Myat Tun Oo
တပ်မတော်သားတွေ ဘယ်လမ်းကို ရွေးမလဲ?

ယခုအချိန်မှာ တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ဂျပန်နီးပါး ဖွံ့ဖြိုးတိုးတက်လာတာ တွေ့ရပါမယ်။ ကိုရီးယားကားကုမ္ပဏီတွေဖြစ်တဲ့ KIA ဟာ လျှပ်စစ်ကား Electric Vehicle တွေကို ထုတ်လုပ်နေသလိုHyundai ကလဲ ကမ္ဘာကို ထိုးဖောက်လာနေပါပြီ။ TV၊ ဖုန်းနဲ့ ရေခဲသတ္တာမှာလဲ Samsung၊ LG တို့ဟာနာမည်ကြီးပါ။ ဒါက ရုပ်ဝတ္ထုပိုင်းမှာ တိုးတက်မှုပါ။
Soft power လို့ခေါ်တဲ့ အနုပညာပိုင်းကိုကြည့်ရအောင်။ သူက ဂန်နန်စတိုင် Gangnam Style သီချင်းနဲ့ပေါက်ခဲ့ပြီး ရုပ်ရှင်မှာလဲ Crash Landing on You နဲ့ လူသိများလာခဲ့ပါတယ်။ စာရေးသူတို့ ငယ်စဉ်ကအာနိုးကားတွေသိခဲ့သလို အိန္ဒိယက အမိတာဘဂျမ်းကိုသိခဲ့သလိုပါ။ ယခုနောက်ဆုံး ကိုရီးယားကBTS ဂီတအဖွဲ့ဟာလဲ ကမ္ဘာကျော်သွားခဲ့ပါတယ်။
၁၉၆၁ မေ ၁၆ မှာ ဗိုလ်ချုပ် ပတ်ဂျုံဟီး Park Chung-hee က တောင်ကိုရီးယားမှာ အာဏာသိမ်းခဲ့ပါတယ်။ မြန်မာပြည်ထက် စောပါတယ်။ သူက ခြေဥမျိုးစုံနဲ့ ဆက်အုပ်ချုပ်ခဲ့ပါတယ်။ သူ့ခြေဥကိုဆန္ဒခံယူပွဲလုပ်ချိန်မှာလဲ သူအမြဲနိုင်ခဲ့ပါတယ်။ မဲခိုးလို့ပါ။ နောက်ဆုံး ၁၉၇၉ မှာ သူ့ကို သူ့ရဲ့ထောက်လှမ်းရေး KCIA ဒါရိုက်တာက လုပ်ကြံလို့ သေသွားခဲ့ပါတယ်။ ၁၉၇၉ မှာဘဲ နောက်ဗိုလ်ချုပ်ချမ်ဒူးဝမ်က အာဏာထပ်သိမ်းပြီး ၁၉၈၇ အထိ အုပ်ချုပ်ခဲ့ပါတယ်။ သူက နေဝင်းထံလာစဉ်အာဇာနည်ကုန်း ဗုံးပေါက်ခံခဲ့ရသူပါ။ သူ့ကို တက္ကသိုလ်ကျောင်းသားနဲ့ ပြည်သူ တစ်သန်းကျော်က ခြေဥပြင်ဖို့ ၁၉၈၇ မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ပထမ ပစ်မယ်လို့ ခြိမ်းခြောက်ပေမယ့် သူ့တပ်က မပစ်လို့ လိုက်လျောလိုက်ရပါတယ်။ ၁၉၈၈ ရွေးကောက်ပွဲမှာ ဘစိန်လို တပ်နောက်ခံသမ္မတက အရွေးခံခဲ့ရပေမယ့် ၁၉၉၃ ကစပြီး ဒီမိုစစ်စစ် သမ္မတတက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကစလို့ တိုးတက်လာခဲ့တာပါ။
မြောက်ကိုရီးယားကတော့ တံခါးပိတ်ပြီး ပြည်သူကိုနှိပ်စက်လို့ ဒုံးပျံထုတ်ပြီး ဗိုလ်ချုပ်ကြီးတွေချမ်းသာပေမယ့် ပြည်သူတွေမှာက ယခုအချိန်အထိ စားစရာမရှိ ဆင်းရဲနေကြပါတယ်။
ကိုရီးယားကနေ ဘာသင်ခန်းစာယူရမလဲ? တောင်ကိုရီးယားစစ်တပ်က ဗိုလ်ချုပ်ကြီးတွေဟာနောက်ဆုံးအချိန်အထိ ခြေဥမပြင်ဘဲ နည်းမျိုးစုံနဲ့ အုပ်ချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြည်သူက တကယ်တော်လှန်ချိန်မှာ သူ့လက်အောက်ကတပ်က မပစ်လို့သာ ဒီမိုကရေစီကို ရခဲ့တာပါ။
ပြည်သူကတော်လှန်တာရယ် တပ်ထဲကအောက်ခြေက အထက်ကဗိုလ်ချုပ်တွေသာ ချမ်းသာသွားပြီးအောက်ခြေမှာ ဆင်းရဲလာတာကို သိသွားကြတာလဲပါပါတယ်။ နောက်တောင်ကိုးရီးယားကအောက်ခြေ ဗိုလ်ကြီး ဗိုလ်မှူးတွေဟာ အမေရိကန်စစ်တပ်နဲ့ နီးစပ်တာလဲ ပါပါတယ်။
မြောက်ကိုရီးယားကတော့ တံခါးပိတ်ခဲ့လို့ အုပ်ချုပ်သူလူနည်းစု ချမ်းသာပေမယ့် အများစု ပြည်သူတွေကတော့ စားစရာမရှိအောင် ဆင်းရဲခဲ့သလို ဆင်းရဲနေဆဲပါ။
မြန်မာပြည်ထဲက စာရေးသူတို့ ညီနောင် တပ်မတော်သားတွေ စဉ်းစားရမှာက တိုင်းပြည်ကို တောင်ကိုရီးယားလမ်းရွေးမလား မြောက်ကိုရီးယားလမ်းရွေးမလားပါ။ နိုဝင်ဘာ ၈ ရက်မှာ NLD ကို မဲပေးရင်တော့ ဦးအောင်ဇေယျ၏ စစ်ထွက်သစ္စာအတိုင်း ငါသည်လည်းကောင် ငါ၏ရန်သူသည်လည်းကောင်းသူခိုးမဟုတ်သော အမျိုးဘာသာ သာသနာကို အဓွန့်ရှည်အောင် စောင့်ရှောက်နိုင်သူသာလျှင် စစ်နိုင်မှာဖြစ်သလို ရွေးကောက်ပွဲနိုင်မှာပါလို့ ပြောပါရစေ။ သူခိုးတွေက ခိုးဖို့သာသိလို့ အမျိုး ဘာသာ သာသနာကို မစောင့်ရှောက်နိုင်ပါလို့ ညီနောင်တို့ကို ပြောပါရစေ။
Photo credit: Kyu Kyu Hla, Samsung, LG, KIA, Hyundai, BTS, Crash Landing on You, Gangnam Style