သင်္ဘောနဲ့ လေယာဉ်တွေ တကယ်ထိလား?

မအလက ခွေးတုသမ္မတလုပ်ချိန် သူ့ဘောမမီဒီယာက လေသံလွှင့်တာက တိုက်ပွဲတွေ နိုင်နေပြီ၊ အညာကို ပြန်စိုးမိုးမယ်၊ ရခိုင်ကို ပြန်သိမ်းမယ်ဆိုတာပါ။ ဒါ့အပြင် အာဏာရှင် အာဆီယံနဲ့ ရုရှားဘာညာ သွားပြပြီး အဘကို အသိအမှတ်ပြုပြီ ဘာညာဆိုပြီး ဂုဏ်ဆာပြခဲ့တာ အားလုံး သတိထားမိမှာပါ။
ဒါပေမယ့် မြေပြင်က အခြေအနေက ဝေဟင်နဲ့ ကွာနေတာက အမှန်ပါ။ ရဲဝင်းဦးဟာ မအလ တပ်ချုပ်လုပ်ချိန်က အဆုံးအဖြတ်မပေးဘဲ ဟန့်သလို ထားခဲ့တဲ့ အမှုတွေ၊ အထူးသဖြင့် မိုးမြင့်ထွန်း အယူခံဝင်တာမျိုး၊ လောက်ကိုင် လက်နက်ချ သေဒဏ်ပေးတာမျိုးတွေကို နှစ်လျှော့တာ၊ သေဒဏ်က လွတ်ငြိမ်းခွင့်ပေးတာတွေကို စလုပ်ပါတယ်။ မအလဟာ တပ်ထဲမှာ သူ့ဩဇာရှိတာကို ပြလိုလို့ ဘီဘီစီကနေ သူ့ထံကို ရဲဝင်းဦးလာတွေ့တာ ဘာညာကို သတင်းအနေနဲ့ ထုတ်ပြန်ပြီး တပ်ထဲကို ဟန့်ပေမယ့် ရဲဝင်းဦးကလည်း သူ့လူတွေကို ဗျူဟာမှူး၊ တပ်မမှူးတွေ စခန့်နေပါပြီ။
ထုံးစံအတိုင်း စစ်ပွဲနိုင်နေရင် ပြဿနာမရှိပေမယ့် စစ်ရှုံးရင် အပြစ်တင်တာတွေက စလာပါတယ်။
ပထမက ဗန်းမော်ကို သင်္ဘောတွေနဲ့ စစ်ကူရိက္ခာပို့တာပါ။ ကြားက ဖြတ်တိုက်နိုင်တယ်ဆိုတာ သိလို့ ပြင်ဆင်ပြီး ကာစစ်ပုံစံနဲ့ ရေကြောင်းက ချီခဲ့တာပါ။ ဒါပေမယ့် KIA နဲ့ PDF တွေက ပစ်တယ်ဆိုတဲ့ သတင်းတွေ တက်ချိန်မှာ အထက်ကို တင်ပြတာက ရန်သူကို ချေမှုန်းနိုင်ခဲ့ပြီး ဗန်းမော်ကို ရောက်တယ်ဆိုတာပါ။ ဒီအတွက် အမည်မဖော်လိုသူက ဘီဘီစီကို သတင်းပေးသလိုလည်း တင်ပြခဲ့ပါတယ်။ ဒါပေမယ့် သင်္ဘောတွေ မီးလောင်တာ၊ တပ်မိသားစုတွေ လက်နက်ချတာတွေ မြင်ရချိန်မှာ ရဲဝင်းဦးက နောက်ရေယာဉ်တန်းကို ရေတပ်က ဦးဆောင်ပြီး လေတပ်က ကာကွယ်ပေးဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဗန်းမော်တပ်ထဲက ကျန်ခဲ့သူတွေထံ သူတို့မိသားစုက ဖုန်းမခေါ်နိုင်အောင် ဖုန်းတွေ သိမ်းထားခဲ့ပါတယ်။ ရဲဝင်းဦး စိုးရိမ်တာက အဖမ်းခံရသူ တပ်မိသားစုတွေက ဗန်းမော်တပ်ထဲက သူတို့မိသားစုတွေကို ထွက်ပြေးခိုင်း၊ လက်နက်ချခိုင်း၊ ပုန်ကန်ခိုင်းမှာ စိုးလို့ပါ။ သင်္ဘောတွေ ပစ်ခတ်ရှင်းလင်းခံရတဲ့ ဗီဒီယိုတွေ တက်လာချိန်မှာတော့ နေပြည်တော်မှာ တိတ်ဆိတ်သွားခဲ့ပါတယ်။
