top of page
Search

၈၈ကိုအမွတ္ရေစေသာဆူဒန္

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 10, 2019
  • 1 min read


ဆူဒန္ရဲ႕တပ္မေတာ္ဟာဒါဖိုး(Darfur)မွာေသာင္းက်န္းခဲ့ပါတယ္။ေတာင္ဆူဒန္ကလဲခရစ္ယန္အမ်ားစုေနၿပီးခြဲထြက္ခဲ့ပါတယ္။ေနရာတိုင္းမွာဆူဒန္တပ္ကလူ႔အခြင့္အေရးခ်ိဳးေဖာက္တယ္ဆိုၿပီးနာမည္ႀကီးခဲ့ပါတယ္။တပ္တစ္ခုလံုးမဟုတ္ဘဲ အျမန္ေထာက္ပံ့ေရးတပ္(Rapid Support Force) ဆိုတယ့္လံုထိန္းလိုတပ္မ်ိဳးကအဓိကက်ဴးလြန္ပါတယ္။

သူကစစခ်င္းေတာင္ဆူဒန္မွာက်ဴးလြန္ပါတယ္။ဆူဒန္ျပည္သူျပည္သားေတြကမူဆလင္မိုလို႔ငါတို႔နဲ႔မဆိုင္ဘူးဆိုၿပီးလႊတ္ထားခဲ့ပါတယ္။ေတာင္ဆူဒန္ကခရစ္ယန္ကိုးကြယ္ပါတယ္။ေနာက္ဒါဖိုးမွာက်ဴးလြန္ပါတယ္။ဒါကေတာ့ဘာသာတူလာေပမယ့္မိမိၿမိဳ႕မွာလုပ္တာမဟုတ္လို႔လႊတ္ထားပါတယ္။အဲ့ဒီအခ်ိန္မွာအိုင္စီစီကဆူဒန္အာဏာရွင္စစ္ေခါင္းေဆာင္ကိုဖမ္းဝရမ္းထုတ္ပါတယ္။အိုင္စီစီကတဆင့္ပါ။သူ႔ကိုသူ႔အိမ္နီးခ်င္းေတြကမဖမ္းပါ။တ႐ုတ္ကဗီတိုသံုးပါတယ္။

ဒီႏွစ္ဆန္းမွာေပါင္မုန္႔ေစ်းတက္ရာကစၿပီးဆႏၵျပရာကအာဏာရွင္ကိုထြက္ေပးဖို႔ဆႏၵျပပါတယ္။ႏွိမ္နင္းေပမယ့္ျပည္သူကဆႏၵဆက္ျပလို႔တပ္ကအာဏာရွင္အိုမာဘာရွားကိုဖမ္းၿပီးအာဏာသိမ္းပါတယ္။ဆႏၵျပသူေတြနဲ႔ညွိပါတယ္။ဆႏၵျပသူမ်ားကအရပ္သားအစိုးရဖြဲ႕ဖို႔သာေတာင္းဆိုပါတယ္။ေနာက္ဆံုးစပစ္ပါတယ္။ဆူဒန္တပ္တစ္ခုလံုးမဟုတ္ဘဲလံုထိန္းလိုအရန္တပ္ကပါ။Rapid Support Force လို႔ေခၚပါတယ္။ပစ္တာလူတစ္ရာေလာက္အနည္းဆံုးေသပါတယ္။

သူကသတင္းေထာက္ေတြကိုမေန႔ကဆႏၵျပသူေတြကအၾကမ္းဖက္လို႔ပစ္ရေၾကာင္းလိုက္ျပပါတယ္။ထိုအခ်ိန္မွာဘဲအဲ့ဒီလံုထိန္းတပ္ကေရာက္လာၿပီးကင္မရာေတြကိုရပ္ခိုင္းပါတယ္။

ဒီျပႆနာကဘာကိုျပလဲဆိုေတာ့အဖြဲ႕တစ္ခုမွာအမူအက်င့္ကိုျပင္ရခက္တယ္ဆိုတာျပပါတယ္။႐ိုင္းလာခဲ့ရင္ခ်က္ျခင္းယဥ္ေက်းဖို႔မျဖစ္ႏိုင္တာေတြ႕ရပါတယ္။တံငါနားနီးတံငါဆိုသလိုေပါ့။

ျပည္သူေတြအေနနဲ႔လဲဘာသာျခား၊ေနာက္လူမ်ိဳးမတူလို႔လႊတ္ထားရာကေနမိမိၿမိဳ႕ေပၚမွာလာပစ္မွျပန္တိုက္ဖို႔စီစဥ္ရာမွာေနာက္က်သြားတာေတြ႕ရပါတယ္။

စာေရးသူတို႔ျပည္သူေတြအေနနဲ႔လဲဆူဒန္ကိုၾကည့္ၿပီးျပင္ဆင္ထားသင့္သလိုလက္ရွိဒီမိုအစိုးရအေနနဲ႔လဲျပင္ထားသင့္ပါတယ္။ရန္သူဟာစနစ္ေဟာင္းကိုတမ္းတတတ္သလိုကေလးေတြဟာ႐ိုက္မယ္လို႔ေျပာမွအသိဉာဏ္မဖြင့္ၿဖိဳးေသးခင္နားေထာင္ပါမယ္။ဆုေပးဒဏ္ေပးစနစ္ေလးကိုျပင္ထားပါ။

