top of page
Search

စောင့်ကြည့်နေရင် ဆောင့်ကန်ခံရမယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 25, 2021
  • 1 min read

၁၉၈၈ အပြီးမှာ နဝတက ၁၉၉၀ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာတယ်။ ဒါနဲ့ စောင့်လိုက်ကြတယ်။ကျောင်းသားတွေက တောခိုတယ် ပါတီတွေက ရွေးကောက်ပွဲဝင်တယ်။ ၉၀ ပြီးတော့ ခြေဥဆွဲမယ်ပြောတယ်။ ထပ်စောင့်တယ်။ NLD ကအမာတွေကိုဖမ်းထားလိုက်တယ်။ ကျန်သူက တပ်ထွက်အများစု။ စာရေးသူတို့ကလဲ နောက်ပိုင်းကုလကိုစောင့်တယ်။ စင်ပြိုင်အစိုးရဖွဲ့တာက နောက်ကျခဲ့တယ်။

၂၀၂၁ မှာ ကောင်းတာက မအလက NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်အားလုံးကို ဖမ်းလိုက်တာ။ သူကDASSK ကို အမှုတွေအများကြီးစွဲတယ်။ ဒါကဘာပြသလဲဆိုတော့ အချိန်မစွဲဘဲ ပြည်သူတွေကို သူဘာလုပ်ချင်လဲ ပြလိုက်တာ။ နောက်လူတွေကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ပြလိုက်လို့ပြည်သူလူထုက သူ့ကိုအယုတ်တမာမှန်းသိသွားတယ်။ တွေဝေနေစရာ နောက်ဆန်တင်းစရာ မလိုတော့ဘူး။

ယခုအာဆီယံအပြီးမှာ နိုင်ငံတစ်ခုချင်းက ဘာညာလျှောက်ပြောနေပေမယ့် ကြေညာချက်မှာ DASSK နဲ့ သမ္မတဦးဝင်းမြင့်လွှတ်ပေးဖို့တောင် မပါလာပါဘူး။ သူက ဆန္ဒပြသူတွေကို အရှိန်လျှော့ခိုင်းဖို့အဓိကလိုဖြစ်နေတယ်။

ဒါဆိုရင် ဘာဆက်လုပ်မလဲ? အာဆီယံကိုပေးခဲ့တဲ့ကတိကို စမ်းသပ်လိုရင် ဆန္ဒထွက်ပြရပါမယ်။ ဒါကိုဘယ်လိုတုန့်ပြန်မလဲ တွေ့ရပါမယ်။ ထို့အတူ CDM သမားတွေကလဲ အရှိန်အဟုန်နဲ့ ဆက်လုပ်ရပါမယ်။ ငါတို့ကိုပစ်နေတာ ဆန္ဒထွက်ပြရမလားဆိုရင်တော့ အာဆီယံကိုပေးခဲ့တဲ့ ကတိတည်မတည် စမ်းတဲ့နည်းက ဒီတနည်းသာရှိပါတယ်။ မဟုတ်ရင် ဇတ်မျောဖြစ်သွားပြီး မအလက အချိန်ဆွဲသွားမှာပါ။

ဒီနေရာမှာ အရေးကြီးဆုံးအချက်က မအလကို ခုခံတိုက်ခိုက်နေတာတွေ ခုခံဖို့ စစ်သင်တန်းတက်နေတာတွေ တပ်ထဲက CDM လုပ်ဖို့ ကြိုးစားနေတာတွေကို အရှိန်အဟုန်နဲ့ ဆက်လုပ်နေဖို့ပါ။