ဒီကြားထဲ ရဲဝင်းဦး ရင်ဆိုင်နေရတာက ပစ. အသစ်ပြဿနာပါ။ မြို့ပေါ်က ထိန်းချုပ်နေရာမှာ စစ်မှုထမ်းအရွယ် အမျိုးသားတွေ နည်းလာလို့ နိုင်ငံခြားရောက်သူကို မိဘတွေ အဖမ်းပြ ဖိအားပေး ပြန်ခေါ်မလား၊ လက်ရှိ အစိုးရဝန်ထမ်း အမျိုးသားတွေကို စစ်မှုထမ်းခိုင်းမလား၊ ဒါမှမဟုတ် အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်မလား စပြီး စဉ်းစားနေရပါပြီ။
ဒါ့အပြင် ရခိုင်စစ်မျက်နှာ ထိုးစစ်က မအလအလိုကျ တိုက်စစ်ဆင်ပြပေမယ့် ထင်သလောက် မတိုးပေါက်နိုင်ဘဲ အသေအပျောက်များနေခဲ့ပါတယ်။
ဒါတွေက မြန်မာပြည်မမှာ မဟုတ်လို့ မအလက ပြည်မကို ထိန်းထားနိုင်သလို ထင်နိုင်စရာ ရှိပါတယ်။ တံတားဦးကိစ္စက NUG/PDF ရဲ့ လုပ်ဆောင်ချက်ကို လက်တွေ့ ပြသွားခဲ့ပါတယ်။ အတိုက်ခံရအပြီး အထက်ကို တင်ပြရာမှာ ကျော်မျိုးမင်း ပြောသလိုနီးပါး ဒရုန်းတွေက ပစ်မှတ်မထိဆိုပြီး ကြေးနန်းနဲ့ တင်ပြပေမယ့် မကြာခင် ဗီဒီယို ထပ်ထွက်လာချိန်မှာတော့ အစပိုင်း တိုက်တာက ပစ်မှတ်မထိပေမယ့် ဒုတိယလာတဲ့ ဒရုန်းအုပ်စုက ဒရုန်းကာကွယ်ရေးစနစ်ကို ကျော်ဖြတ် ဝင်ရောက်လာပြီး လေယာဉ် လေးစီး ပျက်ဆီးသလို လေယာဉ်မောင်း ဗိုလ်ကြီးနဲ့ ဗိုလ်တို့လည်း ဒရုန်းထိမှန် သေဆုံးခဲ့ပါတယ်လို့ ထပ်တင်ပြခဲ့ပြန်ပါတယ်။
ဒါက ဘာကို ပြသလဲဆိုရင် NUG/PDF မှာ စစ်ရေးအရ တရုတ်အကျိုးစီးပွားမှသည် ဘစိုင်းပွဲ၊ အောင်ဇေဗ္ဘူပွဲအထိ ဖျက်လိုရင် ဖျက်လို့ရပေမယ့် NUG ဟာ စစ်ရေးပစ်မှတ်ကိုသာ ထိခိုက်အောင် အမေရိကန်၊ နေတိုးတပ်၊ အင်္ဂလိပ်တပ်ထက် သိသိသာသာ စစ်ရေးပစ်မှတ်သာ ရွေးချယ် တိုက်ခိုက်သွားတယ်ဆိုတာပါ။ NUG ဟာ ယူကရိန်းလိုတောင် အခြားပစ်မှတ်တွေကို မရွေးသေးပါဘူး။
ပြည်သူတွေအနေနဲ့လည်း NUG/PDF အတွက် PRF အဖွဲ့ဝင်ပြီး ဆက်တိုက် ပွဲဝင်ပေးကြပါ။ ငွေရှိမှသာ စစ်တိုက်လို့ရမှာပါ။ အခြား ဒေသစွဲအဖွဲ့တွေ၊ ကွန်မြူနစ်အဖွဲ့တွေမှာ ငွေအကုန် မခံပါနဲ့။ မအလ ရုရှား၊ တရုတ်၊ အာဆီယံနဲ့ တွေ့သလို ဆီးရီးယားက အာဆတ်လည်း တွေ့ခဲ့တာပါပဲ။ ဒါက ပြဿနာမရှိပါ။ NUG က ယခုလို စစ်ဆင်ရေးမျိုး များများ လုပ်ပြနိုင်ရင် တရုတ်ကလည်း သူ့သံတမန် မလာခင် NUG ကို မပစ်ဖို့ ယူကရိန်းမှာလို အသိအမှတ်ပြုခွင့် တောင်းရမှာပါ။ ပြည်သူကတော့ PRF ကနေသာ NUG အောက်က PDF ကို များများ လှူပေးကြပါ။ မအလ မအောင်နိုင်တာကတော့ သေချာသွားခဲ့ပါပြီ။


Comments