top of page
Search

ခွေးကောက်ပွဲက ဘာထူးမလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 15, 2025
  • 1 min read

လူတွေမေးကြတာက မအလရဲ့ခွေးကောက်ပွဲက ဘာထူးမလဲ ဆိုတာပါ။ ခွေးကောက်ပွဲဖြစ်လို့ ဘယ်သူတက်လာတက်လာ ခွေးပဲဆက်ဖြစ်နေမှာပါ။ ဒါကတိုတိုနဲ့လိုရင်းကိုရှင်းပြတာပါ။

ဒါဆိုရင် ဘာလို့မင်းကခွေးကောက်ပွဲလို့ပြောတာလည်း ခွေးကောက်ပွဲက အရေးမကြီးဘူးလို့ပြောတာလဲ ဆိုသူများလည်းရှိနိုင်ပါတယ်။ ပထမဆုံးက ဒီတော်လှန်ရေးမှာ နိုင်ဖို့သေချာတာက မအလကရန်သူဖြစ်နေတယ်ဆိုတဲ့ အချက်ပါ။ ပုံမှန်ဆိုလို့ရှိရင် မအလဟာ ခွေးကောက်ပွဲကို လူတွေဇဝေဇဝါဖြစ်အောင်လုပ်လို့ရနိုင်ပါတယ်။ ဥပမာ NLDက ပြည်တွင်းကျန် လူကြီးတွေကို ခွေးကောက်ပွဲ ဝင်ခိုင်းတာ အမေစုကိုပြန်လွှတ်တာ သမ္မတကြီးဦးဝင်းမြင့်ကိုပြန်လွှတ်တာ သွားတွေ့ဆုံတာတွေ လုပ်ပြတာမျိုးတွေပေါ့။ ဒါပေမယ့် မအလက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ သူကထပ်တိုးပြီးတော့ သက်သက်ခိုင်တို့ကိုပါ သူ့ခွေးကောက်ပွဲ ဝင်မရအောင် ပိတ်လိုက်တာပါ။ သူ့ဘောမတဲ့ ပါတီတွေကိုဖျက်ပစ်တာကလည်း မအလရဲ့ နိုင်ငံရေး တော်မှုပါ။ ဒါက မအလကို ဖော်ရွှေလေးနဲ့ အားပေးချင်တဲ့ လက်ခုပ်တီးချင်တဲ့ အာဆီယံကိုလည်း လက်ခလယ်ထောင်ပြလိုက်တာပါ။ အာဆီယံကိုယ်စားလှယ်တွေဟာ သူတို့မလာခင်နဲ့ လာချိန်မှာ အမေစုနဲ့တွေ့ခွင့်တောင်းပေမယ့် မအလက အမြဲငြင်းပါတယ်။ ယခင် တရုတ်ကိုယ်စားလှယ်က တောင်း‌ ပေမယ့်ငြင်းပြီး ယခုအသစ်က မတောင်းဆို‌တော့ပါ။ ယခုနောက်ဆုံးလာချိန်မှာလည်း ထပ်ငြင်းခဲ့ပါတယ်။ ဒါကြောင့် အာဆီယံက ကြံဖန်အသိအမှတ်ပြုချင်ရင်တောင် ခွေးကောက်ပွဲကို အသိအမှတ်ပြုဖို့က အလွန်ခက်သွားခဲ့ပါပြီ။

ဒါဆိုရင်တရုတ်ကရော။ တရုပ်က မအလက ဆက်ပြီးအုပ်ချုပ်နိုင်ရင်၊ ရှမ်းမြောက်ကလမ်းတွေကို ကုန်သွယ်ရေးအတွက်ပြန်ဖွင့်ပေးနိုင်ရင်တော့ သူ့စီမံကိန်းတွေ အတိုက်အခိုက်မရှိလုပ်လို့ရရင်တော့ ခွေးကောက်ပွဲကတက်လာတဲ့ ခွေးသမ္မတကို ဆက်ဆံနိုင်ခြေရှိပါတယ်။ ဒါပေမဲ့ မေးခွန်းက မအလက တရုတ်လိုချင်သလို တည်ငြိမ်ရေးကိုလုပ်ပေးနိုင်မလားဆိုတာပါ။ အဖြေက မမြင်ပါဘူး။ တရုတ်ဟာ မအလကို ခွေးကောက်ပွဲလုပ်ရင်တောင် အားလုံးပါဝင်နိုင်အောင်လုပ်ပေးဖို့ အမြဲတောင်းဆိုနေခဲ့သူပါ။ ယခု မအလက တရုတ်ကို မင်းလုပ်ခိုင်းတာမလုပ်နိုင်ဘူးဆိုတာကို ပြသနေပါတယ်။

မအလရဲ့ခွေးကောက်ပွဲက ခွေးတွေသာတက်လာမှာဖြစ်ပြီး ဘာမှထူးမှာမဟုတ်ပါ။ ဒီခွေးကောက်ပွဲကို ဖျက်ပစ်နိုင်ရင်တော့ ပထမဆုံး အဆင်ပြေမှာဖြစ်ပြီး ခွေးကောက်ပွဲပြီးလည်း မအလမထိန်းချုပ်နိုင်အောင် ယခုအတိုင်းဆက်သွားထားနိုင်ရင် တရုတ်ဟာ မအလရဲ့အနေအထားကို ဆက်စဉ်းစားရမှာပါ။

ဒါကြောင့် ခွေးကောက်ပွဲဟာ ဘာမှမထူးတဲ့ ခွေးနေရာလုပွဲသာလို့ပြောပါရစေ။ ပြည်သူက ခွေးလေခွေးလွင့်တွေကို ရှင်းနိုင်အောင် ခွေးရူးကာကွယ်ဆေးထိုးပြီး ခွေးရှင်းလင်းရေးအဖွဲ့ကို ဆက်ထောက်ပံ့နိုင်အောင်သာ ကြိုးစားပေးပါလို့ ပြောပါရစေ။ မိမိကိုယ်တိုင် ခွေးရှင်းနိုင်ရင်တော့ ခွေးကိုက်ခံရတာကနေ သက်သာမှာပါ။ ခွေးက ငါ့မကိုက်သေးလို့ဆိုပြီး နေနေရင်တော့ သင်တို့လဲ ခွေးကိုက်တာ ခံရမှာပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page