Unicode version

၈၈ကိုအမှတ်ရစေသောဆူဒန်

ဆူဒန်ရဲ့တပ်မတော်ဟာဒါဖိုး(Darfur)မှာသောင်းကျန်းခဲ့ပါတယ်။တောင်ဆူဒန်ကလဲခရစ်ယန်အများစုနေပြီးခွဲထွက်ခဲ့ပါတယ်။နေရာတိုင်းမှာဆူဒန်တပ်ကလူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီးနာမည်ကြီးခဲ့ပါတယ်။တပ်တစ်ခုလုံးမဟုတ်ဘဲ အမြန်ထောက်ပံ့ရေးတပ်(Rapid Support Force) ဆိုတယ့်လုံထိန်းလိုတပ်မျိုးကအဓိကကျူးလွန်ပါတယ်။

သူကစစချင်းတောင်ဆူဒန်မှာကျူးလွန်ပါတယ်။ဆူဒန်ပြည်သူပြည်သားတွေကမူဆလင်မိုလို့ငါတို့နဲ့မဆိုင်ဘူးဆိုပြီးလွှတ်ထားခဲ့ပါတယ်။တောင်ဆူဒန်ကခရစ်ယန်ကိုးကွယ်ပါတယ်။နောက်ဒါဖိုးမှာကျူးလွန်ပါတယ်။ဒါကတော့ဘာသာတူလာပေမယ့်မိမိမြို့မှာလုပ်တာမဟုတ်လို့လွှတ်ထားပါတယ်။အဲ့ဒီအချိန်မှာအိုင်စီစီကဆူဒန်အာဏာရှင်စစ်ခေါင်းဆောင်ကိုဖမ်းဝရမ်းထုတ်ပါတယ်။အိုင်စီစီကတဆင့်ပါ။သူ့ကိုသူ့အိမ်နီးချင်းတွေကမဖမ်းပါ။တရုတ်ကဗီတိုသုံးပါတယ်။

ဒီနှစ်ဆန်းမှာပေါင်မုန့်စျေးတက်ရာကစပြီးဆန္ဒပြရာကအာဏာရှင်ကိုထွက်ပေးဖို့ဆန္ဒပြပါတယ်။နှိမ်နင်းပေမယ့်ပြည်သူကဆန္ဒဆက်ပြလို့တပ်ကအာဏာရှင်အိုမာဘာရှားကိုဖမ်းပြီးအာဏာသိမ်းပါတယ်။ဆန္ဒပြသူတွေနဲ့ညှိပါတယ်။ဆန္ဒပြသူများကအရပ်သားအစိုးရဖွဲ့ဖို့သာတောင်းဆိုပါတယ်။နောက်ဆုံးစပစ်ပါတယ်။ဆူဒန်တပ်တစ်ခုလုံးမဟုတ်ဘဲလုံထိန်းလိုအရန်တပ်ကပါ။Rapid Support Force လို့ခေါ်ပါတယ်။ပစ်တာလူတစ်ရာလောက်အနည်းဆုံးသေပါတယ်။

သူကသတင်းထောက်တွေကိုမနေ့ကဆန္ဒပြသူတွေကအကြမ်းဖက်လို့ပစ်ရကြောင်းလိုက်ပြပါတယ်။ထိုအချိန်မှာဘဲအဲ့ဒီလုံထိန်းတပ်ကရောက်လာပြီးကင်မရာတွေကိုရပ်ခိုင်းပါတယ်။

ဒီပြဿနာကဘာကိုပြလဲဆိုတော့အဖွဲ့တစ်ခုမှာအမူအကျင့်ကိုပြင်ရခက်တယ်ဆိုတာပြပါတယ်။ရိုင်းလာခဲ့ရင်ချက်ခြင်းယဉ်ကျေးဖို့မဖြစ်နိုင်တာတွေ့ရပါတယ်။တံငါနားနီးတံငါဆိုသလိုပေါ့။

ပြည်သူတွေအနေနဲ့လဲဘာသာခြား၊နောက်လူမျိုးမတူလို့လွှတ်ထားရာကနေမိမိမြို့ပေါ်မှာလာပစ်မှပြန်တိုက်ဖို့စီစဉ်ရာမှာနောက်ကျသွားတာတွေ့ရပါတယ်။

စာရေးသူတို့ပြည်သူတွေအနေနဲ့လဲဆူဒန်ကိုကြည့်ပြီးပြင်ဆင်ထားသင့်သလိုလက်ရှိဒီမိုအစိုးရအနေနဲ့လဲပြင်ထားသင့်ပါတယ်။ရန်သူဟာစနစ်ဟောင်းကိုတမ်းတတတ်သလိုကလေးတွေဟာရိုက်မယ်လို့ပြောမှအသိဉာဏ်မဖွင့်ဖြိုးသေးခင်နားထောင်ပါမယ်။ဆုပေးဒဏ်ပေးစနစ်လေးကိုပြင်ထားပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page