စာရေးသူတို့အားလုံးဟာ မအလရဲ့ လှည့်ကွက်ထဲ ဝင်မသွားဘဲ မိမိတို့ လုပ်စရာရှိတာကို ဆက်လုပ်ဖို့ပါ။ တွေဝေနေရင် ကြာတတ်ပါတယ်။ ရဲမှ မင်းဖြစ်တာပါ။ စောင့်ကြည့်နေရင် ဆောင့်ကန်တာခံရပြီးဘဝပျက်မှာပါ။ ဒါ့ကြောင့်ရဲရဲဝံ့ဝံ့ တိုက်စရာရှိတာကိုသာ ဆက်တိုက်ကြပါလို့ ပြောပါရစေ။ နောက်ဆုံးက ပြည်သူသာအဓိကပါ။ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးရမှာပါ။ ပြည်သူကဆန္ဒပြမှ အာဆီယံကကူ ကုလက ကူလို့ရတာပါ။ ကြောက်ရင် တစ်သက်လုံး ဆက်ကြောက်သွားရပါလိမ့်မယ်။အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Apr 25, 2021

ဦးမြတ်!!! အနောက်ကမ္ဘာက လူတွေကို အရှေ့ခြမ်းက ငေးမောကြည့်ယူ သူတို့လို ဖြစ်ချင်ကြသူတွေချည်းပဲ။ မှန်သော သစ္စာ စကားပါ။

စကစ ရဲ့ သားသမီးများ အများစု အနောက်ကမ္ဘာမှာ ပညာရှာနေကြပါသည်။

~အနောက်ကမ္ဘာက လူတွေမှာ ဉာဏ်ရည်ကြွယ်ဝ ဖွံ့ဖြိုးမှု(I Q) နှင့်အတူ စာနာထောက်ထားမှု ( E Q) အပြည့်အဝ ရှိ ကြပါသည်။ ချမ်းသာ ဆင်းရဲ မခဲွဲခြား။ ဝကခ ကလည်း လမ်းဘေးကလူကို လူသားချင်းစာနာမှုဖြင့် အလေးဂရုပြုသောအားဖြင့် စိတ်ခွန်အားဖြစ်စေမည့် အပြုအမူများ(အနိမ့်ဆုံးအဆင့်အနေနဲ့)ပေးစွမ်းတတ်ကြပါသည်။

**ဘောသမား အကျော် ရွန်းနီ အာဖဂန်ဒုက္ခသယ်တွေအတွက် သိန်းချီပြီးလှူပါသည်။

**ပုဂံ -ချောက် ကားလမ်းဘေးက ရွာမှာ ရေခြားဒါဏ်ကို ခံနေရတာ မြင်တဲ့ အင်္ဂလန် မောင်နှံ နှစ်ဦး ရေတွင်း တူး၊ လှူခဲ့ပါသည်။

ဘာမဆိုင် မပတ်သက် ၊ လေညှာက နေသာပ။

သို့သော် သူတို့လည်း လူသားတွေပဲ သနားပါတယ်ဟူသော ငါစွဲ မပါသည့် ကြင်နာမှုပါ။

သူတို့ ချမ်းသာ တိုးတက်ခြင်း၏ အကြောင်းရင်းတစ်ရပ်ပါ။

သို့သော် ကျွန်တော်တို့ လူမျိုးကတော့ အရာရာ ငါ မပါ မပြီး ၊ ငါပါမှ ပြီး ဆိုသော ( E Q) ကတော့ မြင်တဲ့အတိုင်းပါ။ ဆောင်းပါးနှင့် ဆက်စပ်တင်ပြပါရစေ။

အသိဉာဏ်ပညာစွမ်းရည် မြင့်မားလွန်းလှသည့်

ပါရဂူ ေဒါက်တာဘွဲ့ရပညာရှင်များ(ဦးအောင်တိုးနှင့်အတူ)၂၀၀၈ ကြီးကို အပီအပြင်ရေးဆဲွဲပြီး နှပ် နေခဲ့ကြပါသည်။မနှပ်နေနိုင်ကြသော ပညာရှင်က ထောက်ပြတော့???

ငါနှင့်မတူ ငါ့ ရန်သူ။ ဇတ်လမ်းက စခဲ့ပါသည်။

I Q မြင့်ငြား E Q ခမ်းလေတော့ ပြည်သူပြည်သားအပေါင်း အကန်းဘဝ ရောက်ခဲ့ရပါသည်။ ကန်းတာမှ မျက်စေ့ရှိငြား ကြောင်တောင်ကန်း ဘဝပါ။ မပြောရဲ…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page