top of page
Search

ခွေးဟောင်တိုင်း ထကြည့်သင့်လား?

Writer's picture: Myat Tun OoMyat Tun Oo

ပုံမှန်မှာ ခွေးရဲ့အလုပ်က မဲမဲမြင်တိုင်း ဟောင်ဖို့ပါ။ သူက ဟောင်ပြနေမှသာ သူ့သခင်က ကြိုက်မှာပါ။

ဒီနေရာမှာ ခွေးကောင်းနဲ့ ခွေးရူးက ကွာခြားမှုရှိနေပါတယ်။ ခွေးကောင်းက ရန်သူမြင်ရင်သာ ဟောင်တတ်ပြီး မိတ်ဆွေဆိုရင် မဟောင်ပါ။ ခွေးကောင်းက မိမိသခင်ကို သိပါတယ်။

ခွေးရူးကတော့ အမှားအမှန်မသိတော့ပါ။ တွေ့ရာကို ဟောင်ပြီး လိုက်ကိုက်တတ်ပါတယ်။

စာရေးသူတို့အနေနဲ့ ခွေးဟောင်တိုင်း ထကြည့်စရာ မလိုပါဘူး။ ဒါပေမယ့် ခွေးရူးတို့သဘောအရခွေးရူးကိုက်ရင် သေတတ်ပါတယ်။

ဒါဆိုဘယ်လို လုပ်ရမလဲ? ခွေးရူးရန်က ကာကွယ်ဖို့ တတ်နိုင်ရင် ခွေးရူးရှိရာမသွားပါနဲ့။ ခွေးရူးကလိုက်ရင်တော့ ထွက်မပြေးဘဲ ခွေးရုးကို ပြန်ရိုက်ဖို့ လက်နက်ကို ရှာထားရပါမယ်။ ခွေးရူးတွေဟာ သူတို့ကိုက်တာကို ပြေးရင်ပိုလိုက်တတ်ကြပါတယ်။ သူတို့ကို ပြန်ရင်ဆိုင်ရင်တော့ ကြောက်ကြပါတယ်။

ပြည်သူတွေအနေနဲ့ကတော့ ခွေးရူးကိုရှောင်ပါ။ ဒါပေမယ့် ခွေးရူးက ကိုက်ဖို့ကြိုးစားရင်တော့ခွေးရုးကိုပြန်ရိုက်သတ်ဖို့ ပြင်ထားပါ။ ကာကွယ်ဆေးထိုးထားပါ။ ကချင်၊ ရခိုင်နဲ့ ရှမ်းက ခွဲထွင်လိုသူတိုင်းရင်းသားများလဲ ခွေးရူးသောင်းကျန်းချိန်မှာ မိမိတို့လိုတာရဖို့ ခွေးရူးကို ရင်ဆိုင်ဖို့ ပြင်ထားပါ။မြေပြန့်က ညီအစ်ကိုများကတော့ ခွေးရူးက ဆိုးလာရင် ရိုက်သတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

240 views1 comment

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

1 Comment


Myint Soe Oo
Myint Soe Oo
Jan 21, 2021

ဦးမြတ်!!ထရမ့်ကို အားကျသော ဆောင်းပါးမှာ~

အရမ်း ဆွဲ ဖြဲ

အန္တရာယ် မဲမဲကို

အရှိတရားကို သတိထားရပါမည်

လက်ပန်ပွင့်ချိန်မို့ ။ ။

ရေးသားခဲ့ပါသည်။

ခုကာလမှာ လက်ပန်ပင်မှာ ငုံရာမှ ဖူးလာကြပါပြီ။ မကြာမီ လက်ပန်

#နီနီအပွင့်များ ပွင့်ကြပါတော့မည်။ နယ်ဖက်တွေမှာတော့ ဆိုရိုးတရပ်ရှိပါသည်။

**လက်ပန်ပွင့်ချိန် ၊ ခွေးရူးချိန်**

ခုခါ ညနေပိုင်း တောလမ်းမှာ အညောင်းပြေ (စင်္ကြန်)လမ်းလျောက်တဲ့အခါ တုတ်ကို ဆောင်

လျောက်ကြသော ဆရာတော်ကြီးလည်းရှိကြပါသည်။ ခွေးရူးရန် ကြောက်သောကြောင့်။

အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page