top of page
Search

ငရဲသားရဲ့ အလိမ်မခံရအောင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 18, 2020
  • 1 min read

ငရဲသား ခေါ် ရန်အောင်ဟာ လိုင်းပေါ်မှာ NLD ထောက်ခံသလိုလို တပ်ကိုဖာရေးသလိုလိုနဲ့ ခွထိုင်နေတာကြာခဲ့ပါပြီ။ သူက စာရေးသူအကြောင်းရေးလေ့ရှိတယ်လို့ပြောပါတယ်။ စာရေးသူက သူများရေးတာ ဖတ်လေ့ ရှယ်လေ့မရှိတော့ သူ့ကို တုန့်ပြန်ရေးလေ့မရှိပါ။ သူ့အကြောင်းလဲ မစုံစမ်းပါ။

မနေ့က စာရေးသူက “အာဏာဘယ်လိုသိမ်းရလဲ” ဆောင်းပါးရေးအပြီးမှာ သူက ဘာဖော်မယ် ညာဖော်မယ်ဆိုပြီး ခြိမ်းခြောက်သလိုရေးလို့ သူ့အကြောင်းကို ညတွင်းချင်း စုံစမ်းပြီးရေးလိုက်ရပါတယ်။ ရေးရတာက သူ့ရဲ့အလိမ်ကို အခြားလူများ မခံရအောင်ပါ။


သူဟာ Facebook မှာ ဒါရိုက်တာ Director of Marketing and Public Relation of Intelligent Molecules Co. Ltd ဆိုပြီးရေးထားပါတယ်။ သူ့ကုမ္ပဏီနာမည်က Intelligent Molecules Co. Ltd ပါ။ အဲ့ဒီကုမ္ပဏီရဲ့ဒါရိုက်တာတွေက ဦးမျိုးညွန့်၊ ဦးမျိုးသက်နဲ့ ဇော်လင်းအောင်တို့ပါ။ အဆိုပါကုမ္ပဏီရဲ့ လိပ်စာကမှတ်ပုံတင်မှာ စမ်းချောင်း မြေညီထပ်အမှတ် ၁၆၃ ပန်းလှိုင် (၄) လမ်းမှာပါ။ ဒီကုမ္ပဏီက ညီလေးဇော်လင်းအောင်က ယခင်က Access Spectrum Co. Ltd မှာ လုပ်ခဲ့ပြီး Access Spectrum က ၁၁/၅/၂၀၂၀ မှာဖျက်သိမ်းခဲ့ပါတယ်။ ယခု ရန်အောင်လုပ်နေတဲ့ Intelligent Molecules ကုမ္ပဏီကတော့ ၁၅/၆/၂၀၂၀ မှာနှစ်စဉ်ရှင်းတမ်းမတင်သေးလို့ သတိပေးခံထားရပါတယ်။


ယခုပြောချင်တာက ကုမ္ပဏီအကြောင်းမဟုတ်ဘဲ စာရေးသူကို ခြိမ်းခြောက်တဲ့ ရန်အောင်အကြောင်းပါ။ သူ့အမျိုးသမီးက မန္တလေးကသူနာပြု။ ရန်အောင်ဟာ အစိုးရအဖွဲ့က လူကြီးတွေနဲ့ဓာတ်ပုံတွဲရိုက်ပြီး ဟိုလူနဲ့ သိသလို ဒီလူနဲ့သိသလို စတိုင်ဖမ်းထားပါတယ်။ ပြီးရင်သူက ဖုန်းနံပတ်၀၉၇၉၃၈၈၈၇၆၇ ကိုသုံးပြီး ရိုးသားသူများထံက ဘာလုပ်ချင်ရင် ပိုက်ဆံဘယ်လောက်ပေးပါ သူကဘယ်သူနဲ့ပိုင်တယ်ဆိုပြီး တောင်းလေ့ရှိပါတယ်။ ပြီးရင်သူက ဘာကိစ္စမှ လုပ်ပေးနိုင်လေ့မရှိပါ။ သူ့ထံက ပိုက်ဆံပြန်တောင်းရင်လဲ သူကလူတွေကို စာရေးသူကို ခြိမ်းခြောက်သလို ဟန်နဲ့ ခြိမ်းခြောက်လေ့ရှိပါတယ်။ သူ့ရဲ့ အမွှာညီအစ်ကိုက ဗိုလ်မှူးကြီးဇော်မြင့်အေးဆိုပြီးလဲ ပြောတောင်းလေ့ရှိပါတယ်။ သူ့ရဲ့ပိုက်ဆံလိမ်တာခံရသူတွေက အများကြီးပါ။ အချို့က တပ်ကန်ထရိုက်လဲ ပါပါတယ်။ သူဟာ အကြီးစား လိမ်နေသူပါ။ ပြန်ရသူ ရှိပေမယ့် နည်းပါတယ်။ သူပိုက်ဆံချေးသူထဲမှာ စာရေးသူရေးမည့်သူများ ပါနေလားတော့ မသိပါ။


စာရေးသူကို တရားစွဲလဲ ၂၀၀၈ အရ အရပ်ဖက်တရားရုံးမှာ စွဲလို့မရပါ။ website ကလဲ အမေရိကန်မှာမိုလို့ သွားပြီးသာ ဦးတိုက်လျှောက်ပါ။ တပ်ကလဲ ကိုယ့်ရဲ့ တူ/တူမ နာမည်သိရုံနဲ့ ကိုယ့်ကို မသိပါ။ သိရင်လဲ စရဖက သိပြီးပါပြီ။ အဘကြီးကြီးတစ်ယောက်ကာနေလို့ လာမဖမ်းတာလို့မှတ်ပါ။


Best of luck ပါ ငရဲသား။ လူအချင်းချင်း လှည့်ပတ်ချင်း ကင်းရှင်းကြပါစေ။ ပြည်သူအများ ငရဲသားရဲ့ငွေအလိမ် မခံရပါစေနဲ့။ ကုမ္ပဏီအနေနဲ့လဲ မိမိထံမှာ အလုပ်လုပ်သူကို ဘယ်လိုလူလဲ လေ့လာပါ။ ငရဲသားအနေနဲ့ စာရေးသူကို ဘယ်သူလဲဆိုတာ သိအောင်စုံစမ်းသလို မိမိကုမ္ပဏီရဲ့ စာရင်းရှင်းတမ်းလေးကို အချိန်မှီတင်ပေးပါလို့ တိုက်တွန်းပါရစေ။ အချိန်မှီမတင်ရင် ကုမ္ပဏီမှတ်ပုံတင် အဖျက်ခံရပါမယ်။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

2 Comments


Sunny Aung
Sunny Aung
Jun 18, 2020

ငရဲမှာ သစ်ငုတ်ဖြစ်မယ့်ကောင်မျိုးပေါ့..


Like

Myint Soe Oo
Myint Soe Oo
Jun 18, 2020

ဦးမြတ် !


ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ

( သာသနာတော်)


အသေဝနာ စ. ဗာလာနံ

ပဏ္ဍိတာနဥ္စ. သေဝနာ


မြန်မာပြန်အနက်


လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့

မမှီဝဲနဲ့ ကင်းအောင်နေ။

ပညာရှိကို အရှည်တွဲလို့

မှီဝဲဆည်းကပ် နည်းယူစေ။


ဗုဒ္ဓဘုရားရှင်၏ သာသနာတော်

ရောင်နေဝါဖြာသို့

လင်းစေသော်။

ကျင့်သုံးသူသာ အရာရာ

ဘေးရန်ကင်း၍

အေး စေသည်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page