top of page
Search

နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 10, 2025
  • 1 min read

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေကို နှိပ်ကွပ်တယ်ဆိုပြီး ပြဿနာရှာနိုင်တဲ့ ကိစ္စနှစ်ခုပါ။ ဘိန်း၊ ဆေးပြားကိစ္စလဲ ပါပေမယ့် ဒီကိစ္စမှာ ဝ နဲ့ အခြားအဖွဲ့တွေကို အပြစ်ပုံချထားတာ အောင်မြင်တယ်လို့ ယူဆထားပါတယ်။

ICC ကလဲ ဖမ်းဝရမ်းထုတ်နိုင်ပေမယ့် ဒါဟာ သေရေးရှင်ရေးအရ အရေးမကြီးဘူးလို့ သုံးသပ်ထားပါတယ်။ ရိုဟင်ဂျာကလဲ ပြည်ပမှာ ထိုးဖောက်စည်းရုံးနိုင်ပေမယ့် ယခုအချိန်မှာ ဥရောပက ဖိအားပေးနိုင်မှုဟာ ကြေညာချက်ထုတ်တဲ့အဆင့်သာလို့ သုံးသပ်ထားပါတယ်။

နေပြည်တော်မှာ ဒေါ်နယ်ထွန်းက နိုင်ဂျီးယားက ခရစ်ယန်ကိစ္စ ပြဿနာရှာချိန်မှာ ဒီကိစ္စနဲ့ပြဿနာရှာနိုင်တယ်ဆိုတာ တင်ပြပြီးသားပါ။ ဒါကြောင့် ဒီနှစ်ခရစ်စမတ်ကို မအလက သူကိုယ်တိုင်တက်ပြီး စည်းကားအောင်လုပ်ဖို့ ဒီပုံရိပ်ကို လော်ဘီတွေကတဆင့် အမေရိကန်ရောက်အောင်လုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်။

ဒါဆို ယခုမှဘာလို့ အရေးတကြီး အစည်းအဝေးခေါ်ရတာလဲ။ ခရစ်ယန်ဆိုရာမှာ ကရင်၊ ကရင်နီ၊ ချင်း၊ ကချင်အများစုက ခရစ်ယန်တွေပါ။ ဒါပေမယ့် စရဖရဲ့ အစီရင်ခံစာအရ ကရင်နဲ့ ကရင်နီဘာသာရေးက အင်္ဂလန်နဲ့ ပိုနွယ်ပြီး ကချင်နဲ့ ချင်းက ဘာသာရေးသမားတွေက အမေရိကန်မှာ ပိုပေါက်ရောက်ပြီး အစပိုင်းကြောက်ခဲ့တာက ကချင်က ခရစ်ယန်ခေါင်းဆောင်က မအလကဖိနှိပ်ကြောင်း ဒေါ်နယ်ထွန်းကို ပြောမှာပါ။ ဒေါ်နယ်ထွန်းက နိုင်ဂျီးရီးယားကိုပြောသလိုထလုပ်၊

ကချင်ကို လက်နက်ပေးရင် ပြဿနာတက်နိုင်တယ်ဆိုတာပါ။ ဒါပေမယ့် ဒီကိစ္စက လော်ဘီလိုမှာဖြစ်ပြီး ဒေါ်နယ်ထွန်းနားကို ပေါက်နိုင်ခြေနည်းတယ်လို့ ယူဆထားပါတယ်။

ယခု UFC လက်ဝှေ့ပွဲမှာ နိုင်သွားသူက မြန်မာအကြောင်းပြောလို့ ဒေါ်နယ်ထွန်းကလဲ UFC ပွဲကြည့်လို့ ဒီလူကို အိမ်ဖြူတော်ခေါ်တွေ့ရင် ဒေါက်တာဆာဆာကလဲ Joshua Van နဲ့သိလို့ နေပြည်တော်မှာ ဒီကိစ္စကို တုန့်ပြန်ဖို့ အရေးပေါ်အစည်းအဝေး လုပ်ရတာပါ။ အစည်းအဝေးကနေ အမေရိကန် လော်ဘီ ကုမ္ပဏီကတဆင့် ခရစ်စမတ်ကို မြန်မာပြည်မှာ စည်ကားကြောင်း ခရစ်ယန်တွေကို အကာအကွယ်ပေးကြောင်း လော်ဘီကို ယခင်ကထက် အဆတိုးလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒေါ်လာ သန်း ၂၀ အထိ သုံးဖို့လဲ ဘတ်ဂျက်ချထားပေးပါတယ်။

ဒါ့အပြင် ချင်းဘောမတွေကတဆင့် Joshua Van ကို ဆက်သွယ်ဖို့ ဖြစ်နိုင်ရင် မြန်မာပြည်ခေါ်ပြီး မြန်မာပြည်ရဲ့ ပြောင်းလဲလာမှုတွေကို ပြသဖို့လဲ စီစဉ်နေပါတယ်။ ယခု မအလတပ်ထဲမှာက ဒေါ်နယ်ထွန်းက မှန်းမရလို့ ယခင်ကထက် ပြင်ဆင်နေရတာတော့ အမှန်ပါ။

ဒါတွေကတော့ သတင်းအနေနဲ့ သိသင့်သူတွေသိအောင် တင်ပြလိုက်တာပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page