်ပြီး လုပ်ရကြောင်းရေးခဲ့ပါတယ်။ ယခုရွေးကောက်ပွဲလုပ်ရာမှာလဲ ဆရာ/ဆရာမတွေရဲ့ လုပ်အားကို အခြေခံပြီးလုပ်ရတာပါ။ သူ့အဖွဲ့တွေက မြို့နယ်/တိုင်းအဆင့်မှာသာ လစာနဲ့ရှိတာပါ။ သူတို့က အယူခံရင် ဆုံးဖြတ်ရတာမျိုးပါ။ ဒါကြောင့် မဲစာရင်းဟာ ထွေအုပ်ကို အခြေခံပါတယ်။ DASSK က ထွေအုပ်ဌာနနဲ့တွေ့ပြီး ပွဲကြမ်းအပြီးမှာမ နောက်တစ်ကြိမ်မှာ မဲစာရင်းက ပိုမှန်လာတာပါ။ ရွေးကော်မှားတာအချို့ရှိပေမယ့် အဆိုပါအမှားမျိုးက အမေရိကန်နဲ့ ဥရောပမှာလဲ ရှိပါတယ်။ အဓိက ပြဿနာစတာက ထွေအုပ်ပါ။


လာပါပြီ ဆင်းရဲသားတွေကို ထောက်ပံ့တဲ့ကိစ္စ။ အစိုးရကထောက်ပံ့ပြီး ပိုက်ဆံက လူကယ်ပြန်ကလာပုံပါ။ ဒါပေမယ့် စာရင်းကတော့ ထွေအုပ်ကလာပါတယ်။ ဒီနေရာမှာလဲ ရပ်ကျေးက ရွေးကောက်ခံဆိုပေမယ့် မြို့နယ်/တိုင်းတွေက မိုးကျတွေပါ။ စာရင်းတွေက မှားပြီး မရသူတွေက အော်ကြ၊ လိုင်းပေါ်တက်ရေးကြနဲ့ တွေ့ရပါတယ်။ ရွေးကောက်ပွဲပြီးမှ ယခုလိုထောက်ပံ့ကြေးပေးလို့ ပြဿနာအကြီးအကျယ်မတက်သွားတာပါ။ အချို့ မတရား ထောက်ပံ့ကြေးရလိုသူအချို့လဲ ရှိနိုင်ပါတယ်။

ပြန်သုံးသပ်ကြည့်ရင် မြန်မာပြည်ရဲ့ လက်ရှိအုပ်ချုပ်ရေးကို အဓိကလုပ်နေတာဟာ ထွေအုပ်ပါ။ ထွေအုပ်ကို အရပ်သားအစိုးရအောက်ကို ပြောင်းနိုင်ခဲ့တာဟာ ပထမဆုံး အောင်မြင်မှုလို့ ပြောလို့ရပါတယ်။ ဒါကပထမခြေလှမ်းပါ။ ဒါပေမယ့် လက်ရှိခြေဥအရ ထွေအုပ်တွေကို ရာထူးတိုးတာ၊ ပြောင်းတာဟာ ဗဟိုက ထွေအုပ်ဝန်ကြီးပါ။ မြန်မာပြည်ရဲ့ ဝန်ထမ်းအထာက မိမိကို ရာထူးတိုးပေးနိုင်သူ ဒုက္ခပေးနိုင်သူကိုသာ ကြောက်ပါတယ်။ အဘလာရင် လာကြိုတဲ့ထွေအုပ်ပုံတွေဆို အင်မတန်ရိုကျိုးတာတွေ့ရမှာပါ။

ထွေအုပ်ဌာနရဲ့ ၈၀% က မိုးကျပါ။ အထက်မှာကလဲ မိုးကျ ဒုဝန်ကြီးနဲ့ ဝန်ကြီးပါ။ စာရေးသူတို့တပ်ကလူများရဲ့ တွေးခေါ်မှုဟာ တပ်တွေးခေါ်မှုအတိုင်းသာလာပါတယ်။ ဒီလိုဌာနမှာ ဒီလိုပုံနဲ့သာသွားနေရင် မလွယ်ပါ။ NLD အစိုးရအနေနဲ့ ထွေအုပ်ကို ပြုပြင်ပြောင်းလဲလိုရင် နိုင်ငံရေးသမားကို ထွေအုပ်ဝန်ကြီးခန့်ပြီး အမြစ်လှန်ပြောင်းလဲရပါမယ်။ NLD မှာ တော်တဲ့ နိုင်ငံရေးသမားတွေ များစွာရှိပါတယ်။ရွေးကောက်ပွဲအချိန် အင်တာဗျူးမှာ ပိုသိသာလာပါတယ်။ မဟုတ်ရင်တော့ ရှမ်းပြည်နယ်လိုနေရာမှာNLD အုပ်ချုပ်တယ်လို့ မထင်ရဘဲ တပ်အုပ်ချုပ်နေသလိုပါလို့ ပြောပါရစေ။ ဒီကိစ္စဟာ တိုင်းပြည်မှာအရေးကြုံတဲ့အခါ ပြဿနာကေါ်လာနိုင်ပါတယ်။ ကင်ဆာကို မိမိနိုင်ချိန်မှာ အမြစ်ဖြတ်လိုက်ပါလို့ပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

2 Comments


Albert Wint
Albert Wint
Nov 16, 2020

M T O ခင်ဗျား ရ က တ ဝန်ချုပ် ဦးဖြိုးမင်းသိမ်း ကျမ်းမာရေးကြောင့် တာဝန်တွေနားရင် ဖြစ်သင့်သူ ဝန်ချုပ် ရာထားမှု ထင်မြင်ပေးချက်လေးရေးထားပေးစေလို ဒီတိုင်းကသိတဲ့အတိုင်း နေပြည်တော်ပြီးရင် ဒုတိယနေရာဆိုတော့#

Like

Albert Wint
Albert Wint
Nov 16, 2020

ဖဆပလခေတ် တွင်လူထုနှင့်သူကြီး. မြို့ပိုင်.နယ်ပိုင်. တိုင်းမင်းကြီးဟူ၍လူထုအုပ်ချုပရေးယန္တယားရှိရာအုပ်ချုပ်ရေးရာတွင်ကျယ်ထိရောက်ပုံရနိုင်သည်ဟုထင်ပါသည် အပေါ်နဲ့အောက်မျှတထိရောက်နေသည်ဟုထင်ပါသည်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page